မဲခေါင်၊ ဧပြီ ၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်က မိုင်းဆတ်မြို့အထွက် စန်းလုကျေးရွာမှာ ဧပြီလ ၂ ရက် မနက်ပိုင်းက မီးလောင်လို့ အိမ်ခြေ ၁၇ လုံးနဲ့ ဘုရားကျောင်း ၁ ကျောင်း မီးလောင်သွားတယ်လို့ ဒေသအရင်းအမြစ်အရ သိရပါတယ်။
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ စန်းလုကျေးရွာမှာ ဧပြီလ ၂ ရက် မနက် ၃ နာရီခွဲမှာ မီးစတင်လောင်လို့ ရွာလူထုနဲ့မီးသတ်တို့ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ပေါ့ဆမီးကြောင့် လောင်ကျွမ်းတာလို့သာသိရပြီး မီးညွန့်ကျိုးပေမယ့် မီးဆက်လက်ပြီး လောင်ကျွမ်းမှုမရှိအောင် မီးကြွင်းမီးကျန်တွေကို ဆက်လက်ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။
MK-012