ဒေသတွင်းသတင်း

ကျားဖြန့်ရုံတွေမှာ တရုတ်တွေ မူးယစ်ဆေးဖော်မြူလာအသစ်တွေ စမ်းထုတ်နေ၊ တာချီလိတ်က KTV နဲ့ နိုက်ကလပ်တွေမှာ စမ်းသပ်သုံးစွဲပြီး ဆေးလွန်သေဆုံးသူလူငယ်တွေများပြားလာ

မဲခေါင် 28 Sep - 2023
တာချီလိတ်မြို့က ကျားဖြန့်လုပ်ငန်းလို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတွေမှာ တရုတ်တွေဟာ မူးယစ်ဆေးဝါးဖော်မြူလာအသစ်တွေကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ ဒီလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၈

တာချီလိတ်မြို့က ကျားဖြန့်လုပ်ငန်းလို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတွေမှာ တရုတ်တွေဟာ မူးယစ်ဆေးဝါးဖော်မြူလာအသစ်တွေကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ ဒီလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက မဲခေါင်ကို ပြောပါတယ်။

ကျားဖြန့်ရုံတွေဟာ ပြည်သူ့စစ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေက လုံခြုံရေးပေးထားသလို ဒေသအာဏာပိုင်အဖွဲ့တွေကလည်း လာဘ်ငွေရယူပြီး မျက်ကွယ်ပြုထားတာကြောင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းတင်မကဘဲ မူးယစ်ဆေးဝါးအသစ်တွေပါ စမ်းသပ်ထုတ်လုပ်နေတာ ဖြစ်တယ်လို့ တာချီလိတ်မြို့လုပ်ငန်းရှင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်ဘက်ထဲကို တရုတ်နိုင်ငံသား အမြောက်အများရောက်လာကြပြီး ဒီနှစ်ပိုင်းထဲမှာ မူးယစ်ဆေးဝါး စမ်းသပ်ထုတ်လုပ်တာတွေ စတင်လာတာလို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

“ကျားဖြန့်ရုံတွေက ပြည်သူ့စစ်တွေ လက်နက်ကိုင်ပြီး လုံခြုံရေးယူပေးထားတာ။ စစ်တပ်ကရော၊ ရဲကရော၊ တခြားအာဏာပိုင်တွေကရော တလကို ဘတ်သိန်းနဲ့ချီ လာဘ်စားပြီး မသိချင်ယောင်ဆောင်ထားတယ်။ တရုတ်တွေက စိတ်ကြိုက် မဟုတ်တာမှန်သမျှလုပ်နေတာ” လို့ သူကပြောပါတယ်။

တာချီလိတ်မြို့မှာ အရင်က ရာမ လို့ခေါ်တဲ့ WY စိတ်ကြွဆေးပြားတွေ ပေါများခဲ့ပြီး အခုအခါမှာတော့ “ကေ”၊ Happy Water လို Night Life တွေမှာ သုံးစွဲတဲ့ မူးယစ်ဆေးတွေပိုပေါလာသလို အမျိုးအမည်မသိရတဲ့ မူးယစ်ဆေးဝါးတွေလည်း ရှိလာတယ်လို့ တာချီလိတ်ဒေသခံတွေကက ပြောပါတယ်။

တရုတ်တွေဟာ စမ်းသပ်ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ကျားဖြန့်လုပ်ငန်းက အလုပ်သမားလူငယ်တွေနဲ့ KTV၊ နိုက်ကလပ်တွေက အမျိုးသမီးငယ်တွေကို ပေးသုံးလေ့ရှိတယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“နောက်ပိုင်း ကလပ်တွေ ကေတီဗီတွေမှာ ကောင်မလေးတွေ ဆေးလွန်ပြီး သတိလစ်တာတွေ၊ သေတာတွေ များလာတာ အဲဒီ တရုတ်မူးယစ်ဆေးအသစ်တွေကြောင့်ပဲ။ သူတို့က သူတို့ဖာသာထုတ်ပြီးရင် ကောင်မလေးတွေကို ပေးသုံးပြီး စမ်းသပ်တာ။ နောက်ပြီးတော့ ဆေးလွန်ပြီး လူမှန်းသူမှန်းမသိတုန်း အုပ်စုဖွဲ့ အဓမ္မကျင့်တာတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။

KTV နဲ့ နိုက်ကလပ်တွေမှာ ဆေးလွန်ပြီး သေဆုံးသူအရေအတွက်ဟာ ၁၅ရက်ကို တစ်ယောက်နှုန်းလောက်ရှိမယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမယ့် သေဆုံးမှုနှုန်းကို မဲခေါင်သတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

တာချီလိတ်မြို့က ကျားဖြန့်လုပ်ငန်းတွေမှာ ရှမ်းပြည်နယ်အတွင်းက လူငယ်တွေအပါအဝင် မြန်မာနိုင်ငံတွင်းက လူငယ်အများအပြား လာရောက်အလုပ်လုပ်ကိုင်နေပြီး တချို့လည်း ကျားဖြန့်လုပ်ငန်းမှန်းမသိဘဲ လူကုန်ကူးခံရကာ ပြန်ထွက်လို့မရဖြစ်နေတယ်လို့ ကျားဖြန့်လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ လဲချားမြို့ခံတစ်ဦးက ပြောပါတယ်။

တောင်ကြီး၊ နမ့်စန်၊ ပင်လုံ၊ လဲချား စတဲ့ ရှမ်းပြည်တောင်ပိုင်း မြို့နယ်တွေက မိန်းကလေးငယ်တွေလည်း ကျားဖြန့်လုပ်ငန်းတွေထဲ ရောက်နေတယ်လို့ သူက ပြောပါတယ်။

တာချီလိတ်မြို့နယ်ထဲမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ လူငယ်အရည်အတွက်ဟာ တစ်သောင်းနီးပါးရှိတယ်လို့ တာချီလိတ်မြို့ခံ​သတင်းရင်းမြစ်တစ်ဦးကလည်း မဲခေါင်ကိုပြောပါတယ်။

တာချီလိတ်မြို့ထဲက ကျားဖြန့်ရုံတချို့ဟာ ဟုန်ပန်းဝန်း၊ အခါဈေးရှေ့က “ဝ”ဝန်းနဲ့ ဟောင်လိတ်လမ်းစုံ “ဝ”ရုံးအနောက်ဘက်က ဝန်းလိုမျိုး “ဝ” တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ နေရာတွေမှာ ရှိနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဒီလိုတည်ရှိနေတာနဲ့ ပတ်သက်လို့ မဲခေါင်သတင်းဌာနက “ဝ” တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ပေမယ့် မှတ်ချက် မပေးလိုဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

တရုတ်အစိုးရဟာ သူ့ပြည်သူတွေ လိမ်လည်ခံရတာများလာတာကြောင့် ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ဒီ ၂၀၂၃ ခုနှစ်ထဲမှာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကြိုးစားလာပါတယ်။

အကျိုးဆက်အနေနဲ့ ထိုင်းနိုင်ငံထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအများအပြားကို ဖမ်းဆီးနေသလို မြန်မာနိုင်ငံဘက်မှာလည်း “ဝ”တပ်ဖွဲ့က စက်တင်ဘာလအတွင်းမှာ ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို သူ့ဒေသထဲကနေ ဖမ်းဆီးပြီး တရုတ်ပြည်ကို ပြန်လွှဲပေးခဲ့ပါတယ်။

လောက်ကိုင်ဘက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အများအပြားကို ဖမ်းဆီးပြီး ပြစ်ဒဏ်ပေးတာနဲ့ တရုတ်ပြည်ကို ပြည်လွှဲတာတွေကို လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် ကျားဖြန့်လုပ်ငန်းအပါအဝင် ဆက်စပ်ရာဇဝတ်လုပ်ငန်းတွေကတော့ မြန်မာနိုင်ငံထဲမှာ လျော့ကျသွားခြင်း မရှိသေးပါဘူး။

MK – 004

#MeKongNews

#တာချီလိတ်

#ရှမ်းပြည်

#ကျားဖြန့်

#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now