ဒေသတွင်းသတင်း

တောင်ကြီးမြို့မှာ ညအချိန် အုပ်စုဖွဲ့ ခြိမ်းခြောက် လုယက် ငွေတောင်းသူတွေ သောင်းကျန်းနေ

မဲခေါင် 2 Dec - 2023
ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ တန်ဆောင်တိုင် ကာလအပြီး အုပ်စုဖွဲ့ ခြိမ်းခြောက် လုယက် ငွေတောင်းသူတွေ သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ တန်ဆောင်တိုင် ကာလအပြီး အုပ်စုဖွဲ့ ခြိမ်းခြောက် လုယက် ငွေတောင်းသူတွေ သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့၊ တန်ဆောင်တိုင် လပြည့်ည ပန့်သကူ ကောက်တာ အကြောင်းပြုပြီး လမ်းမပေါ် သွားလာနေတဲ့ ကားတွေကို အော်ဟစ်ဆဲဆို ငွေတောင်းတာ၊ ကားမှန်တွေ ရိုက်ခွဲတာ၊ ဆိုင်ကယ်တွေကို အုပ်စုဖွဲ့ လမ်းပိတ် ခြိမ်းခြောက် လုယက်ရာက ဒီကနေ့ အထိ သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

“တန်ဆောင်တိုင် ပွဲပြီးတော့ ကျန်ခဲ့တာနေမှာ။ အဓိကတော့ ခိုးဆိုးလုနှိုက်တွေ။ နောက်ပြီး မအလ (မင်းအောင်လှိုင်) အစီအစဉ်နဲ့ ပွဲကြည့်ဖို့ တစ်ရက် တစ်သောင်းနဲ့ လွှတ်ထားတဲ့ မဘသ အဖွဲ့ဝင်တွေ။ သူတို့တွေ ကျူးလွန်နေတာ” လို့ တောင်ကြီးမြို့ခံ တစ်ဦးက ပြောပါတယ်။

အဲဒီ ခြိမ်းခြောက် ငွေတောင်း လုယက်နေတဲ့ အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး တစ်လျှောက်၊ အရှေ့မြို့ပတ်လမ်း စစ်တပ်ဝင်း အနီးနဲ့ လူပြတ်တဲ့ လမ်းကြိုလမ်းကြားတွေမှာ စောင့်ဆိုင်း လှုပ်ရှားလေ့ရှိပြီး တစ်ချို့ ညတွေမှာ နေရာအပြောင်းအလဲ လုပ်ကြတယ်လို့ သိရပါတယ်။

“ပန့်သကူ ပစ်တဲ့ညက အရမ်းသောင်းကျန်း နေတာ။ ကိုယ်တိုင်တောင် ပြေးနိုင်လို့ လွတ်လာတာ။ ကြည့်လိုက်တော့လည်း ရုပ်ခံတွေက မြို့ခံတွေနဲ့ မတူဘူး။ အခုလည်း တချို့ညတွေမှာ တွေ့နေရတယ်။ ညအချိန်မတော် လူပြတ်တဲ့ လမ်းကြားတွေ မသွားဖို့ သတိပေးချင်တယ်” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တောင်ကြီးမြို့ခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တန်ဆောင်တိုင်ပွဲအပြီး တောင်ကြီးမြို့မှာ ညဘက် ဆိုင်ကယ် ပျောက်ဆုံးမှုတွေ ပိုများလာပြီး မြို့မဈေး တစ်ဝိုက်မှာ ခါးပိုက်နှိုက်တာတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး တောင်ကြီးမြို့မှာ ခိုးမှု၊ လုယက်၊ လိမ်လည်မှု၊ အနုကြမ်းစီးမှုတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူတာ နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

CJ-007

#MeKongNews

#တောင်ကြီးမြို့

#မဘသ

#တန်ဆောင်တိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now