မဲခေါင်၊ မတ် ၇
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေစျေးအတွင်းက စျေးသည်တွေကို မီးသတ်သင်တန်းတက်ဖို့ ဈေးခေါင်းက အစည်းအဝေးမှာ ပြောတယ်လို့ သိရပါတယ်။
အဲ့ဒီ့ မီးသတ်သင်တန်းတက်ကို လူ ၂၀ ပေးဖို့နဲ့ လူမပေးနိုင်က ငွေပေးရမယ်လို့ စျေးခေါင်းက မတ်လ ၂ ရက်နေ့က ပြောတယ်လို့ သိရပါတယ်။
လူမထည့်နိုင်ရင်ငွေထည့်လို့ပြောတာ၊ မီးသတ်သင်တန်းအကြောင်းပြ စစ်သင်တန်းထည့်ပြီး ပျုစောထီးလို၊ ပြည်သူ့စစ်လို လုပ်မယ်လို့ ထင်ရတယ်၊ သင်တန်းက ၁၄ ရက်လို့ပြောတယ်၊ လာမယ့်အပတ်ထဲစမယ်ပြောတယ်
လို့ စျေးသည်တစ်ဦးထံက သိရပါတယ်။
မတ်လ ၃ ရက်နေ့မှာတော့ စျေးကော်မတီဝင် Gold Star အထည်ဆိုင်ပိုင်ရှင်ဦးဆောင်ပြီး စျေးဆိုင်တွေ ဆီက တစ်ဆိုင်ကို ကျပ် ၅၀၀၀ စီ တောင်းသွားတယ်လို့ သိရပါတယ်။
ညောင်ရွှေမြို့ အိမ်ဆိုင်တွေကိုလည်း မီးသတ်ရန်ပုံငွေဆိုကာ ငွေကြေးကောက်ခံမှုတွေရှိနေတယ်လို့ သိရပေမယ့် မဲခေါင်အနေနဲ့ သီးခြား အတည်ပြုလို့ မရပါဘူး။
MK-012