ဆောင်းပါး

PNO သို့မဟုတ် ဗမာစစ်အာဏာရှင်လက်ပါးစေ

မဲခေါင် 4 Feb - 2024
ဗမာလူမျိုးတွေ ဘာဖြစ်လို့ ဗမာစစ်ခေါင်းဆောင်တွေကို ခေတ်အဆက်ဆက် တော်လှန်ကြသလဲ။

စိုင်းခွန်

ဗမာလူမျိုးတွေ ဘာဖြစ်လို့ ဗမာစစ်ခေါင်းဆောင်တွေကို ခေတ်အဆက်ဆက် တော်လှန်ကြသလဲ။ မတရားတာလုပ်လို့ ဗမာအချင်းချင်း ခေါင်းပုံဖြတ်လို့ တော်လှန်တာဖြစ်ပါတယ်။ ဗမာခေါင်းဆောင်တွေဟာ အထက်တန်းလွှာတွေဖြစ်ပြီး ဗမာပြည်သူတွေကို သူတို့ထက်အဆင့်နိမ့်သူအဖြစ် ပြုမူဆက်ဆံဖိနှိပ်ကြတယ်။ ဘက်ပေါင်းစုံ ဖိနှိပ်တယ်။ တိုးတက်တဲ့ ဗမာလူထုကြီးက လူမျိုးရယ်လို့ သဘောမထားတော့ဘဲ လူလူချင်း ဖိနှိပ်တာကို မခံနိုင်လို့ တော်လှန်တာဘဲဖြစ်တယ်။

အဖိနှိပ်ခံ ပအိုဝ်းတွေလဲ အာဏာရှင်နဲ့ပေါင်းစားနေတဲ့ PNO လူကြီးတွေကို အဖိနှိပ်ခံ အနှိမ်ခံ ပြည်သူအနေနဲ့ မြင်တတ်ကြဖို့လိုတယ်။ အဲ့ဒီ PNO လူကြီးတွေ ဆိုသူတွေဟာ ဗမာလူမျိုးနဲ့တကွ မြန်မာပြည် လူမျိုးပေါင်းစုံ ပြည်သူတွေကို ဖိနှိပ်ကုပ်သွေးစုပ်နေတဲ့ စစ်အာဏာရှင်တွေနဲ့ တဂိုဏ်းတည်းသားတွေဘဲ။ စစ်အာဏာရှင်တွေရဲ့ လက်ဝေခံတွေဖြစ်တယ်။ သူတို့ဟာ သူတော်ကောင်း ယောင်ဆောင်သူတွေသာဖြစ်ကြောင်း သူတို့အလုပ်ကိုကြည့်ရင် ဆင်ပြောင်ကြီး လယ်ပြင်မှာ ဖြတ်သွားသလို ဘွင်းဘွင်းကြီး မြင်နေရပါတယ်။

PNO ဟာ ပအိုဝ်းတွေရဲ့ ဦးဆောင်သူအခန်းမှာနေပြီး ဘာဥပဒေမှ ပြဌာန်းမထားနိုင်ဘူး။ သူတို့ရဲ့ ပါးစပ်ကထွက်သမျှ ဥပဒေအုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တကယ်တန်း နစ်နာတာက ပအိုဝ်းပြည်သူတွေပါဘဲ။

ပအိုဝ်းဒေသကို သူတို့ပိုင်ပစ္စည်းပိုင်သဖွယ်၊ ပအိုဝ်းလူမျိုးကို သူတို့ကိုယ်ပိုင်ဥစ္စာလို လုပ်ချင်သလို လုပ်နေခဲ့ကြတာ ၃၃ နှစ် ကြာညောင်းခဲ့ပြီ။ ပအိုဝ်းတွေ ဉာဏ်ပညာကြီးကြီးနဲ့ မြင်တတ်ဖို့ အချိန်တန်ပြီပါပြီ။

ဗမာစစ်အာဏာရှင်တွေနဲ့ သူ့တပည့် PNO ပအိုဝ်းအာဏာရှင်တွေရဲ့ သဘောသဘာဝက အတူတူပါပဲ။

တနိုင်ငံလုံးမှာ ပြည်သူက အာဏာရှင်ကို အပြီးအပိုင်ရှင်းဖို့ လုပ်နေတဲ့အချိန်မှာ PNO လူကြီးတွေ အသည်းအသန် ဗမာအာဏာရှင်ကို အပြင်းအထန် ကာကွယ်နေရခြင်းက သူတို့တွေဟာ ဘဝတူတွေမို့ အရိုးကိုက်ရရေး သူတို့မိသားစုကောင်းစားရေးအတွက် ပအိုဝ်းပြည်သူတွေကို လက်နက်ဆင် အသေခံခိုင်းနေတာ ပအိုဝ်းတွေသိဖို့ အလွန်အရေးကြီးပါတယ်။

ဗမာအာဏာရှင်တွေ အဖက်ဖက်ချွတ်ချုံကျနေချိန်မှာ PNO ကို အကြီးအကျယ် ဖိအားပေး အကြပ်ကိုင် စေခိုင်းလာတယ်။ တော်လှန်ရေးအင်အားစုတွေကို တိုက်ဖို့ လူအင်အားချိနဲ့လာတဲ့ ဗမာစစ်အာဏာရှင်တွေဟာ PNO ကနေတဆင့် ပအိုဝ်းအရပ်သားတွေကို အကြပ်ကိုင် လက်နက်တပ်ဆင်ပြီး အများစုကို ပဋိပက္ခဖြစ်တဲ့နေရာများသို့ ပို့ဆောင်ကာ သေကြေပျက်စီးစေပြီး အချို့ကို ပအိုဝ်းတော်လှန်ရေးအင်အားစုကို ပြန်တိုက်ခိုင်းတယ်။

စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ ရှမ်းမြောက်ဒေသတွေကို စစ်ပညာမတတ်တဲ့ ပအိုဝ်းအရပ်သားတွေကို သေနတ်တပ်ဆင်ပေးပြီး ပို့ဆောင်နေပါတယ်။ လူမသိ သူမသိ သွားသေကြရပြီး နာရေးတောင်လုပ်ခွင့်မရှိတာ အလွန်ပင်ဝမ်းနည်းဖွယ်ကောင်းလှပါတယ်။

သမိုင်းတပတ်လည်ပါပြီ။ အာဏာရှင်နဲ့ အပေါင်းအပါများ ပျက်သုဉ်းသောခေတ်သို့ ရောက်ပါပြီ။

တော်လှန်သူများ
ပြည်သူလူထုတရပ်လုံး
ပအိုဝ်းအမျိုးသားများ
မတွေဝေနဲ့ ရှေ့သို့ ရဲရဲချီတက်
ရဲရဲတိုက် ရဲရဲအောင်ပွဲခံပါ။

ဗမာအာဏာရှင်ကိုတိုက်တာ ဗမာကိုတိုက်တာ မဟုတ်ဘူး။ စစ်မိစ္ဆာ ဘီလူးတွေကို တိုက်တာ။ PNO ပြည်သူ့စစ်ကို တိုက်တာ ပအိုဝ်းကို တိုက်တာမဟုတ်ဘူး။ စစ်ဘီလူး မိစ္ဆာရဲ့တပည့် စစ်သရဲသဘက် ကျွန်ကောင်တွေကို တိုက်တာပါ။

ဒီနိုင်ငံ ဒီမြေ ဒီတော်လှန်ရေးမှာ လူမျိုးချင်းတိုက်တာမရှိ၊ စနစ်ဆိုးကို တိုက်နေတာပါ။ မတွေဝေနဲ့ တိုက်ကြ တော်လှန်ကြ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now