မဲခေါင်၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စစ်တပ် လက်အောက်ခံ ကိုးကန့် အုပ်ချုပ်ရေးမှူးကို မနေ့က ထုတ်ပယ်လိုက်ပြီး ဗိုလ်မှူးချုပ် တစ်ဦးနဲ့ အစားထိုးလိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ ဦးစီး ဥက္ကဌ ဖြစ်သူ ဦးမြင့်ဆွေကို မနေ့က ထုတ်ပယ်လိုက်ပြီး ဗိုလ်မှူးချုပ် အဆင့်ရှိသူ ထွန်းထွန်းမြင့် ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာတော့ ကိုးကန့် အုပ်ချုပ်ရေးမှူး မြင့်ဆွေဟာ ကိုးကန့်ဒေသတွင်း တရားမဝင် လုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေတာ၊ လုပ်ကိုင်ခွင့်တွေ ပေးထားတာကြောင့် အခုလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရေးသားနေပါတယ်။
လောက်ကိုင်ဒေသအတွင်း ကျားဖြန့် လုပ်ငန်း အဓိက ဦးဆောင် လုပ်ကိုင်နေတဲ့ စစ်တပ် နောက်ခံ ကိုးကန့် အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်ဟောင်းဖြစ်သူ မင်ရွှေချမ်း၊ ကိုးကန့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး မင်ကိုဖျင် အပါအဝင် ကိုးကန့်ပြည်သူ့စစ်နဲ့ ဆက်နွယ်သူ ၄ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဆုကြေးငွေယွမ် ၅ သိန်းအထိ ထုတ်ပြီး နိုဝင်ဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
Mk-007
#MeKongNews
#ရှမ်းမြောက်
#ကိုးကန့်
#မြင့်ဆွေ