ဆောင်းပါး

အောင်ပွဲမခံနိုင်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ရွေးပွဲနဲ့ ဒီမိုကရေစီ အောင်ပွဲအတွက် ဖြစ်လာနိုင်စရာ Plan B၊ Plan C များ

မဲခေါင် 14 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၄ ဇူလိုင် ၁၃ ရက်မှာ နိုင်ငံရဲ့ အယောက် ၃၀ မြောက် ထိုင်းဝန်ကြီးချုပ် ရွေးချယ်ပွဲကတော့ ပထမ ဦးစားပေး မဲအနိုင်ရ ပါတီ ခေါင်းဆောင် ဖိထာလင်ဂျာရိုအန်နက် တစ်ဦးတည်း ယှဉ်ပြိုင်ပြီး မဲပေးရာမှာ လိုအပ်တဲ့ မဲအရေအတွက် မရလို့ ကျရှုံးသွားခဲ့ရပါပြီ။

(ဘာသာပြန်ဆောင်းပါး)

မဲခေါင်၊ ဇူလိုင် ၁၄

ဇူလိုင် ၁၃ ရက်မှာ နိုင်ငံရဲ့ အယောက် ၃၀ မြောက် ထိုင်းဝန်ကြီးချုပ် ရွေးချယ်ပွဲကတော့ ပထမ ဦးစားပေး မဲအနိုင်ရ ပါတီ ခေါင်းဆောင် ဖိထာလင်ဂျာရိုအန်နက် တစ်ဦးတည်း ယှဉ်ပြိုင်ပြီး မဲပေးရာမှာ လိုအပ်တဲ့ မဲအရေအတွက် မရလို့ ကျရှုံးသွားခဲ့ရပါပြီ။

ရွေးကောက်ခံ အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ နဲ့ စစ်တပ်က ခန့်ထားတဲ့ ရွေးကောက်မခံ အထက်လွှတ်တော် အမတ် ၂၅၀ (တစ်ယောက် မနေ့က နုတ်ထွက်သွားလို့ ၂၄၉ ယောက်သာကျန်) စုစုပေါင်း ၇၄၉ မဲမှာ တစ်ဝက်ကျော်တဲ့ ၃၇၆ မဲ လိုအပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဖိထာကို ၈ ပါတီ မဟာမိတ်ပူးပေါင်း ထားမှုကနေရတဲ့ မဲအများစုက ၃၁၂ မဲရှိမယ်လို့ ခန့်မှန်းထားတဲ့ အတိုင်း မဲရခဲ့ပေမယ့် စစ်တပ်ခန့် အမတ်တွေထဲက ၁၃ မဲကသာ ဖိထာကို ထောက်ခံခဲ့လို့ စုစုပေါင်း ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၁၈၂ မဲ၊ ကြားနေမဲ ၁၉၉ မဲနဲ့ ဖိထာရဲ့ ဝန်ကြီးချုပ် မဲရွေးချယ်မှု ကျရှုံးသွားရပြီ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ဝန်ကြီးချုပ်ရာထူးကို လက်ဝါးရိုက် ရယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ်တို့ အသစ်ပြန် လည် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ပြည်သူ့ဆန ္ဒအများဆုံးနဲ့ မဲအနိုင်ရပါတီဟာ ဝန်ကြီးချုပ် ဖြစ်ခွင့်မရခဲ့မှုဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အလုံးစုံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အဟန့်အတား ဖြစ်ခဲ့ပါတယ်။

ဒီတော့ ဘာတွေ ဆက်ဖြစ်ကြမလဲက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဝန်ပြီးချုပ် ရွေးချယ်မှုအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းက ပထမအကြိမ် မဲအနိုင်ရပါတီရဲ့ ဝန်ကြီးချုပ်လောင်း လျှောက်ထားသူကို ဦးစားပေး မဲပေးမှု လုပ်ရတယ်။

ဒီမဲပေးမှုအတွက် လွှတ်တော်အမတ် ၅၀ လက်မှတ်ထိုးရင် စလို့ရပါပြီ။ ဝန်ကြီးချုပ် ရွေးချယ်မှု အတွက် ၃ ကြိမ်အထိ မဲပေးရွေးချယ်ခွင့်ရှိပါတယ်။ ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းပေး သွင်းနိုင်ဖို့က အမတ် ၂၅ နေရာ မဲနိုင်ထားရင် လျှောက်ထားလို့ရပါတယ်။ ဒါကြောင့် စစ်တပ်လော်ဘီပါတီအဖြစ် တတိယမဲ အများဆုံး အနိုင်ရ အမတ် ၇၁ နေရာရ Bhumjaithai Party ပါတီခေါင်းဆောင် ကျန်းမာရေးဝန်ကြီးဟောင်း အနူတင်ချန်ဗီရာ လိုလူလည်း အရွေးခံလို့ရပါတယ်။

ခု Move Forward Party ရဲ့ တစ်ဦးတည်းသော ဝန်ကြီးချုပ် ရွေးချယ်ခံသူ ဖိထာလင်ဂျာရိုအန်နက် အပြင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံဖို့ စာရင်းပေးထားသူပေါင်း ၉ ဦးရှိတယ်။ ဖွေထိုင်းပါတီက သက်ဆင်ရဲ့သမီး ပေထောင်တန်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာကြီး ဆရတ်သာသာဗီဆင်နဲ့ ယင်းလတ်ရှင်နာဝပ်တရာ တို့ကို စာရင်းတင်ထားတယ်။ အနူတင်ချန်ဗီရာ၊ အရင် ဝန်ကြီးချုပ် ပရာယွတ်နဲ့ ဒုဝန်ကြီးချုပ် ပရာဝစ်တို့ ဒီစာရင်းထဲ ပါတယ်။

ပရာယွတ်ကတော့ နိုင်ငံရေးလောက ကနေ အနားယူကြောင်း ရက်ပိုင်းက ကြေညာသလို သူ့ပါတီကလည်း ဝန်ကြီးချုပ်လောင်း စာရင်း မတင် တော့ဘူးလို့ ထုတ်ပြန်ထားတော့ ဝန်ကြီးချုပ် ဖြစ်လာနိုင်သူက လက်ချိုးရေလို့ ရနေပြီ။

ပထမတစ်ကြိမ် မဲပေးရွေးချယ်မှုအပြီး ဖိထာက ရလဒ်ကို လက်ခံကြောင်းနဲ့ မဟာမိတ် ၈ ပါတီပြန်လည် တိုင်ပင် ပြီး ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်မယ်လို့ ဆိုတယ်။ ဒုတိယအကြိမ် မဲရွေးပွဲကို ဇူလိုင် ၁၉ ဒါမှမဟုတ် ၂၀ မှာ ပြန် လည် ကျင်းပမယ်လို့ သိရတယ်။

အဲ့အချိန် စစ်အာဏာရှင်စနစ်ကို အပြီး တိုက်ဖျက်လိုတဲ့ MFP နဲ့ ဖွေထိုင်းပါတီကြီး ၂ ခု ဘယ်လိုဗျူဟာနဲ့ ထပ်ရွေးချယ်ခံကြမလဲ ဆိုတာက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ဖိထာ မျှော်လင့်သလို စစ်တပ်ခန့် အမတ်တွေဆီက အပါအဝင် မဟာမိတ် မဟုတ်တဲ့ ပါတီအမတ်တွေဆီက မဲ ၆၀ လောက်မရမှုမှာ အဓိက ပြဿနာက စော်ကားမိတာနဲ့ ထောင် ၁၅ နှစ်အထိ ကျတဲ့ ဘုရင်မိသားစု ဂုဏ်သရေကာကွယ်ရေးဥပဒေပုဒ်မ ၁၂၂ သို့မဟုတ် majeste law ကို ပယ်ဖျက် ဒါမှမဟုတ် ပြင်ဆင်မယ်လို့ ကြွေးကြော်ခဲ့လို့ပါ။

စစ်တပ်ခန့် အမတ်အားလုံး နီးပါးက ရှင်ဘုရင်ရဲ့ ဘုန်းတန်ခိုး ကျဆင်းမှု မရှိစေဖို့၊ ဘုရင်စနစ် မပပျောက်စေဖို့ ဒီဥပဒေကို အသက်နဲ့လဲ ကာကွယ် ချင်ကြတာကြောင့် ဖိထာကို မဲမပေးခဲ့ကြတာမျိုး ဖြစ်ပါတယ်။ ဒီတော့ နောက်လာမယ့် ဒုတိယအကြိမ် ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုမှာ ဖိထာနဲ့ ဒီမိုကရေစီ ဘက်တော်သားပါတီတွေရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး Plan B၊ Plan C တွေက ဘာတွေဖြစ်လာနိုင်မလဲ။

ထိုင်းနိုင်ငံရေး ကျွမ်းကျင် ဂျာနယ်လစ် ပရာဗစ်ရိုဂျာနက်ရက်ရဲ့ Plan B၊ Plan C သုံးသပ်ချက်က တော်တော်လေး ဖြစ်နိုင်ချေရှိလို့ တင်ပြလိုက်ပါတယ်။

Plan B က ဖိထာ ဆက်လက်ဝင်ပြိုင်ပြီး သူ့ကို မဲမပေးစေတဲ့ အဓိက အဆို majeste law ကို မထိပါး တော့ဘူးလို့ ပြန်ကတိပေးခြင်းနဲ့ မျှော်လင့်သလို ဝန်ကြီးချုပ် မဲအရေအတွက် ပြန်ရနိုင်မလားဆိုတဲ့ အချက်လည်း ထည့်စဉ်းစားရမယ်။

ဒီလိုဆိုရင်လည်း အလုံးစုံ ဒီမိုကရေစီအသွင်ပြောင်းရေး ရည်မှန်းချက် ထိပါးစေမယ်။ ဘုရင် မျိုးတော် ဆွေတော် တွေကို ဝေဖန်လို့ ထောင်ကျနေသူ ရာချီရှိနေမှုဟာ နောက်လည်း ထပ်တိုးလာမယ်။ ဒါဟာ အနာဂတ်အတွက် ချိန်ကိုက်ဗုံး ဖြစ်လာနိုင်လို့ ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ အဆိုပြုတာပါလို့ ဖိထာ ပြောခဲ့တဲ့စကား မတည်သလို ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ချက်က လက်ရှိ စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ လွှတ်တော်အမတ် ကက်တမ်းက ၂၀၂၄ မေလမှာ ပြည့်မယ်။ ဒါကြောင့် ၁၀ လကို ဒီအမတ်တွေ ဆက်ထား၊ အရင် ပရာယွတ် အစိုးရအဖွဲ့ကို ဆက်ပြီး အိမ်စောင့်အစိုးရအဖြစ် ဆက်ထားပြီးမှ ဖိထာကိုပဲ ဝန်ကြီးချုပ်အဖြစ် ပြန်လည် မဲပေး ရွေးကောက် တင်မြှောက်တာမျိုး လုပ်မလားဆိုတဲ့ အချက်ပဲ။

ဒီလိုဆိုရင်တော့ အဘက်ဘက်က ကျဆင်းနေတဲ့ ထိုင်းနိုင်ငံ စီးပွားရေး၊ စတော့ ဈေးကွက်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ ၁၀ လအတွင်း ဆိုးသထက် ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်သွားရမှာ ထည့်စဉ်းစားသင့်ပြန်ရော။

ဒီဖြေရှင်းပုံကို ဖွေထိုင်းပါတီ လွှတ်တော်အမတ် ချက်တူရွန်ချိုင်ဆန်း က ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက အကြံပြုခဲ့တာပါ။ ဒီ စစ်တပ်ခန့် အမတ် ၂၅၀ သက်တမ်းကုန်သွားမှ စိတ်ကြိုက် အစိုးရအဖွဲ့ ဖွဲ့လို့ရတဲ့ နည်းလမ်းပေါ့။

Plan C ကတော့ ဒုတိယမဲ အများဆုံး အနိုင်ရထားပြီး ဒီရွေးကောက်ပွဲ မတိုင်မီ ထိုင်းပြည်သူတွေ အကြိုက်ဆုံး ပါတီ အဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံဖို့ ပဏာမ တင်ပြထားသူ ၃ ယောက်ထဲက သက်ဆင် သမီး ပေထောင်တန်ဖြစ်ဖြစ်၊ ဩဇာကြီးမားတဲ့ ဘီလီယံနာကြီး ဆရတ်သာသာဗီဆင် ကိုပဲဖြစ်ဖြစ် ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးချယ်ပွဲမှာ စင်တင်ဖို့ပါ။

MFP နဲ့ ဖွေထိုင်းပါတီတို့ ၈ ပါတီ မဟာမိတ်လုပ်ဖွဲ့ တုန်းက ဖိထာ ပထမအ ကြိမ်မဲပေးမှုမှာ အနိုင်မရခဲ့ရင် ဒုတိယ အကြိမ်မှာ ဖွေထိုင်းက တင်တဲ့သူကို အားလုံးဝိုင်းပြီး မဲပေး၊ ဝန်ကြီးချုပ် ဖြစ်လာရင် ဖိထာ ဒါမှမဟုတ် MFP က ခေါင်းဆောင် တစ်ယောက်ကို ဒုတိယ ဝန်ကြီးချုပ်ရာထူး ပေးဖို့ သဘောတူထားတယ်ဆိုတဲ့ မူအတိုင်း သွားတဲ့ လမ်းစဉ်ပါ။

ဒီလောက်နဲ့ စစ်တပ်အမတ် ၂၅၀ ဆီက မဲလုံလောက်အောင် မရနိုင်လောက်ဖူးထင်သေးရင် ဖွေထိုင်းဟာ ဒီမိုကရေစီလမ်းစဉ် လက်ခံတဲ့ လက်ရှိ မဟာမိတ်ပါတီတွေနဲ့ လမ်းခွဲပြီး ဒီမိုကရေစီ အတိုက်အခံပါတီတွေဖြစ်တဲ့ Phalang Pracharath Party နဲ့ Bhumjai Thai တို့နဲ့ ပေါင်းပြီး ဝန်ကြီးချုပ်ရာထူး အတွက် ရွေးချယ်ခံမလား။

ဝန်ကြီးနေရာတွေကို အရင် ပရာယွတ် လက်ထက်က ဝန်ကြီးတွေ အတိုင်း ဆက်ထားပေးမယ်ဆိုပြီး ဖွေထိုင်းပါတီ ကိုယ်စားပြုသူကို ဝန်ကြီးချုပ်လုပ်ခွင့် မဲတောင်းတာမျိုးဆိုရင် တစ်ဖက်က ဝမ်းသာအယ်လဲ လက်ခံမယ့် သဘောမျိုးရှိလို့ ဒီလမ်းစဉ်နဲ့ စည်းရုံးမလား ဆိုတာပါ။

ဒါဆိုရင် MFP နဲ့က အတိုက်အခံပါတီ ပြန်ဖြစ်သွားမယ်။ နောက်လာမယ့် ရွေးကောက်ပွဲ အဆက်ဆက် ဒီမိုကရေစီ ထောက်ခံသူတွေ အားလုံးကြားမှာ ဆိုးရွားတဲ့ နာမည်ပျက်ကြီး ဖြစ်သွားစေမယ့် ဒီလို လမ်းစဉ်ကိုတော့ ဖွေထိုင်း မရွေးချယ်လောက်ဘူးလို့ မျှော်လင့်ရတာပါပဲ။

နောက်တစ်လမ်း စဉ်းစားစရာ ရှိတာက ၂၅၀ သော စစ်တပ်ခန့် အမတ်တွေနဲ့ အစိုးရသစ်ကို ဖွဲ့တဲ့အခါ အရေးမပါတဲ့ လူနည်းစုရဲ့ အစိုးရအဖွဲ့အဖြစ် သူတို့ဘက်ကလူကို ဝန်ကြီးချုပ် တင်မြှောက်ပေးလိုက်တာမျိုး။

ဒုတိယဝန်ကြီးချုပ် လုပ်ခဲ့တဲ့ Phalang Pracharath Party ခေါင်းဆောင် ပရာဝစ် ဒါမှမဟုတ် တစ်ကြိတ်တည်း တစ်ဉာဏ်တည်း ဖြစ်တဲ့ Bhumjai Thai Party ခေါင်းဆောင် အနူတင်ချန်ဗီရာကူကို ဝန်ကြီးချုပ်တင်မြှောက်။ လွှတ်တော်ထဲ မဲခွဲတဲ့အခါ ဒီမိုကရေစီ ကိုယ်စားပြု အမတ်တွေ အင်အားက အားကြီးလွန်းတော့ စစ်တပ်ခန့် အမတ်တွေနဲ့ သူတို့ ဝန်ကြီးချုပ်ဟာ တစ်နှစ်တာ ဘတ်ဂျက်ထုတ်ပြန်ရေးမှာတောင် လုံလောက်တဲ့ ထောက်ခံမဲ မရနိုင်ဘဲ အရေးမပါတဲ့ လူတစ်စုအဖြစ်ထားရှိတဲ့ လမ်းစဉ်မျိုး ရွေးမလားဆိုတာပါ။

ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ အနာဂတ်ကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူ့ဆန္ဒနဲ့ ပြည်သူသဘော ထားအတိုင်း အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်လာဖို့ကတော့ ရှေးရိုးစွဲ၊ လူ့ကန့်လန့်၊ ကိုယ်ကျိုးစီးပွား၊ အာဏာမက်သူတွေကြောင့် ခက်ခဲနက်နဲတဲ့ အခြေအနေမှာ ရှိနေဆဲပါပဲ။

ဘယ်လိုပုံစံနဲ့ ဒီမိုကရေစီ အင်အားစုတွေ နိုင်ငံတော်သစ် တည်ဆောက်သွားမလဲ ဆိုတာ မဖြစ်မနေ စောင့်ကြည့်ရပါလိမ့်မယ်။ ပြည်သူ့ ဆန္ဒသည်သာ ဥပဒေ အဖြစ် ကမ္ဘာတည်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

MKF-001

#MekongNews

#ဝန်ကြီးချုပ်

#Bhumjaithai-Party

#ဖိထာလင်ဂျာရိုအန်နက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now