မဲခေါင်၊ ဧပြီ ၁၉
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေသလူထုနဲ့အတူ DPLF ရဲဘော်များနဲ့အတူ ပူပေါင်းပြီး ရွာချင်းဆက်လမ်း၊ ရွာတွင်းလမ်းတွေကို ပြုပြင်ပေးခဲ့တာလို့ သိရပါတယ်။
PDLF ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဓနုဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ မဟာမိတ်တပ်ဖွဲ့တွေ ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ပါဝင်တိုက်ခိုက်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
MK 011