ဆောင်းပါး

Date Girl အဖြစ် လူကုန်ကူးခံနေရသူ အမျိုးသမီးငယ်များ

မဲခေါင် 19 Nov - 2023
“ကောင်မလေး တစ်ယောက်က ဒဏ်ရာတွေ ဗလပွတွေနဲ့ အကြမ်းဖက်ခံရတယ်။ မိန်းမကိုယ်က ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ သံကြိုးတွေနဲ့ တုပ်ပြီးတော့ အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ကြာပွတ်တွေနဲ့လည်း ရိုက်ခံရတယ်”

“ကောင်မလေး တစ်ယောက်က ဒဏ်ရာတွေ ဗလပွတွေနဲ့ အကြမ်းဖက်ခံရတယ်။ မိန်းမကိုယ်က ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ သံကြိုးတွေနဲ့ တုပ်ပြီးတော့ အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ကြာပွတ်တွေနဲ့လည်း ရိုက်ခံရတယ်” လို့ Date Girl အမျိုးသမီးတစ်ဦး ကြုံတွေ့ရတဲ့ သွေးပျက်ဖွယ် အဖြစ်အပျက်ကို လူကုန်ကူးမှု တားဆီးရေး စေတနာဝန်ထမ်းလို့ ခံယူထားသူတစ်ဦးက ပြောပြနေပါတယ်။

Date Girl ဆိုတာ အင်တာနက်ပေါ် အလွယ်တစ်ကူ ချိတ်ဆက်လို့ရနေတဲ့ ဝန်ဆောင်မှု လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး အမျိုးသမီးတွေကို ငွေကြေးပေးဆောင်ကာ ရုပ်ရှင်အတူကြည့်တာ၊ ဈေးဝယ်ထွက်တာနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံတာတွေအထိ ကျယ်ပြန့်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ နည်းပညာဖွံ့ဖြိုးမူနဲ့အတူသူတို့ လူမူကွန်ရက်စာမျက်နှာဖြစ်တဲ့ Wechart ပေါ်ကနေ Date Girl လုပ်ငန်းစုကြီးတွေဟာလည်း ပြန့်နှံ့နေတာ ၁၀ စုနှစ်နဲ့ချီ ရှိနေခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေ အများအပြားဝင်ရောက်နေတဲ့ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ ၀ ပြည်နဲ့ ရှမ်းမြောက် မူဆယ်မြို့တို့မှာတော့ နိုင်ငံအနှံ့က အလုပ်အကိုင်ရှာဖွေလိုတဲ့ လူငယ်အများအပြား ရောက်ရှိရာဒေသတွေဖြစ်နေပြီး အဲ့ဒီဒေသကတစ်ဆင့် Wechart ပေါ်က Date Girl လုပ်ငန်းစုကြီး အလားတူ လုပ်ငန်းစုတွေဟာ မြန်မာပြည်အနှံ့က လူငယ်တွေဆီ ရောက်ရှိလာနေပါပြီ။

မြန်မာလူငယ်တွေကြားမှာတော့ မြန်မာစာ အသုံးပြုရခက်ခဲတဲ့ Wechart စာမျက်နှာအသုံးမပြုကြဘဲ မြန်မာစာ အလွယ်တစ်ကူအသုံးပြုလို့ရနိုင်တဲ့ Telegram စာမျက်နှာကတစ်ဆင့် Date Girl လုပ်ငန်းစုတွေမှာ လူဦးရေ ထောင်၊ သောင်းချီ ရှိနေပြီး အမျိုးသမီးငယ်အများစုဟာ လူကုန်ကူးသူတွေရဲ့ သားကောင်တွေအဖြစ် သတိမမူဘဲ နေ့စဉ်ဝင်ရောက် နေဆဲပါ။

လူကုန်ကူးသူတွေဟာ အမျိုးသမီးငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အကြပ်ကိုင်ချိန်းခြောက်ပြီး ငွေကြေးမက်လုံးတွေပေးကာ လိင်ပိုင်းဆိုင်ရာ Date Girl အဖြစ် လူကုန်ကူးနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး နိုင်ငံတဝန်းမှာ ခုခံတော်လှန်စစ်နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အုပ်ချုပ်ရေးယန္တရားတွေ ပျက်ပြယ်ကုန်ပြီး မြို့ပေါ် မူးယစ်ဆေးမှောင်ခိုလုပ်ငန်း၊ လောင်းကစားဝိုင်း ကာစီနိုလုပ်ငန်းနဲ့ အွန်လိုင်း စလော့ဂိမ်းလောင်းကစားတွေ သိသိသာသာကြီးထွားလာနေတဲ့ အလားတူ Date Girl အဖြစ် လူကုန်ကူးခံနေရမှုဟာလည်း ကြီးထွားလာနေကာ နေ့စဉ်ရက်ဆက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရမှုတွေထဲ အမျိုးသမီးငယ်တွေ အများစု ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ်လူကုန်ကူးမှု အမြင့်မားဆုံးဖြစ်နေတဲ့ တရုတ်-မြန်မာနယ်စပ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း Date Girl အဖြစ် လူကုန်ကူးခံနေရမှုဟာ မြင့်မားလာနေပြီ ဖြစ်ပါတယ်။

ရှမ်းမြောက်က အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်း အသိုင်းအဝိုင်းတစ်ချို့ဟာ Date Girl လုပ်ငန်းစုတွေထဲက အမျိုးသမီးငယ်တွေကို လူကုန်ကူးခံရမှု လျော့ကျအောင် အသိပညာတွေလိုက်လံပေးနေပြီး သူတို့အဖွဲ့ကိုတော့ လူကုန်ကူးမှု တားဆီးရေး စေတနာဝန်ထမ်း(Trafficking Voluntteer)အဖွဲ့လို့ ခံယူထားကြကာ အဖွဲ့ဝင် ကိုမင်းမင်း(အမည်လွှဲ)ကို စာရေးသူက တွေ့ဆုံထားပါတယ်။

ကိုမင်းမင်းတို့ အဖွဲ့ဟာ ဒီနှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ Date Girl တွေကို လူကိုယ်တိုင် လျှို့ဝှက်တွေ့စုံပြီး လူကုန်ကူးခံရမှု မဖြစ်ပေါ်အောင် အချိန်ပိုင်းအသိပညာတွေ ပေးနေတာပါ။ ဒါပေမယ့် ကိုမင်းမင်းတို့ စစ်တမ်းအရ ရှမ်းမြောက်က Date Girl အမျိုးသမီးတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ လိင်ပိုင်းဆိုင်ရာ Date Girl အဖြစ် လူကုန်ကူးခံခဲ့ရပြီးတဲ့ အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ်ကနေ အသက် ၂၂ နှစ် အရွယ်ကြားက အမျိုးသမီးငယ်တွေ ဖြစ်နေပါတယ်။

ကိုမင်းမင်းတို့အဖွဲ့ရဲ့ နာမည်အပြည့်အစုံ၊ တည်နေရာနဲ့ လုပ်ဆောင်ချက်အသေးစိတ်တွေကိုတော့ လုံခြုံရေးကြောင့် ဖော်ပြလို့ မရပါဘူး။

Date Girl လုပ်ငန်းစုတွေဟာ လူမှုစာမျက်နှာတွေဖြစ်တဲ့ Wechart၊ Telegram၊ Viber နဲ့ Facebook ပေါ်တို့မှာ အစုအဖွဲ့အလိုက်ရှိနေပြီး မြန်မာနိုင်ငံမှာတော့ Date Girl လုပ်ငန်းစုအတွက် Telegram စာမျက်နှာကို လူသုံးများကြပါတယ်။

ရှမ်းမြောက်မှာ Telegram စာမျက်နှာတွေထဲ လူဦးရေ ၃၀၀ ကျော်ပါဝင်တဲ့ Date Girl Channel ပေါင်း ၁၀ ခုထပ်မနည်းရှိနေလို့ Date Girl ပြုလုပ်ကြသူ လူဦးရေ ၁ ထောင်ကျော်ရှိတယ်လို့ ယူဆရပြီး နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်မြို့နဲ့ လောက်ကိုင်မြို့တို့မှာလည်း တရုတ်လူမျိုးအများအပြားနေထိုင်ကြတာကြောင့် Wechart စာမျက်နှာပေါ်က Date Girl အစုအဖွဲ့တွေ များစွာရှိနိုင်သေးတယ်လို့ ကိုမင်းမင်းတို့ လေ့လာချက်အရ သိရပါတယ်။

Telegram စာမျက်နှာမှာ အခမဲ့ပေးတဲ့ Date Girl Channelတွေနဲ့ မြန်မာငွေ ၃ သောင်းကျော်ပေးဆောင်မှသာ ဝင်ရောက်နိုင်တဲ့ VIP Date Girl Channel တွေဆိုပြီး ရှိနေပါတယ်။ VIP Date Girl Channelတွေမှာတော့ အေဂျင့်ဆိုသူတွေ ရှိနေပါတယ်။

Date Girl Channelတွေမှာဝင်ရောက်ကြတဲ့ အမျိုးသမီး၊ အမျိုးသားတွေဟာလည်း လူငယ် သာဘာ၀ လေ့လာလိုသူ၊ လူမှုဘဝမှာ သာမန်ချိန်းတွေ့မှုတွေ ပြုလုပ်လိုသူ ဆိုပြီးအနည်းစုသာ ရှိကြပြီး လိင်ပိုင်းဆိုင်ရာဆက်ဆံမှုတွေ ပြုလုပ်ဖို့ ဝင်ရောက်နေကြတာပါ။

အခမဲ့ပေးထားတဲ့ Date Girl Channel တွေကနေ အမျိုးသားတွေဟာ အမျိုးသမီးငယ်တွေနဲ့ ငွေကြေးအရ ဈေးညှိနှိုင်းမှု လွတ်လွတ်လပ်လပ်ပြုလုပ်ကြပြီး ၂ ဦး သဘောတူ လိင်ပိုင်းဆိုင်ရာဆက်ဆံမှုတွေ ပြုလုပ်ကြပါတယ်။

ဒါပေမယ့် Date Girl Channel တွေထဲက အမျိုးသားတွေဟာ သဘောတူညီချက်မယူဘဲ လိင်ဆက်ဆံချိန်မှာ လျှို့ဝှက်ကင်မရာ အသုံးပြုပြီး ဗီဒီယိုရိုက်ကူးထားတာမျိုး အမျိုသမီး လိင်အင်ဂထဲ မိနစ်အနည်းငယ် မေ့မျောစေတဲ့ မူးယစ်အရည်တစ်မျိုးထည့်သွင်းထားပြီး လိင်ဆက်ဆံမှုကို ဖုန်း၊ ကင်မရာတွေနဲ့ ဗီဒီယိုမှတ်တမ်းရိုက်ကူးခြင်းမျိုးတွေ ပြုလုပ်ကြပါတယ်။

အထက်ပါ အမျိုးသားအများစုဟာ အခမဲ့ပေးထားတဲ Date Girl Channel တွေထဲက Admin ဆိုသူ အေဂျင့်တွေနဲ့ အေဂျင့်လူတွေ အများစုဖြစ်ကြပြီး လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girl အဖြစ် လုပ်ကိုင်နိုင်မယ့် အမျိုးသမီး သားကောင်တွေကို စမ်းသပ်နေကြတဲ့ လူကုန်ကူးသူတွေ ဖြစ်နေပါတယ်။

အေဂျင့်တွေဟာ အထက်ပါ ဗီဒီယိုနဲ့လည်း အကြပ်ကိုင်ချိန်းခြောက်ပါတယ်။

“ဗီဒီယိုတွေပြပြီးတော့ အကြပ်ကိုင်တာရှိတယ်။ ထပ်ပြီးတော့ ဒီအလုပ် ဆက်လုပ်ခိုင်းတယ်။ ကောင်မလေးဆီက ရသမျှအချက်လက်တွေ စုပြီး သူတို့ ပြောတဲ့ အလုပ်ကို မလုပ်ရင် မင်း မိသားစု၊ မင်း သူငယ်ချင်းတွေကြားမှာ ချပြမယ် ဗီဒီယိုဖိုင်တွေ ဖြန့်မယ်ဆိုပြီး ချိန်းခြောက်တာ” လို့ ကိုမင်းမင်းက ပြောပါတယ်။

အကြပ်ကိုင်ချိန်းခြောက်နေချိန်မှာဘဲ အေဂျင့်တွေဟာ လိင်ဆက်ဆံခဲ့ချိန်က သဘောတူညီချက်မရှိဘဲ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အမျိုးသမီးတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ဈေးကောင်းပြီး အနီးဆုံး ဈေးကွက်တစ်ခုဖြစ်တဲ့ တရုတ် လိင်ပိုင်းဆိုင်ရာဆက်ဆံတဲ့ ဗီဒီယိုလုပ်ငန်းတွေမှာ ဈေးနှုန်းအမျိုးမျိုးနဲ့ သိန်းချီပြီး ရောင်းစားကြပါတယ်။

“ ဗီဒီယိုဖိုင်ရဲ့ အနေအထားအရ လျှို့ဝှက် ကင်မရာနဲ့ရိုက်ရင် ဈေးကောင်းမရကြဘူး။ ကွန်ဒုံးထဲမှာ မူးယစ်ဆေးတစ်မျိုးသုံးပြီး ကောင်မလေးက မျောသွားချိန်မှာ ကင်မရာနဲ့ ရိုက်ကြတယ်။ Happy Warter လို အာနိသင်ရှိတယ်။ ဗီဒီယိုကို တရုတ်ဈေးကွက်ထဲ ဈေးကောင်းရဖို့ သုံးနေကြတာ”

ဒါ့အပြင် အဖွဲ့ဝင်ကြေး (မန်ဘာကြေး) ပေးဆောင်ရတဲ့ Telegram က VIP Date Girl Channelတွေမှာလည်း ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အမျိုးသမီးငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားကြပါတယ်။

အေဂျင့်တွေအားလုံးကို ကိုမင်းမင်းတို့က လူကုန်ကူးသူလို့ သတ်မှတ်ထားပါတယ်။ အေဂျင့်တွေဟာ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချိုးဖောက်ပြီး ခွင့်ပြုချက်မရှိဘဲ ရောင်းစားမှု၊ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girlအဖြစ် လုပ်ကိုင်ဖို့ အကြပ်ကိုင် စည်းရုံးသိမ်းသွင်းမှုတွေကြောင့် လူကုန်ကူးမှုမြောက်တယ်လို့ နိုင်ငံတကာ လူကုန်ကူးမှု ဥပဒေမှာ ပြဌာန်းထားကြောင့် ကိုမင်းမင်းက ပြောပါတယ်။

အေဂျင့် မဟုတ်တဲ့ လိင်ဆက်ဆံပြီး အမျိုးသားတွေဟာလည်း Date Girl အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ မိတ်ဆွေ၊ သူငယ်ချင်းတွေထံ ဖြန့်ဝေတာ၊ ရောင်းစားနေကြတာတွေလည်း ရှိနေပါတယ်။

“အေ့ဂျင်တွေက Date Girlထဲ ဝင်လာတဲ့ အမျိုးသမီးတွေ ဘာလိုနေတာလဲ ဆိုတာကို ကောင်းကောင်းကြီး သိထားတယ်လေ။ အဲ့တာနဲ့ဘဲ စည်းရုံးကြတာ”

အမျိုးသမီးအများစုဟာလည်း အကြပ်ကိုင်ချိန်းခြောက်ခံရမှုနဲ့ ငွေကြေးလိုအပ်ချက်တွေကြောင့် အေဂျင့်တွေရဲ့ သိမ်းသွင်းမှုကို သဘောတူနေကြရပါတယ်။ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girlအဖြစ် သဘောတူခဲ့တာဟာလည်း အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း မိမိကိုယ်ကိုယ်လူကုန်ကူးမှု မြောက်တယ်လို့ ကိုမင်းမင်းက ယူဆထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girlတွေကမှု လူကုန်ကူးခံနေရတယ်ဆိုတာကို မသိရှိကြဘဲ လိင်ကျွန်အဖြစ် ပြောဆိုမူတွေကိုလည်း လက်မခံကြပါဘူး။

အေဂျင့်တွေဟာ သဘောတူစာချုပ်တွေကို ချုပ်ဆိုခိုင်းပါတယ်။ စာချုပ်ထဲမှာ အမျိုးသမီးတွေကို ၅ ရက်၊ ၁၀ ရက်တိတိ နေအိမ်၊ တိုက်ခန်းနဲ့ Hotel အခန်းတွေမှာထားရှိပြီး သတ်မှတ်ရက် ပြည့်ပါက အမျိုးသမီးတွေအပေါ် မူတည်ပြီး သိန်း ၂၀ မှ သိန်း ၄၀ အထိ အမျိုးသမီးတွေရရှိကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေရဲ့ အခန်းထဲ လိပ်ဆက်ဆံမယ့် အမျိုးသားတွေ တစ်ရက်ကို အနည်းဆုံး ၅ ယောက်နဲ့ ၁၀ ယောက်အကြားကို ရွေးချယ်ခွင့်မရှိဘဲ အေဂျင့်တွေက ခေါ်ထည့်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl အမျိုးသမီးတွေဟာ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသား အားလုံးရဲ့ လိင်အကြမ်းဖက်မှုတွေကို နေ့စဉ်ရက်ဆက် ညှဉ်းပန်းနှိပ်စက်ခံကြရပြီး အကြမ်းဖက်မှု အနည်းအများသာ ကွာခြားမူရှိတယ်လို့ ကိုမင်းမင်းတို့ တွေ့ဆုံမေးမြန်းထားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl အမျိုးသမီးတွေရဲ့ ထွက်ဆိုချက်တွေအရ သိရပါတယ်။

“လူကုန်ကူးခံရတဲ့ Date Girl က ၁၀ ဦးမှာ ၁၀ ဦးလုံး လိင်အကြမ်းဖက်ခံရတာဘဲ။ တချို့က သဘောတူထားတဲ့ ရက်မပြည့်သေးဘဲနဲ့ အကြမ်းဖက်ခံရတာ မခံနိုင်တော့လို့ ထွက်ပြေးကြတာတွေ ရှိတယ်”

လိင်အကြမ်းဖက်မှုကို မခံနိုင်ဘဲ ထွက်ပြေးကြတဲ့ အမျိုးသမီးတွေဟာ လူကုန်ကူးသူ အေဂျင့်တွေရဲ့ လူမှုဘဝချိန်းခြောက်မှုတွေကို ခံကြရပါတယ်။ ၎င်းတို့ ထိန်းချုပ်မှုအောက်မရှိတော့ပါက အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ မှတ်တမ်းတွေကို အသုံးပြုပြီး လူမူစာမျက်နှာပေါ်တွေနဲ့ Date Girl Channelတွေက တစ်ဆင့် ဖြန့်ဝေတိုက်ခိုက်ကြပါတယ်။

ရက်သတ်မှတ်ချက်နဲ့ စာချုပ်တွေ ချုပ်ဆိုကြတာ ရှိသလို အချိန်ပိုင်းအလိုက် ၁ နာရီ ( သို့မဟုတ် ) ၃ နာရီနဲ့ တစ်ညဆိုပြီး လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးဖို့ လူကုန်ကူးသူ အေဂျင့်တွေနဲ့ လူကုန်ကူးခံရသူ အမျိုးသမီးတို့အကြား စာချုပ် ချုပ်ဆိုတာမျိုးလည်းရှိပါတယ်။

လူကုန်ကူးသူ အေဂျင့်တွေဟာ အခမဲ့ပေးထားတဲ့ Date Girl Channel တွေမှာ အမျိုးသမီးတွေရဲ့ ပုံကိုမျက်နှာဖုံးကွယ်ထားပြီး ဈေးနှုန်းထည့်ထားပေမယ့် VIP Date Girl Channel တွေမှာတော့ ကိုယ်ရေးအချက်အလက် ဖုံးကွယ်ပေးထားခြင်းမရှိဘဲ မျက်နှာတွေကိုပါ ဖော်ပြထားခံရပါတယ်။

အေဂျင့်တွေဟာ ၎င်းတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girlတွေကို သတ်မှတ်ဈေးနှုန်းရဲ့ ၅၀ ရာခိုင်းနှုန်းကနေ ၆၀ ရာခိုင်းနှုန်းအထိ နုတ်ယူဖြတ်တောက်ကြပါတယ်။

“လူကုန်ကူးမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အေဂျင့်တွေက အမျိုးသမီးတွေကို အရင်ဈေးနှုန်းအတိုင်းလည်း မပေးတော့ဘူး။ အေဂျင့်တွေက တစ်ဆင့် Date မယ်ဆိုရင်လည်း ၅၀ ရာခိုင်းနှုန်းလောက်ဘဲပေးတော့တယ်။ ၃ သိန်းဆိုရင် ၁ သိန်းခွဲပေါ့။ ဒါလုံး၀ လိင်လုပ်သား ပုံစံ ဖြစ်သွားတာဘဲ။ လိင်ဆက်ဆံမဲ့ အမျိုးသားတွေကိုရော အေဂျင့်က ပေးတဲ့ သူနဲ့ဘဲ Date ရတယ်”

ကိုမင်းမင်းတို့ဟာ အေဂျင့်က တစ်ဆင့် Date Girl တွေကို အသိပညာပေးဖို့ Hotel တစ်ခုထဲ ခေါ်တွေ့ခဲ့ရာ အသက် ၂၀ ဝန်းကျင်ရှိတဲ့ မမေလိုင်(အမည်လွဲ) အမျိုးသမီးတစ်ဦးဟာ ကိုမင်းမင်းတို့ အဖွဲ့မှ အမျိုးသမီးတစ်ဦး မေးမြန်းနေချိန် သူ့ ခန္ဓာကိုယ်အနှံ့မှာ ညဉ်းပင်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကို ထုတ်ပြခဲ့ပါတယ်။

“သံကြိုးတွေနဲ့ တုတ်ပြီးတော့ အဓမပြုကျင့်ခံရတယ်။ ကြာပွတ်တွေနဲ့လည်း ရိုက်ခံရတယ်။ မိန်းမကိုယ်လည်း ထိခိုက်ထားတယ်” လို့ မမေလိုင်ရဲ့ ထွက်ဆိုချက်ကို ကိုမင်းမင်းက ပြောပြပါတယ်။

မမေလိုင်ရဲ့ ပူးပေါင်းပါဝင်မှုအရ ကိုမင်းမင်းတို့ဟာ ဆေးခန်းပြသပေးခဲ့ရာ ဆရာဝန် အမျိုးသမီးတစ်ဦးရဲ့ စစ်ဆေးချက်အရ မိန်းမကိုယ်မှာ ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့အထိ ထိခိုက်ထားပါတယ်။

ဒီသွေးပျက်ဖွယ် အဖြစ်အပျက်ကြောင့် မမေလိုင်တစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girl အဖြစ် ရပ်နားခဲ့ပြီး သူ့ကို လူကုန်ကူးခဲ့တဲ့ အေဂျင့်ဆိုသူကို အရေးယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

“ရဲကို သွားတိုင်တယ်။ ရဲက အေဂျင့်ကို သွားဖမ်းတယ် တရားခံက ထွက်ပြေးတယ်လို့ပြောတယ်။ တကယ်တမ်း အေဂျင့်က ရှိနေတယ်”

မမေလိုင်ဟာ လက်ရှိအချိန်မှာတော့ တရားစွဲဆိုထားတဲ့ အမှုကို ရပ်နားထားခဲ့ရပါတယ်။

အလားတူ အေဂျင့်ကတစ်ဆင့် မဆက်သွယ်ဘဲ အခမဲ့ဝင်လို့ရတဲ့ Date Girl Channel ကနေ ခင်လှလှ(အမည်လွဲ) Date Girl တစ်ယောက်နဲ့ ကိုမင်းမင်းတို့ ဆက်သွယ်ခဲ့ပါတယ်။ ကိုမင်းမင်းတို့ တွေ့ဆုံံခဲ့တဲ့အခါ ခင်လှလှဟာ အသက်မပြည့်သေးတဲ့ ၁၆ နှစ် ပြည့်ခါစအရွယ် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်နေပါတယ်။

ခင်လှလှ အခန်းထဲ ဝင်လာချိန်မှာ မျက်နှာ ၂ ဖက်လုံး ရောင်ကိုင်းနေတာကို ကိုမင်းမင်း စတွေ့တော့ မေးမြန်းခဲ့ပါတယ်။

ခင်လှလှဟာ ဆိုင်ကယ်မှောက်တာကြောင့် ဖြစ်တာလို့ လိမ်ညာခဲ့ပြီး သူ့ မျက်နှာ ၂ ဖက်စလုံးဟာ ယောင်ကိုင်းနေတာနဲ့ ထွက်ဆိုချက်တွေဟာ လိင်ဆက်ဆံချိန်မှာ ညှဉ်းပန်းနှိပ်စက်ခံထားရတာဖြစ်တယ်လို့ ကိုမင်းမင်းတို့က ယူဆထားကြပါတယ်။

ခင်လှလှရဲ့ ခန္ဓာကိုယ်ကို ကြည့်ရှုဖို့ ကိုမင်းမင်းတို့ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးထားပြီး ခွင့်တောင်းခံပေမယ့် မရရှိခဲ့ပါဘူး။

ခင်လှလှကို သာမန် Date Girl အဖြစ် ကိုမင်းမင်းတို့က ယူဆထားကြလို့ လူကုန်ကူး မခံရအောင် အသိပညာပေးဖို့ အချိန်ပိုင်းတွေ့ဆုံဖို့ စီစဉ်ထားကြပေမယ့် မေးမြန်းချက်ကို ဖြေဆိုထားမှုအရ ခင်လှလှဟာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girl အဖြစ် အေ့ဂျင်တွေရဲ့ လူကုန်ကူးခြင်းခံခဲ့ရသူ တစ်ယောက်လည်းဖြစ်နေပြီ ဖြစ်ပါတယ်။

ခင်လှလှအလားတူ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girl တွေအများစုဟာ လိင်ဆက်ဆံချိန်မှာ လိင်အကြမ်းဖက်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ အနည်းနဲ့အများသာ ကွာခြားမှုရှိနေပြီး ထုတ်ဖော်မပြောဆိုရဲကြသလို အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေဟာလည်း ထက်ဝက်ခန့် ရှိနေပါတယ်။

ဘာကြောင့် အမျိုးသမီးငယ်တွေ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girlအဖြစ် လူကုန်ကူးမှုကို ခံနေကြတာပါလဲ။

စစ်အာဏာသိမ်းမှုနောက် ပေါ်ပေါက်လာနေတဲ့ အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ဘဝရပ်တည်ရေး စိန်ခေါ်မှုတို့ကြောင့် အမျိုးသမီးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကို ဘဝရဲ့ လှေကားထစ်တစ်ဖွယ်အသုံးပြုကြပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ ဘဝရပ်တည်ရေး ထူထောင်နိုင်အောင် လက်ခံကြတာဖြစ်ပါတယ်။

ဒီလုပ်ငန်းကို ဘဝရဲ့ လှေကားထစ်တစ်ဖွယ်အသုံးပြုကြတာက ၇၀ ရာခိုင်နှုန်းရှိတယ်လို့ ကိုမင်းမင်းတို့ အင်တာဗျူးထားတဲ့ စစ်တမ်းအစီရင်ခံစာအရ သိရပါတယ်။

ကျန်တဲ့ ၃၀ ရာခိုင်နှုန်းထဲမှာ မိသားစုဝင်ထဲ အရေးပေါ်လိုအပ်နေတဲ့ ငွေရေးကြေးရေးပြသာနာ ဖြေရှင်းဖို့ လက်ခံကြတာလည်း ရှိပါတယ်။။

Date Girl လုပ်ငန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းထဲက အမျိုးသမီးတွေရဲ့ ကွာခြားချက်မှာ Date Girl အမျိုးသမီးတွေဟာ ဆက်သွယ်ရေးနည်းပညာကို တတ်ကျွမ်းထားသူတွေ ဖြစ်ပြီး ဆင်းရဲချို့တဲ့သူမဟုတ်တဲ့ အလယ်အလတ် လူတန်းစားတွေဖြစ်ပါတယ်။

လူကုန်ကူးနေတဲ့ အေဂျင့်တွေ

အေဂျင့်တွေဟာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ Date Girl တွေရဲ့ လိင်ဆက်ဆံတဲ့ ဗီဒီယို၊ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရောင်းစားကြပြီး အကျိုးအမြတ်ရှာဖွေကြသလို အမျိုးသမီးတွေရဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေကို ရာခိုင်နှုန်း မတရားနုတ်ယူဖျက်တောက်ပြီး ခေါင်းပုံဖြတ်အကျိုးအမြတ်ယူကြပါတယ်။

ဒါ့အပြင် အပျိုစင် ရောင်းစားမှုတွေကို အေဂျင့်တွေက ပွဲစားပြုလုပ်ကြပြီး တရုတ်ဈေးကွက်တွေထဲ တိုးဝင်ကာ ပွဲစားခ အများအပြားရယူကြပါတယ်။

“အပျိုစင် ရောင်းစားတဲ့ထဲမှာ သိန်း ၃၀ လောက်ဆိုရင် တော်ရုံတန်ရုံလူတန်းစားတွေ မကပ်နိုင်ဘူးလေ။ တရုတ်ဈေးကွက်ဘဲ ရှိတယ်။ တကယ် အပျိုစင် ရောင်းစားခံရတဲ့ အမျိုးသမီးငယ်က အများဆုံး ၁၈ သိန်းဘဲ ရကြတယ်။ ကျန်တဲ့ ပိုက်ဆံတွေက အေဂျင့်တွေ ခွဲယူကြတယ်”

ရှမ်းမြောက်က အေဂျင့်တွေဟာ လူမှုစာမျက်နှာပေါ်တွေမှာ တိုင်းရင်းသားသူ အမျိုးသမီးနာမည်လှလှလေးတွေ အသုံးပြုထားပြီး အမှန်တကယ်မှာ ဗမာလူမျိုး အမျိုးသားအများစုသာ ဖြစ်ကြပါတယ်။

မမေလိုင်အလားတူ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေဟာ အေဂျင့်တွေကို တရားစွဲဆိုမှုတွေ အများအပြားရှိနေပေမယ့် ကင်းလွတ်နေပါတယ်။ အကြောင်းအရင်းက အေဂျင့်တွေဟာ ရှမ်းမြောက်မှာ ကိုယ်ပိုင်လက်နက်ကိုင်ဆောင်ထားတဲ့ ဌာနေ ပြည်သူ့စစ်တွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။

“အေဂျင့်တွေဆိုတာ အကောင်သေးသေးလေးတွေ။ တကယ့် ဂိုဏ်းတွေ ရှိတယ်။ အစိုးရ အာဏာပိုင်တွေနဲ့လည်း ပေါင်းထားတယ်”

လူကုန်ကူး ဂိုဏ်းတွေ

အေဂျင့်တွေဟာ လူကုန်ကူး ဂိုဏ်းတွေရဲ့ အစုအဖွဲ့အငယ်လေးတွေသာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl တွေကို လူကုန်းကူးတဲ့ ဂိုဏ်းတွေကို တရုတ် ငွေရှင်ကြီးတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်တွေက ပိုင်ဆိုင်ကြပါတယ်။

ရှမ်းမြောက် လားရှိုးမြို့က လူကုန်ကူး ဂိုဏ်းတစ်ခုကိုလည်း လားရှိုးမြို့အနီး အခြေစိုက်လှုပ်ရှားတဲ့ ပြည်သူ့စစ်တစ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် တရုတ်လူမျိုးတစ်ဦးက ပိုင်ဆိုင်ထားပါတယ်။ သူဟာ ဟိုတယ် တစ်ခုဖွင့်လှစ်ထားပြီး အဲ့ဒီဟိုတယ်ကနေ လားရှိုးမြို့က လူကုန်ကူးမှု (လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl)ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် အထက်ပါ ပြည်သူ့စစ်ခေါင်းဆောင်ဟာ တရုတ် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကိုလည်း ထိန်းချုပ်ထားပြီး တရုတ်လူမျိုး အမျိုးသမီးငယ်တွေကိုတော့ လိင်အကြမ်းဖက်မှု မပြုလုပ်နိုင်အောင်လည်း ကာကွယ်ပေးထားပါတယ်။

“သူ့လူမျိုးကိုတော့ အပြည့်အဝ ကာကွယ်ပေးထားတယ်။ ကောင်လေးဘက်က ကောင်မလေးကို အကြမ်းဖက်ရင်တောင်မှ ဟိုကောင် သေဖို့သာ ပြင်ထားဘဲ”

ဒီနှစ် နှစ်လည်ပိုင်းမှာဘဲ အထက်ပါ ပြည်သူ့စစ် ပိုင်ဆိုင်တဲ့ ဟိုတယ်အရှေ့မှာ ရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဟိုတယ်ဟာ နောက်တစ်နေ့မနက်မှာ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ ရဲဟာ သာမန်အဆင့်မဟုတ်တဲ့ ၃ ပွင့်နဲ့ ရဲမှူးအဆင့်ရှိသူ ဖြစ်ပြီး Date Girlတွေနဲ့ လိင်ဆက်ဆံချိန်မှာ လိင်အကြမ်းဖက်တာ၊ ဟိုတယ်ရှေ့မှာ ရန်လိုတောင်းကြမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“သာမန် ရဲတစ်ယောက် သေရင်တောင် ဟိုတယ်က ပိတ်ပစ်ရမယ့် ကိစ္စလေ”

ဒီလုပ်ငန်း မထိခိုက်အောင် ဘယ်လို ထိန်းချုပ်ထားလဲ။

လူကုန်ကူး ဂိုဏ်းတွေဟာ ဒေသအာဏာပိုင်တွေကို ဒီလုပ်ငန်း မထိခိုက်အောင် လုပ်ထုံးလုပ်နည်းအရ ငွေရေးကြေးရေးနဲ့ လွှမ်းမိုးထားနိုင်တယ်လို့ ယူဆကြတာတွေ ရှိပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေးနဲ့ မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl တွေနဲ့ လွှမ်းမိုးထားပါတယ်။

“ရှင်းရှင်းပြောရင် ကောင်မလေးတွေနဲ့ စပ်သ ထားတာပေါ့”

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အပြင် စစ်တပ် အကြီးအကဲတွေကို ဒီလုပ်ငန်းမှာရှိတဲ့ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံမှုတွေကို အခမဲ့ပေးထားပြီးတော့ လူကုန်ကူး ဂိုဏ်းတွေဟာ ဒီမှတ်တမ်းတွေကို သိမ်းဆည်းထားပါတယ်။

မှတ်တမ်းတွေ ပေါက်ကြားမှု ဖြစ်ပေါ်သွားမှာကြောက်တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ဒီလုပ်ငန်းကို မထိရဲဘဲဖြစ်နေကြသလို ၎င်းတို့ လူမှုဘဝထဲ ထိခိုက်လာမှာကိုလည်း ကြောက်နေကြပါတယ်။

လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl တွေကို မေးမြန်းထားချိန်မှာ လိင်ဆက်ဆံတဲ့အထဲမှာ ရဲအရာရှိ နဲ့ စစ်တပ်က အရာရှိတွေလို့ ယူဆရသူတွေလည်း ပါဝင်ခဲ့တယ်လို့ ဖြေဆိုထားကြတယ်လို့ ကိုမင်းမင်းက ပြောပါတယ်။

ဒါ့အပြင် လိင်ဆက်ဆံတဲ့အထဲမှာ အသက်အရွယ်ကြီးရင့်တယ်လို့ ယူဆရတဲ့ အသက် ၅၀ နှစ်အထက်က အိပ်ထောင်သည် အမျိုးသားအများစုနဲ့ စီးပွားရေး လုပ်ငန်းရှင်အမျိုးသားတွေ ပါဝင်ပါတယ်။

အလားတူ ဒီလုပ်ငန်းဟာ ပြည့်တန်ဆာလုပ်ငန်းတွေလို အခွန်ပေးဆောင်စရာမလိုဘဲ အခွန်ကင်းလွတ်နေပါတယ်။

ဒီလုပ်ငန်းကနေ ရုန်းထွက်ကြတဲ့ အမျိုးသမီးငယ်များ

လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl အဖြစ် ရုန်းထွက်နိုင်ဖို့ရာ ခဲယဉ်းကြတယ်လို့ ဆိုပါတယ်။ ပြည့်တန်ဆာလုပ်ငန်းတွေလို ကိုယ်ရေးအချက်အလက်တွေ ဖုံးကွယ်ထားခြင်းမရှိဘဲ Date Girl ကွန်ရက်တွေမှာ မျက်နှာပြ ကြေညာထားရတဲ့ ဒီလုပ်ငန်းမှာ တိတ်တစ်ဆိတ် ထွက်ခွာသွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

“ဘာမှကို လုပ်မရတော့ဘူး ဓာတ်ပုံကြီးနဲ့။ ကိုယ်က မလုပ်တော့ဘူးလို့ ဆုံးဖြတ်ရင်တောင်မှ ထွက်ဖို့ ခဲယဉ်းသွားပြီ”

ဒါ့အပြင် အေဂျင့်တွေဟာ စာချုပ်မှာပါဝင်တဲ့ Date Girl ကွန်ရက်တစ်ခုမှာသာ အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ မျက်နှာပြ ကြော်ငြာထားမယ်ဆိုပြီး သဘောတူထားပေမယ့် အမျိုးသမီးငယ်တွေမသိနိုင်တဲ့ တခြားသော Date Girl ကွန်ရက် အများအပြားမှာလည်း မျက်နှာပြ ကြော်ငြာထားမှုတွေကို လိုက်လံဖြန့်ဝေတာတွေ ရှိနေပါတယ်။

လိင်အကြမ်းဖက်မှုကို မခံနိုင်တော့တဲ့ အမျိုးသမီးငယ်တွေဟာ ဒီလုပ်ငန်းကနေ မရုန်းထွက်နိုင်တော့တာမျိုး ရှိသလို KTV ဆိုင်တွေမှာရှိတဲ့ အမျိုးသမီးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။ KTVဆိုင်တွေမှာတော့ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတာတွေကို သူတို့ ရှောင်ရှားကြပါတယ်။

ဒီလုပ်ငန်းကို တားဆီးနိုင်ပါ့မလား

လက်ရှိ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ တစ်ရက် အခြေခံလုပ်အားခ ၄၈၀၀ ကျပ် ဈေးနှုန်းနဲ့ ဘွဲ့ရ လူတန်းစားတွေရဲ့ တစ်လ လုပ်အားခ ၃ သိန်းဝန်းကျင်သာ ရရှိနေကြပြီး ဆန်တစ်အိတ်ဈေးနှုန်းဟာ ၁ သိန်းဝန်းကျင်ဖြစ်နေပါပြီ။

ဒါ့အပြင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အထွေထွေအကျပ်အတည်းတွေဖြစ်တဲ့ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း အဆမတန်မြှင့်မားမှုနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl အဖြစ် လူကုန်ကူးခံနေရမှုတွေရဲ့ ထောက်တိုင်တွေဖြစ်နေပြီး မဖြိုချနိုင်သမျှတော့ တားဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်နေတဲ့ ခုခံတော်လှန်စစ်ကို စစ်ရေးအရဖြေရှင်းနေပြီး Date Girl လုပ်ငန်းတွေမှာရှိတဲ့ လူကုန်ကူးမှုတွေကို လျှစ်လျူရှုထားသလို လက်ရှိအချိန်မှာလည်း ဒီလုပ်ငန်းတွေကို ထိန်းချုပ်မှု ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ ကိုမင်းမင်းက ယူဆထားပါတယ်။

စစ်ကောင်စီဟာ ဒီလုပ်ငန်းကို ထိန်းချုပ်တားဆီးတာ မပြုလုပ်တဲ့ အပြင် လူကုန်ကူးမှုနဲ့ဆက်စပ်လုပ်ငန်းတွေမှာ အသိပညာပေးမှုတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အဖွဲ့အစည်းမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ဝင်ငွေရလမ်း ဖော်ပြပေးရမယ်ဆိုပြီး ကန့်သတ်၊ တားဆီးထားတာကြောင့် လူကုန်ကူးမှုတားဆီးရေး အဖွဲ့အစည်းအများအပြားဟာ လျှို့ဝှက်ပြီး လုပ်ဆောင်နေကြရပါတယ်။

လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Date Girl အမျိုးသမီးငယ်တွေကတော့ ဒီလုပ်ငန်းတွေမှာ အေဂျင့်တွေရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေနဲ့ လိင်ဆက်ဆံချိန်မှ လိင်အကြမ်းဖက်ခံရမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေအတွက် အကာအကွယ်လေး တစ်ခုခုကို မျှော်လင့်နေကြပါတယ်။

CJ-0014

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now