ဒေသတွင်းသတင်း

တောင်ကြီး ပတ်စ်ပိုစ့်ရုံးမှာ တိုကင် ထုတ်မပေးတော့ဘဲ ပတ်စ်ပိုစ့် ပြုလုပ်သူတွေကို ငွေကျပ် ၃ သိန်း တောင်းခံနေ

မဲခေါင် 28 Dec - 2023
ရှမ်းပြည်နယ်တောင်ကြီးမြို့၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပတ်စ်ပိုစ့်ရုံး)မှာ ဂိတ်ပေါက်စောင့်တဲ့ ရုံးဝန်ထမ်း ၂ ဦးက ပတ်စ်ပိုစ့် လာရောက် ပြုလုပ်သူ အယောက်စီတိုင်းကို ငွေကျပ် ၃ သိန်း တောင်းခံခဲ့တယ်လို့ ပွဲစားနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပတ်စ်ပိုစ့်ရုံး)မှာ ဂိတ်ပေါက်စောင့်တဲ့ ရုံးဝန်ထမ်း ၂ ဦးက ပတ်စ်ပိုစ့် လာရောက် ပြုလုပ်သူ အယောက်စီတိုင်းကို ငွေကျပ် ၃ သိန်း တောင်းခံခဲ့တယ်လို့ ပွဲစားနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မနေ့ (ဒီဇင်ဘာ ၂၇) မနက်ပိုင်းလောက်က ပတ်စ်ပိုစ့် ပြုလုပ်သူ ၇ ဦးကို တောင်းခံခဲ့တာ ဖြစ်ပြီး ၃ သိန်းကျပ် မပေးသူတွေကို ရုံးထဲ ဝင်ခွင့် မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ပတ်စ်ပိုစ့် ကိုယ်တိုင်ပြုလုပ်သူ တစ်ဦးက “အိမ်ထောင်စုနဲ့ မှတ်ပုံတင်ပေး ဆိုပြီး အတင်းတောင်းတယ်။ ပတ်စ်ပိုစ့် လုပ်မယ်ဆိုရင် ၃ သိန်းပေးရမယ်။ မပေးနိုင်ရင် ပြန်လို့ ပြောတယ်။ ပေးမယ်ဆိုရင် ရုံးထဲဝင်ပြီး ချက်ချင်း လုပ်ပေးမယ်။ လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ဘာမှကို ထပ်မမေးတော့ဘူး။ အရင်ဆုံး ရုံးထဲဝင်ပြီး မေးကြည့်ဦးမယ် ဆိုလည်း လက်မခံဘူး။ ပွဲစားတော့ မဟုတ်ဘူး သေချာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အရပ်ဝတ် အမျိုးသား ၄ ဦးကလည်း ရဲ ဖြစ်တယ်လို့ ဆိုကာ ဂိတ်စောင့်ဝန်ထမ်းတွေ ဘက်ကနေ ကူညီပြီး ခြိမ်းခြောက် ငွေတောင်းခံပေးခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

ပတ်စ်ပိုစ့် ပြုလုပ်သူတွေကို စက်တင်ဘာလ ၂၇ ရက်ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ တိုကင်တွေ ထုတ်ပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ပွဲစားတွေပါမှ လုပ်ခွင့်ရတော့တယ်လို့ ဆိုပါတယ်။

ပတ်စ်ပိုစ့် ပြုလုပ်သူ နောက်တစ်ဦးကလည်း “မိုက်ကြေးခွဲပြီး တောင်းနေတာ။ တကယ်ရဲလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကိုယ်က အရေးတကြီး လိုနေတာဆိုတော့လည်း ပေးလိုက်ပါတယ်။ မတတ်နိုင်ဘူးလေ ပွဲစားနဲ့လုပ်လည်း ဒီလောက် ကုန်ရမှာပဲ” လို့ ပြောပါတယ်။

ရုံးဝန်ထမ်းတွေ အနေနဲ့ အောက်တိုဘာ နောက်ဆုံးပတ်မှာ တိုကင် ယူထားသူတွေကိုလည်း အချိန်ဆွဲတာတွေ ပြုလုပ်နေပြီး ဒီနေ့ (ဒီဇင်ဘာ ၂၈) အထိ ပတ်စ်ပိုစ့် မရသေးတဲ့ လူတွေလည်း ရှိတယ်လို့ စုံစမ်း သိရပါတယ်။

လတ်တလောမှာ ပတ်စ်ပိုစ့် ပြုတဲ့ငွေကြေး အမြောက်အမြား ကုန်ကျနေတဲ့အပြင် ပြည်ပရောက် မြန်မာလုပ်သားတွေကိုလည်း ဝင်ငွေခွင့်ရဲ့ ၂ ရာခိုင်နှုန်း ပေးဆောင်မှသာ ပတ်စ်ပိုစ့် သက်တမ်း တိုးခွင့်ရမယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတယ်လို့ သိရပါတယ်။

CJ-007

#MeKongNews

#တောင်ကြီး

#ပတ်စပို့

#တောင်းခံ

#သုံးသိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now