ဒေသတွင်းသတင်း

တောင်ကြီးမြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ် ဆက်ကြေးအကောက်ကြမ်းလို့ ‌‌ဒေသခံတွေ ဒုက္ခ‌ရောက်

မဲခေါင် 24 Jul - 2023
မဲခေါင်၊ ဇွန်လိုင် ၂၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်တွေဟာ အရင်လတွေထက် အခု ဇူလိုင်လထဲမှာ ဆက်ကြေး ပိုပြီး ကောက်ခံလာတယ်လို့ မြို့နေပြည်သူတွေက ‌ပြောပါတယ်။

မဲခေါင်၊ ဇွန်လိုင် ၂၄

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်တွေဟာ အရင်လတွေထက် အခု ဇူလိုင်လထဲမှာ ဆက်ကြေး ပိုပြီး ကောက်ခံလာတယ်လို့ မြို့နေပြည်သူတွေက ‌ပြောပါတယ်။

လက်ရှိ ဆက်ကြေးကောက်ခံနေတဲ့ ဂိတ်တွေထဲမှာ စစ်ကောင်စီ ဂိတ်တွေအပြင် ပအိုဝ်းပြည်သူ့စစ်-PNA ရဲ့ ဂိတ်တွေလည်း ပါဝင်နေပြီး တစ်ခေါက်ကို ၁,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်အထိ ပေးဆောင်ရတာကြောင့် စားဝတ်နေရေး ခက်ခဲလာတယ်လို့ ကိုယ်တိုင် တွေ့ကြုံနေရတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“စစ်တပ်ဂိတ်တွေလည်း ပေးရတယ်။ PNA ဂိတ်က ပိုဆိုးတယ်။ သူက မရှိဘူးပြောလည်း မရှိရှိတာ ပေးရတာ။ ကျနော်တို့ ရောင်းတဲ့ဟာထဲက ဖျော်ရည်ပါရင် ဖျော်ရည်ပေးခဲ့ရတာ။ ကံစမ်းမဲ ဖောက်ပေးတဲ့ ဗလာစာအုပ်ဆိုလည်း ပေးခဲ့ရတာပဲ။ ဘာမှမပေးရင် ဘယ်မှသွားလို့ မရဘူး” လို့ သူကပြောပါတယ်။

ကုမ္ပဏီဝန်ထမ်းတွေ အနေနဲ့ နေ့စဉ် ၃,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်ကြား ပေးဆောင်နေရတဲ့အပြင် ဖြတ်ပိုင်းတွေ ပြန်မရတာကြောင့် ကုမ္ပဏီဘက်က ပြန်ပေးတာလည်း မရှိဘူးလို့ သူက ဆက်ပြောပြပါတယ်။

ဒါ့အပြင် ကုမ္မဏီ အရောင်းကားတွေနဲ့ လိုင်စင်မဲ့ကားတွေလည်း ငွေကျပ် သောင်းဂဏန်းအထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။

စားသုံးဆီကုမ္ပဏီ တစ်ခုရဲ့ အရောင်းဝန်ထမ်း တစ်ဦးက “ဂိတ်တစ်ခုကို အနည်းဆုံး ၁,၀၀၀ လောက်ကုန်နေတာလေ။ ဖြတ်ရတဲ့ ဂိတ်တွေက နည်းမှ မနည်းတာ။ ကုမ္ပဏီဘက်ကတော့ ပြန်ပေးမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါမျိုးက ဖြတ်ပိုင်းလည်း ပြလို့မရဘူးလေ။ ရေရှည် တောင့်ခံနိုင်ဖို့က မလွယ်ဘူး” လို့ ပြောပါတယ်။

တောင်ကြီးမြို့အဝင် စစ်ဆေးဆေးရေးဂိတ်တွေဟာ အေးသာယာ(ထုံးဖို)၊ ဇလဲကျေးရွာ၊ ဟိုပုံး-တောင်ကြီး လမ်းမပေါ်က ၂ မိုင်၊ တံတားမီးလောင်-PNA ဂိတ်၊ မြို့ရှောင်လမ်း၊ ကံကြီးရပ်ကွက်-မီးရထားသံလမ်း၊ ဘုရားဖြူ-ဂျာမဏီလမ်း စသဖြင့် ဂိတ် ၇ ခုရှိပြီး ဂိတ်အကုန်လုံးက ဆက်ကြေး ကောက်ခံကြတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။

CJ-007

#MekongNews

#တောင်ကြီးမြို့

#ဆက်ကြေး

#ပအိုဝ်းပြည်သူ့စစ်(PNA)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now