ဆောင်းပါး

အီရန်မှာ ဘာတွေ ဆက်ဖြစ်နေသလဲ

မဲခေါင် 10 Feb - 2026
~ CWM ~ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့တယ်။ ကုန်ဈေးနှုန်း ရုတ်တရက်ကြီးမြင့်သွားပြီး အီရန်ငွေတန်ဖိုး ထိုးကျသွားရာက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံးကို ကူးစက်သွားပြီး အစိုးရဆန့်ကျင်ရေး၊ အလီခါမေနီအစိုးရပြုတ်ကျရေးအထိ တောင်းဆိုခဲ့ကြပြီး အီရန်တော်လှန်ရေးအစောင့်တပ်တွေရဲ့ နှိမ်နင်းမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုတယ်။ အီရန်ဆန္ဒပြပွဲတွေဟာ ဒီဇင်ဘာ(၂၈)မှာ စတင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ(၈)ရက်မှာ အီရန်အစိုးရက အင်တာနက်တွေ ပိတ်ချလိုက်ပြီးနောက်ပိုင်းမှာ အဆိုးဆုံးအခြေအနေကို ဆိုက်ရောက်ခဲ့တယ်။ မြိုတော် တီဟီရန်ရဲ့ လမ်းမများပေါ်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ပြည်သူ့စစ်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲတဲ့အတွက် သေဆုံး၊ ဒဏ်ရာရသူ အမြောက်အများရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ အင်တာနက်နဲ့

~ CWM ~

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့တယ်။ ကုန်ဈေးနှုန်း ရုတ်တရက်ကြီးမြင့်သွားပြီး အီရန်ငွေတန်ဖိုး ထိုးကျသွားရာက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံးကို ကူးစက်သွားပြီး အစိုးရဆန့်ကျင်ရေး၊ အလီခါမေနီအစိုးရပြုတ်ကျရေးအထိ တောင်းဆိုခဲ့ကြပြီး အီရန်တော်လှန်ရေးအစောင့်တပ်တွေရဲ့ နှိမ်နင်းမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုတယ်။

အီရန်ဆန္ဒပြပွဲတွေဟာ ဒီဇင်ဘာ(၂၈)မှာ စတင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ(၈)ရက်မှာ အီရန်အစိုးရက အင်တာနက်တွေ ပိတ်ချလိုက်ပြီးနောက်ပိုင်းမှာ အဆိုးဆုံးအခြေအနေကို ဆိုက်ရောက်ခဲ့တယ်။ မြိုတော် တီဟီရန်ရဲ့ လမ်းမများပေါ်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ပြည်သူ့စစ်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲတဲ့အတွက် သေဆုံး၊ ဒဏ်ရာရသူ အမြောက်အများရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ အင်တာနက်နဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို ပိတ်ဆို့ထားလိုက်တဲ့အတွက် အီရန်နိုင်ငံထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြင်ပကမ္ဘာက အမှန်မသိကြရဘူး။ ရသမျှ ဗီဒီယိုရုပ်သံသတင်းတွေအရ ဆေးရုံတွေမှာ သေဆုံးသူများရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေပြည့်နေတာတွေ့ရကြရတယ်။ ဒီဆန္ဒပြပွဲဟာ ၁၉၇၉ခုနှစ် အီရန် ရှားဘုရင်တော်လှန်ရေးနောက်ပိုင်းမှာ အကြီးမားဆုံးဖြစ်ခဲ့ပြီး ဆန္ဒပြသူတချို့က ပြည်ပရောက် ရှားဘုရင်ရဲ့သားဖြစ်သူ ရေဇာ ပါလာဝီ ပြန်လာဖို့ တောင်းဆိုခဲ့ကြတယ်။ အီရန်အစိုးရကတော့ ဒီဆန္ဒပြပွဲကို နောက်ကွယ်က သွေးထိုးလှုံ့ဆော်ပေးနေတာ အမေရိကန် နဲ့ အစ္စရေးဖြစ်ပြီး ဆန္ဒပြကြသူတွေဟာ အဖျက်သမားတွေ၊ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ဆိုတယ်။

အီရန်ဆန္ဒပြပွဲ အရှိန်အဟုန်မြင့်မားလာနေစဉ်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ပြည်သူတွေကို ကူညီဖို့ အမေရိကန်တပ်တွေ လာနေပြီလို့ ပြောဆိုလိုက်တယ်။ တဆက်တည်းမှာပဲ အီရန်ကို တိုက်ခိုက်ပြီး အစွန်းရောက် ဘာသာရေးခေါင်းဆောင် အလီ ခါမေနီကို ဖြုတ်ချဖယ်ရှားဖို့ အမေရိကန်တပ်တွေကို အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်ခဲ့ပြီး စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်။ တိုက်လေယာဉ် (၇၀) တင်ဆောင်ထားတဲ့ အေဗရာဟင် လင်ကွန်း လေယာဉ်တင်သင်္ဘောဟာ အာရေဗျပင်လယ်ပြင်ကို ရောက်ရှိ ကျောက်ချရပ်နားထားသလို အခြားသော စစ်ရေယာဉ်တွေလည်း အသင့်အနေအထားမှာ ရှိနေတယ်။ တာဝေးပစ်ဒုံးပျံတွေ၊ ဗုံးကြဲလေယာဉ်တွေလည်း စစ်ဆင်ဖို့ အသင့်အနေထားမှာ ရှိနေတဲ့အတွက် အီရန်ကို အမေရိကန်တပ်တွေက ဝင်တိုက်တော့မလားလို့ တကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ကြတယ်။

ခုလို အီရန်နဲ့ အနီးဝန်းကျင်မှာ စစ်အင်အားဖြည့်တင်းချထားတာကို ထရမ့်က beautiful armada လို့ ခေါ်တယ်။ စစ်ပွဲက ဘယ်အချိန် စတင်မလဲ စောင့်ကြည့်နေစဉ်မှာပဲ အီရန် နဲ့ အမေရိကန်ကြား သံတမန်ဆက်သွယ် စကားပြောမှုတွေ ရှိလာတယ်။ ထရမ့်က စစ်ရေးပြင်ဆင်နေချိန်မှာပဲ အီရန်က ဆန္ဒပြပွဲတွေ တဖြည်းဖြည်းနဲ့ ပြန်လည်ငြိမ်သက်သွားတယ်။ အီရန်ဆန္ဒပြပြည်သူတွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် အမေရိကန်က ဝင်ရောက်အရေးယူဖို့ ပြုလုပ်နေချိန်မှာပဲ ဆန္ဒပြပွဲတွေ လျော့ကျသွားခဲ့တယ်။

အီရန်အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဆန္ဒပြပွဲအတွင်း ပစ်ခတ်နှိမ်နင်းမှုကြောင့် လူပေါင်း (၃၁၁၇)ယောက် သေဆုံးတယ်လို့ ဆိုတယ်။ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများရဲ့ ထုတ်ပြန်ချက်မှာတော့ လူပေါင်း (၆၉၆၁)သေဆုံးပြီး (၅၁၀၀၀)ဖမ်းဆီးခံရတယ်လို့ ဆိုတယ်။

အီရန်ဆန္ဒပြပွဲဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး အကြပ်အတည်းကြောင့် ပေါ်ပေါက်လာတာဖြစ်ပေမယ့် နောက်ပိုင်းမှာ လူထုမကျေနပ်မှုဟာ အစိုးရဘက် လှည့်လာပြီး အီရန်အစိုးရပြုတ်ကျရေး၊ အစိုးရဆန့်ကျင်ရေးအဖြစ် ပြောင်းလဲပြီး တနိုင်ငံလုံး မြို့ကြီးမြို့ငယ်တွေအထိ ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့တယ်။ အီရန်နိုင်ငံဟာ အစွန်းရောက် ဘာသာရေးခေါင်းဆောင် အလီ ခါမေနီ ဦးဆောင်တဲ့ အစ္စလမ်မစ်နိုင်ငံတခုဖြစ်ပြီး ရှေးရိုး အစ္စလာမ် ထုံးတမ်းစဉ်လာများကို လိုက်နာကြရတယ်။ အမျိုးသမီးများအားလုံး အစ္စလာမ်ထုံးစံနဲ့

အညီ ဦးခေါင်းမှာ hijab ကို အုပ်ဆောင်းထားကြရတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့် တားမြစ်ထားပေမယ့် အီရန်အစ္စလာမ်မစ်နိုင်ငံမှာ မကြာခဏဆိုသလို အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ အခု ဆန္ဒပြပွဲတွေ မတိုင်မီ ၂၀၂၃ ခုနှစ်ကလည်း မာဆာ အာမီနီ အမည်ရှိ အမျိုးသမီးတဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရမှုကို အကြောင်းပြုလို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ဖူးပြီး လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရတယ်။ အီရန်အစိုးရဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတိုင်းကို ရက်ရက်စက်စက်နှိမ်နင်း ဖြိုခွဲလေ့ရှိသလို အတိုက်အခံတွေ၊အစိုးရကို ဆန့်ကျင်ကြသူတွေကိုလည်း ဖိနှိပ်ထားလေ့ရှိတယ်။ မကြာသေးမီကပဲ အီရန်အမျိုးသမီး နိုဘယ်ဆုရှင် နာဂျက်ဇ် မိုဟာမန်ဒီကို အစိုးရဆန့်ကျင်ရေး လှုံ့ဆော်ဟောပြောမှုနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ချမှတ်ခဲ့တယ်။

ဇန်နဝါရီလအတွင်း အီရန်တနိုင်ငံလုံး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ စစ်ရေးပြင်ဆင်မှု ကြီးမားလာခဲ့တယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လက ဖြစ်ပွားခဲ့တဲ့ အစ္စရေး-အီရန် (၁၂)ရက်ကြာ စစ်ပွဲမှာ ပါဝင်ခဲ့ပြီး အီရန်ရဲ့ နျူးကလီယားထုတ်လုပ်ရေးစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။

အမေရိကန်က လေယာဉ်တင်သင်္ဘောကြီး အေဗရာဟင် လင်ကွန်း အပါအဝင် ရေတပ်သင်္ဘောတွေ၊ တာဝေးပစ်ဒုံးကျည်တွေနဲ့ ခုတခါမှာ စစ်ပြင်လာတဲ့အတွက် ဖြစ်ပေါ်လာမယ့် အီရန်စစ်ပွဲကို လူအများ စိတ်ဝင်စားနေကြချိန်မှာပဲ ဖေဖော်ဝါရီလဆန်းမှာ ဒေါ်နယ်ထရမ့် လေသံပြောင်းသွားတယ်။ အီရန် နဲ့ အမေရိကန်ကြား တင်းမာမှုတွေ လျှော့ချဖို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်။ ထရမ့်က သံတမန်ရေးက ပထမအဆင့် ဦးစားပေးဖြစ်ပြီး စစ်ရေးက နောက်တဆင့်ဟု ဆိုသည်။ ” သူတို့တွေ အတော်လေး စိုးရိမ်နေကြပါပြီ” လို့ ထရမ့်က ဆိုတယ်။

အီရန်ဘက်က နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရပ်ချီ နဲ့ အမေရိကန် ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၊ ဂျာရက် ကုရှ်နာ တို့ ပြီးခဲ့တဲ့ သောကြာနေ့(ဖေဖော်ဝါရီ-၆)က အိုမန်နိုင်ငံမှာ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။

ဒီတွေ့ဆုံမှုဟာ အစ္စရေး-အီရန် (၁၂)ရက်ကြာ စစ်ပွဲအပြီး ပထမဦးဆုံး အီရန်-အမေရိကန် ကိုယ်စားလှယ်များ မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်တယ်။ အဓိက ဆွေးနွေးကြတဲ့အကြောင်းအရာက အီရန်က ပြုလုပ်နေတဲ့ နျူးကလီယားလောင်စာ ယူရေနီယံသန့်စင်ရေးကို ဆက်မလုပ်ဖို့ နဲ့ ရှိပြီးသား သန့်စင်ပြီး ယူရေနီယံ ပေါင်(၄၀၀)ကို လွှဲပြောင်းပေးဖို့အပြင် အီရန်ရဲ့ တာဝေးပစ် ဒုံးပျံတွေကို ဖယ်ရှားပစ်ဖို့၊ ဒေသတွင်း လက်နက်ကိုင်အုပ်စုတွေဖြစ်တဲ့ ဟားမတ်စ်၊ ဟူသီ နဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့တွေကို ထောက်ပံ့ကူညီမှု မပြုဖို့ အမေရိကန်က တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အရပ်ချီက တောင်းဆိုမှုကို လက်မခံဘဲ ငြင်းပယ်ခဲ့တယ်။ အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်သလို အမေရိကန်က စစ်ရေးနဲ့ ခြိမ်းခြောက်လာလည်း ကြောက်မှာမဟုတ်ဘူးလို့ တုန့်ပြန်လိုက်တယ်။

ဒီတွေ့ဆုံဆွေးနွေးမှုဟာ အလွန်ကောင်းတယ်လို့ ထရမ့်ကပြောသလို အီရန်သမ္မတ မာဆွတ် ပီဇက်စကီယန်ကလည်း ရှေ့ခြေလှမ်းတွက် အစကောင်း ဖြစ်တယ်လို့ ဆိုတယ်။

ထရမ့်ရဲ့ အီရန်ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နဲ့ သားမက်ဖြစ်သူ ဂျာရက် ကုရှ်နာတို့ဟာ လေယာဉ်တင်သင်္ဘော အေဗရာဟင် လင်ကွန်းပေါ်တက်ရောက်ပြီး တပ်ဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ ထရမ့်ရဲ့ သတင်းစကားအတိုင်း အင်အားကတဆင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး မိမိတို့လုံခြုံရေးကို စောင့်ရှောက်သွားမယ်လို့ဆိုတယ်။ အီရန် နဲ့ အမေရိကန် နှစ်ဖက်တွေ့ဆုံမှုတွေရှိပြီး နှစ်ဖက်စလုံးက အခြေအနေကောင်းတယ်လို့ ဆိုနေပေမယ့် စစ်ပွဲဖြစ်လာနိုင်ခြေကတော့ ရှိနေတုန်းပဲဖြစ်တယ်။

ခုဆိုရင် အီရန်နဲ့ အမေရိကန် စစ်ရေးပြင်ဆင်မှုနဲ့ တင်းမာနေမှုဟာ ကမ္ဘာသတင်းမျက်နှာစာပေါ်မှာ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သလို ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ် အီရန်တနိုင်ငံလုံး ဆန္ဒပြပွဲတွေ အထွတ်အထိပ်ရောက်လာစဉ် ဒေါ်နယ်ထရမ့်က အီရန်ဆန္ဒပြပြည်သူတွေကို ကူညီဖို့ အမေရိကန်တပ်တွေ လာနေပြီဆိုပြီး အားပေးခဲ့တယ်။ တကယ်ပဲ အီရန်ကို အမေရိကန်က ဝင်တိုက်ပြီး ခါမေနီအစိုးရကို ဖယ်ရှားတော့မလားလို့ ထင်မှတ်ယူဆနေချိန်မှာပဲ ဒေါ်နယ်ထရမ့် လေသံပြောင်းသွားခဲ့တယ်။

နှစ်ဖက်သံတမန်တွေ တွေ့ဆုံစကားပြောကြဖို့ ညှိနှိုင်းကြတဲ့အခါ အီရန်ကလည်း တွေ့ဆုံပါမယ်လို့ ခေါင်းညှိတ်ခဲ့တယ်။ အီရန်နိုင်ငံထဲမှာ ဆန္ဒပြပွဲတွေ ငြိမ်သက်သွားပြီလို့လည်း ဆိုတယ်။

အမေရိကန်အနေနဲ့ စစ်ရေးပြင်ဆင်မှုတွေ အမှန်တကယ်ပြုလုပ်နေပြီး နောက်ဆုံးမှာ တွေ့ဆုံစကားပြောရေး ဖြစ်သွားတယ်။ ထရမ့်ဟာ ဖိနှိပ်ခံအီရန်ပြည်သူတွေ လွတ်မြောက်ဖို့ထက် အမေရိကန် အကျိုးစီးပွား ဘယ်လောက်ရှိသလဲဆိုတာကို တွက်ဆတယ်။ စစ်ပွဲဆင်နွှဲလိုက်လို့ ပေးဆပ်လိုက်ရမယ့် အရင်းအနှီးနဲ့ ပြန်ရနိုင်မယ့် အနေအထားကို တွက်ဆတယ်။ ထရမ့်လိုချင်တာ အီရန်ကို မိမိဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဖြစ်လာဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဖြစ်တယ်။ အီရန် နျူးကလီးယားလက်နက် မပိုင်ဆိုင်ဖို့၊ တားဝေးပစ်ဒုံးပျံတွေ ဖယ်ရှားဖို့၊ အကြမ်းဖက်အဖွဲ့တွေကို မထောက်ပံ့ဖို့ ဖြစ်တယ်။ ဗင်နီဇွဲလားလို အီရန်ကို စစ်ဆင်ဖို့ မဖြစ်နိုင်သလို လေကြောင်းတိုက်ခိုက်မှုတခုတည်းနဲ့ စစ်ပွဲအနိုင်ယူဖို့ မဖြစ်နိုင်ဘူး။ စစ်ပွဲကို စတင်လိုက်ရင် ဒီစစ်ပွဲဟာ ဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်သွားနိုင်တယ်။ ထရမ့်က ပါးနပ်သူဖြစ်တယ်။ အီရန် ဘာသာရေးအစွန်းရောက် ခါမေနီအစိုးရကို ဖယ်ရှားဖို့ ကြံရွယ်ထားပြီးဖြစ်ပေမယ့် အကျိုးဆက်ကို တွက်ဆပြီး လေသံပြောင်းလိုက်တာ ဖြစ်တယ်။

တဖက် အီရန်ကလည်း အမေရိကန် လတ်တလော ဝင်လာမတိုက်ဖို့ အလွန်အရေးကြီးတယ်။ တွေ့ဆုံစကားပြောပြီး တတ်နိုင်သလောက် အချိန်ဆွဲ(bying time) လုပ်ထားဖို့လိုတယ်။ ခုတခါ တွေ့ဆုံမယ်။ နောက်တခါ ထပ်တွေ့မယ်။ အချိန်ဆွဲပြီး သွေးအေးသွားအောင်၊ ဆန္ဒပြပွဲ ရက်စက်မှုတွေ၊ သွေးထွက်သံယိုမှုတွေ တဖြည်းဖြည်းနဲ့ မေ့သွားအောင် အာဏာရှင်တွေရဲ့ လုပ်နည်းအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။ နိုင်ငံရေးဟာ မရိုးရှင်းဘူး။ အားလုံးဟာ အကျိုးစီးပွားကို အခြေခံကြတယ်။

ခုတော့ အီရန်မှာ ဘာဆက်ဖြစ်နေသလဲ။ အစိုးရရဲ့ ဖိနှိပ်ရက်စက်မှုတွေကို မကျေမနပ်ဖြစ်နေကြတဲ့ ဆန္ဒပြသူတွေဟာ အကြောက်တရားအောက်မှာ ငြိမ်သက်နေကြရတယ်။ နှစ်တွေကြာသွားတဲ့အခါ ဒီဆန္ဒပြပွဲဟာ သမိုင်းမှတ်တမ်းတခုအနေနဲ့ပဲ ကျန်နေခဲ့တော့မှာလား မသိနိုင်သေးပါ..။

#CWM ref: Can US help Iran ? What Iranian say-inside and outside the country. Iran defies US threats to insist on right to enrich uranium. Reuters.BBCWorld.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now