မဲခေါင်၊ မတ် ၁၅
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့က ရွှေတိဂုံပုံတူ စေတီတော်ရဲ့ စိန်ဖူးတော် ပျောက်ဆုံးနေပြီး ခိုးခံရတာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေဆီ သိရပါတယ်။
ယင်းစေတီတော်ကို ၄ ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ငြမ်းဆင်တာမှာ မနေ့ည မတ်လ၁၄ ရက် မှာ အပေါ်ဆုံးထိရောက်တော့မှ စိန်ဖူးတော် မရှိတာတွေ့ရတာလို့ သိရပါတယ်။
ဟုတ်တယ် စိန်ဖူးတော်ခိုးခံရတယ်ကြားတယ်၊ ဘုရားစေတီပေါ် ဘယ်လိုတက်ခိုးလို့ရလဲတော့ မသိဘူး၊ ပျောက်နေတယ်လို့ ပြောကြတယ်၊ ညကတော့ ဘုရားရင်ပြင်ဈေးသည်တွေကို ပြန်ခိုင်းတာ၊ စစ်ဆေး နေတာတွေတော့ ကြားရတယ်
လို့ အဲဒီဘုရားအောက်ခြေမှာနေထိုင်သူ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
တာချီလိတ်ရွှေတိဂုံပုံတူစေတီတော်ကို ရွှေသင်္ကန်းကပ်လှူဖို့တင်ဒါခေါ်ရာမှာ မန္တလေးက စွယ်တော်ဦး ရွှေဆိုင်းနဲ့ရွှေမိုက်လုပ်ငန်းကုမ္ပဏီက ကျပ်ငွေ ၆၂၅၀ သိန်းနဲ့ တင်ဒါအောင်မြင်ခဲ့ပြီးနောက် ဘုရားငြမ်းစင်ရာကနေ ခုလို စိန်ဖူးတော်ပျောက်ဆုံးနေကြောင်းသိရတာလို့ သတင်းရရှိပါတယ်။
MK-012