ဒေသတွင်းသတင်း

ဆီဆိုင်မြို့မှာ ပြည်သူ့စစ် PNA မှ ဗိုလ်အဆင့်ရှိသူကို လက်နက်တွေ၊ အိမ်ဖောက်ထွင်းပစ္စည်းတွေနဲ့အတူ ဖမ်းမိ

မဲခေါင် 5 Feb - 2024
ဆီဆိုင်မြို့မှာ ခိုးယူမှုတွေများနေတာကြောင့် PNLA က စောင့်ဖမ်းခဲ့တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNA မှ ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတွေကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၅

ဆီဆိုင်မြို့မှာ ခိုးယူမှုတွေများနေတာကြောင့် PNLA က စောင့်ဖမ်းခဲ့တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNA မှ ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတွေကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

PNLA က စောင့်ဆိုင်းဖမ်းစဥ်မှာ ပြည်သူ့စစ် PNA ဗိုလ်တစ်ဦးနဲ့ တပ်သား၊ မူးယစ်ဆေးသုံးစွဲသူတွေကိုပါ ခိုးရာပါပစ္စည်း၊ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ရှိ အများပြည်သူနေအိမ်များ ဖောက်ထွင်းခိုးယူခံရမှုများပြားလာတဲ့အတွက်သူခိုးများကို PNLA က စောင့်ဆိုင်းရာ PNA ဗိုလ်တစ်ဦးခေါင်းဆောင်တဲ့ သူခိုးများကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဖမ်းခဲ့သူတွေကို ဦးဆောင်သူမှာ ပြည်သူ့စစ် PNA မှ ဗိုလ်အဆင့်ရှိသူ ခွန်သန်းဆိုသူဖြစ်ပြီး သူကိုင်ဆောင်တဲ့ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တာပါ။

ဖမ်းမိတဲ့ PNA ဗိုလ်ခွန်သန်းရဲ့ ထွက်ဆိုချက်အရ အခုလိုလုပ်တာဟာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် လုပ်ရတာဖြစ်ပြီး ရရှိလာတဲ့ ပစ္စည်းတွေကို စစ်ကောင်စီကလည်း ပြန်လည်ခွဲဝေပေးတယ်လို့ ဆိုပါတယ်။

PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့မှာ ခိုးဆိုးလုနှိုက်တာတွေ များလာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေက သတင်းမှားများဖြန့်ချိန်မှာ PNLA ကလည်း အခုလို ဖမ်းဆီးပြီး သက်သေပြခဲ့တာဖြစ်ပါတယ်။

MK-012

#MeKongNews

#ပြည်သူ့စစ်

#PNA

#စစ်ကောင်စီ

#သူခိုး

#ဖမ်းမိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now