ဒေသတွင်းသတင်း

တာချီလိတ်က ကျားဖြန့်လုပ်ငန်းတစ်ခုမှာ တရုတ်နိုင်ငံသား ၂၀၀ ကျော်ဖမ်းမိ

မဲခေါင် 27 Feb - 2024
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ထဲက ကျားဖြန့်လုပ်ငန်းတစ်ခုကို ဖေဖော်ဝါရီလ ၂၆ရက် မနက်အစောပိုင်းက စစ်တပ်နဲ့ရဲက ဝင်ဖမ်းရာမှာ တရုတ်နိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၇

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ထဲက ကျားဖြန့်လုပ်ငန်းတစ်ခုကို ဖေဖော်ဝါရီလ ၂၆ရက် မနက်အစောပိုင်းက စစ်တပ်နဲ့ရဲက ဝင်ဖမ်းရာမှာ တရုတ်နိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၂ နာရီကျော် ၂၆ရက် မနက်အစောပိုင်းမှာ တာချီလိတ်မြို့၊ ရန်အောင်မြင်ရပ်ကွက်က ‘ဝ’ ကွင်းအတွင်းမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းကိုဝင်ဖမ်းခဲ့တာလို့သိရပြီး သက်သေခံပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဖမ်းဆီးရမိသူအရေအတွက် အတိအကျနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၅ရက် နေ့လည်ပိုင်းမှာ ကျိုင်းတုံ – ယန်းလှပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တရားမဝင် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိပြီး သူ့ဟာတာချီလိတ်က ကျားဖြန့်လုပ်ငန်းအိမ်တစ်ခုမှာ ပိတ်လှောင်ခံထားရာကနေ ထွက်ပြေးလာတာလို့စစ်ဆေးတွေ့ရှိရာကတဆင့် အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မဲခေါင်သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတရုတ်နိုင်ငံသားဟာ တရုတ်နိုင်ငံစီချွမ်ပြည်နယ်က ဖြစ်ပြီး ပန်ဆန်းမှာနေထိုင်ရာကနေ ပန်ဆန်း-မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းအတိုင်း လူကုန်ကူးခံရပြီး ပိတ်လှောင်ထားခံရတာလို့ သိရပါတယ်။

လက်ရှိမှာ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်လို့ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၅ သောင်းခန့်၊ ဗီယက်နမ် ၁၀၇၁ ဦး၊ အိန္ဒိယ ၄ ဦး၊ ထိုင်း ၅၃၇ ဦး၊ မလေးရှား ၁၃၃ ဦး၊ စင်္ကာပူ ၂ ဦး၊ ထိုင်ဝမ် ၄ ဦး၊ တောင်ကိုရီးယား ၂၀ ဦးနဲ့ ယူဂန်ဒါ ၁ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လွှဲပေးလိုက်ပြီလို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက် က ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံသားတွေဦးစီးလုပ်ကိုင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း – ကျားဖြန့်တွေဟာ ရှမ်းပြည်အရှေ့ပိုင်းနဲ့ မြန်မာနိုင်ငံတွင်းကို ပြောင်းရွှေ့ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now