ဆောင်းပါး

တရုတ် မွေးဖွားနှုန်း ဘာကြောင့် သမိုင်းဝင်ကျဆင်းလာသနည်း- လူဦးရေ ထပ်မံလျော့နည်းလာခြင်း

မဲခေါင် 27 Jan - 2026
~ လင်းမောင် ~ မနှစ်က တရုတ်နိုင်ငံ၏ မွေးဖွားနှုန်းသည် သမိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ကြောင်း နောက်ဆုံး ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရှိရသည်။ တရုတ်အစိုးရ၏ မိသားစု ထောက်ပံ့ရေးနှင့် ကလေးထိန်းသိမ်းစောင့်ရှောက်ရေးစားရိတ်များ အရှိန်မြှင့်ထောက်ပံ့နေသည့် မူဝါဒများ မအောင်မြင်ခြင်း၏ သက်သေပင်ဖြစ်သည်။ ထိုအခြေအနေက လာမယ့် ဆယ်စုနှစ်များ အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး၊ အလုပ်အကိုင်စျေးကွက်၊ လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို ပုံစံ အခင်းအကျင်းအသစ်အဖြစ် ပြောင်းလဲကာ ဆိုးကျိုးများ သက်ရောက်စေတော့မည်မှာ စိုးရိမ်စရာပင်။ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် မွေးဖွားမှုနှုန်းမှာ ၇ . ၉၂ သန်းသာရှိခဲ့သည်။ ရှေ့တစ်နှစ်က ၉ . ၅၄ သန်းမွေးဖွားခဲ့သည်နှင့်ယှဉ်လျှင် ၁၇

~ လင်းမောင် ~

မနှစ်က တရုတ်နိုင်ငံ၏ မွေးဖွားနှုန်းသည် သမိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ကြောင်း နောက်ဆုံး ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရှိရသည်။ တရုတ်အစိုးရ၏ မိသားစု ထောက်ပံ့ရေးနှင့် ကလေးထိန်းသိမ်းစောင့်ရှောက်ရေးစားရိတ်များ အရှိန်မြှင့်ထောက်ပံ့နေသည့် မူဝါဒများ မအောင်မြင်ခြင်း၏ သက်သေပင်ဖြစ်သည်။ ထိုအခြေအနေက လာမယ့် ဆယ်စုနှစ်များ အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး၊ အလုပ်အကိုင်စျေးကွက်၊ လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို ပုံစံ အခင်းအကျင်းအသစ်အဖြစ် ပြောင်းလဲကာ ဆိုးကျိုးများ သက်ရောက်စေတော့မည်မှာ စိုးရိမ်စရာပင်။

၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် မွေးဖွားမှုနှုန်းမှာ ၇ . ၉၂ သန်းသာရှိခဲ့သည်။ ရှေ့တစ်နှစ်က ၉ . ၅၄ သန်းမွေးဖွားခဲ့သည်နှင့်ယှဉ်လျှင် ၁၇ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။၁၉၄၉ ခုနှစ်နောက်ပိုင်း မွေးဖွားနှုန်းအနည်းဆုံး နှစ်လည်းဖြစ်လာသည်။ ထိုကြားကာလအတွင်း ကလေးအများဆုံးမွေးဖွားသည့် ၂၀၁၆ ခုနှစ်နှုန်းနှင့်ယှဉ်လျှင် ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် မွေးဖွားနှုန်း တစ်ဝက်ကျော်အထိ ကျဆင်း သွားသည်ကို မြင်တွေ့ရသည်။ လူဦးရေ အလွန်အကျွံ များပြားမှုနှင့် ကြာရှည်စွာ ရုန်းကန်ခဲ့ရသည့် နိုင်ငံကြီးအတွက် မယုံနိုင်ဖွယ်ရာ ပြောင်းပြန်လှန်အချိုးကျသွားမှုတစ်ခု ဖြစ်သည်။

တစ်နိုင်ငံလုံး လူဦးရေအတိုင်းအတာသည်လည်း ရှေ့တစ်နှစ်ကထက် ၃ . ၃၉ သန်းကျဆင်းသွားပြီး လူဦးရေးမှာ ၁ . ၄၀၄၉ ဘီလီယံသာရှိတော့သည်။ ၁၉၅၉ မှ ၁၉၆၁ ခုနှစ်အတွင်း အစာရေစာငတ်မွတ်ခေါင်းပါးမှုကပ်ဘေးဆိုက်သည့် နှစ်များထည့်မတွက်သည့် စာရင်တွင် အမြန်ဆုံး လူဦးရေးလျော့ကျသွားခြင်းလည်း ဖြစ်သည်။ သေဆုံးနှုန်းကမူ ၁၁ . ၃၁ သန်းအထိ မြင့်တက်လာသည်။ ဆယ်စုနှစ် ၅ နှစ်အတွင်း အမြင့်ဆုံးသော သေဆုံးမှုနှုန်းလည်းဖြစ်သည်။ သက်ကြီးလူဦးရေအလွန်များပြားနေခြင်း၊ ဆယ်စုနှစ်များစွာ ကန့်သတ်ထားသော မိသားစုစီမံကိန်းကြောင့် ဖြစ်ပေါ်လာသော လူဦးရေ မညီမျှမှုတို့၏ ရောင်ပြန်ဟပ်ခြင်းပင်။

တရုတ်ကျွမ်းကျင်ပညာရှင်များ စိုးရိမ်နေသည်က လူဦးရေနှင့်မွေးဖွားနှုန်းကျဆင်းနေမှုအတိုင်းအတာ တစ်ခုတည်းအပေါ်မဟုတ်ဘဲ ဆက်တိုက်ဆိုသလို မရပ်တန့်နိုင်သော လူဦးရေကျဆင်းမှုများအပေါ် တွင်ဖြစ်သည်။ တရုတ်၏ တုံလှုပ်ခြောက်ခြားမှုများက ရုတ်တရက် စစ်ပွဲများ၊ ရောဂါဘယကပ် ဘေးများကြောင့် လူဦးရေကျုံ့သွားရသည့် နိုင်ငံများကဲ့သိုမဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော လူမှုရေးနှင့် စီးပွားရေးအင်အားစုများကြောင့် ယခုလို အလွန်ကြီးမားသည့် အခက်အခဲမျိုး ကြုံနေရခြင်းဖြစ်သည်။ ပိုမိုကြီးမားသည့် စိုးရိမ်းရမှုက လူငယ်များ အိမ်ထောင်ပြုမှုကို လုပ်သင့်သည့်အချိန်မလုပ်ဘဲ နောက်ကျ သည်အထိ နေထိုင်ခြင်း၊ တချို့မှာ လုံး၀အိမ်ထောင်ပင် မပြုကြခြင်းဖြစ်သည်။ ရှင်သန်နေထိုင်မှု ကုန်ကျစားရိတ်များက အလွန်မြင့်တက်နေသလို နေထိုင်စရာ အိုးအိမ်ရရှိရန် ခက်ခဲခြင်း၊ အလုပ်များ အတွင်း နေရာရရန် ပြိုင်ဆိုင်ရမှုများက ကြောက်ခမန်းလိလိ ပြင်းထန်နေခြင်းက မိဘ ဘ၀ခံယူရေး အလွန် စိုးရိမ်ကြောင့်ကြမှုများကို ဖြစ်တည်နေစေသည်။ အမျိုးသမီးများအတွက် ရင်သွေးယူသည်နှင့် အလုပ် အကိုင်စွန့်လွှတ်ရသည့် ပြစ်ဒဏ်ခတ်ခံရမှုက အိမ်ထောင်ပြု သားမွေးရန်အတွက် အလွန်ကြီးမားသည့် အဟန့်အတားကြီးဖြစ်နေသည်။

လူဦးရေဗေဒပညာရှင်များက ယခုလို ဖြစ်ပျက်နေခြင်းအပေါ် တရုတ်အစိုးရအနေဖြင့် အမြန်ဆုံး နိုးထ သင့်ပြီဟု ငြင်းခုံဝေဖန်နေကြပြီဖြစ်သည်။ လူဦးရေကျဆင်းခြင်း၊ သက်ကြီးလူဦးရေ အလွန်များပြား ခြင်းများက နိုင်ငံထုတ်လုပ်နိုင်စွမ်းကို ကာလရှည် ခြိမ်းခြောက်မည်ဖြစ်သလို ပင်စင်စနစ်များကိုလည်း ယိုင်နဲ့ ပြိုလဲစေနိုင်သည်။ တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းများက ပြည်တွင်း စားသုံးသူဝယ်လိုအား မြင့် တက်စေရန် မဏ္ဍိုင်ပြုကြိုးစားနေချိန် တရုတ်ပြည်တွင်း စားသုံးသူ အခြေခံစနစ်ကလည်း တိုက်စား ပျက်ယွင်းသည့် အန္တရာယ်ဆီသို့ ဦးတည်နေသည်။

ပြဿနာ အတိမ်အနက်ကို တရုတ်ခေါင်းဆောင်များ သိရှိသဖြင့် ပြီးခဲ့သည့်နှစ်အတွင်း မျိုးပွားရေး နိုးကြွားပေး၊ တွန်းအားပေးဟူသော ဝါဒများ တိုးမြှင့်ထုတ်ပြန်ခဲ့သည်။ ဗဟိုပြုလုပ်ဆောင်သည့်စီမံကိန်းမှာ ၃ နှစ်အောက် ကလေးတစ်ဦးမွေးထားသည့် မိဘများအား ကလေးထိန်းသိမ်းစောင့်ရှောက်စားရိတ် ယန်း ၁၀၈၀၀ ( ၁၅၃၄ ဒေါ်လာ) ကို နိုင်ငံတော်က ထုတ်ပေးခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်က တစ်အိမ်ထောင် ကလေး ၃ ယောက်မွေးရမည်ဆိုသော မူဝါဒ ချမှတ်ပြီးနောက်ပိုင်း အမြင့်ဆုံး မိသားစု ထောက်ပံ့ စားရိတ်ပေးခြင်းဖြစ်သည်။ ပြည်နယ်တစ်ဝှမ်းရှိ အာဏာပိုင်များသည်လည်း မီးဖွားခြင်းနှင့်သက်ဆိုင်သော ကုန်ကျစရိတ်များအတွက် အာမခံထောက်ပံ့မှုများ ထပ်တိုးပေးရန်နှင့် ကလေးထိန်းဌာန၏ စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်ရန် ကတိပြုခဲ့ကြသည်။

သို့သော် ငွေကြေးထောက်ပံ့မှုတစ်ခုတည်းဖြင့် မလုံလောက်နိုင်ပေ။ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားခြင်းအပေါ် ယဉ်ကျေးမှုဆိုင်ရာ သဘောထားများသည် ပြောင်းလဲနေပြီး ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုများသည် မြို့ပြတရုတ်နိုင်ငံ၏ မွေးဖွားနှုန်းအပေါ် သမိုင်းကြောင်းအရ အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိခဲ့သည်။ သက်သေက ၂၀၂၄ ခုနှစ်အတွင်း မင်္ဂလာဆောင်မှု သိသိသာသာကျဆင်းသွားခြင်းပင်။ ထိုနှစ်အတွင်း မှတ်ပုံတင်အိမ်ထောင်ပြုမှု ၆ . ၁၀၆ သန်းသာ ရှိခဲ့ သည်။ ရှေ့နှစ်ကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းခြင်းဖြစ်သလို ၁၉၈၀ နောက်ပိုင်း မင်္ဂလာဆောင်မှု အနည်းဆုံးနှစ်အဖြစ်လည်း စံချိန်တင်ပြန်သည်။ တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုမှုသည် ရင်သွေး ရယူခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်ရာ ၂၀၂၅ ခုနှစ်အတွင်း မွေးဖွားနှုန်းကျဆင်းသွားခြင်းက အားလုံးကို ခြုံငုံ သက်သေတည်လိုက်ခြင်းပင်။

၂၀၂၅ ခုနှစ်အတွင်း အိမ်ထောင်ပြုမှုဦးရေ တိုးတက်လာစေနိုင်သော လက္ခဏာများတော့ ရှိလာသည်။ ၂၀၂၅ ခုနှစ် ပထမ ၃လပတ်အတွင်း အိမ်ထေင်ပြုမှု ၈ . ၅ ရာခိုင်နှုန်း တိုးတက်လာသည်။ အဓိက မြို့ကြီးတချို့တွင် ထူးခြားသည့် မင်္ဂလာဆောင်မှုများ တိုးတက်မှု ဖြစ်ပေါ်စေခဲ့သည်။ ရှန်ဟိုင်းတွင် ၃၈ . ၇ ရာခိုင်နှုန်း၊ ဖူကျန်းတွင် ၁၂ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်ဟု ဆိုသည်။ တရုတ်လူဦးရေအဖွဲ့အစည်းက ၂၀၂၅ ခုနှစ်အတွင်း ပျမ်းမျှ အိမ်ထောင်ပြုမှုစုစုပေါင်းက ၆ . ၉ သန်း ဝန်းကျင်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ်အတွင်း အိမ်ထောင်ပြုမှု ၈ သန်းအထိ ရှိစေရန် စီမံကိန်းချမှတ်ကာ ထောက်ပံ့မှုများ လုပ်ဆောင်ပေးနေသည်။

ပေကျင်းအစိုးရသည် အိမ်ထောင်ပြုသားမွေးရေး စီမံကိန်းအတွက် အဖွဲ့အစည်းဆိုင်ရာ မျက်နှာစာများ ကိုလည်း အရှိန်မြင့်လုပ်ဆောင်စေသည်။ အိမ်ထောင်ပြု မှတ်ပုံတင်ခြင်းများ ပိုမိုလွယ်ကူစေနိုင်ရေး၊ မိသားစု တည်ငြိမ်၊ တည်မြဲရေးကို ရှေးရှုကာ ရင်သွေးများ မွေးဖွားလာနိုင်ရေးအတွက် အိမ်ထောင် ကွာရှင်းမှုများ အလွန်ခက်ခဲစေမည့် လုပ်ထုံလုပ်နည်းစည်းမျဉ်းစည်းကမ်းများ တိုးမြှင့်ချမှတ်ရေးများ လုပ်ဆောင်နေသည်။ သို့သော် ထိုကဲ့သို့သော အစီအမံများသည် လူငယ်စုံတွဲများ၏ အခြေခံစီးပွားရေးစိုးရိမ်မှုများကို ဖြေရှင်းခြင်းထက် မိဘဝါဒဆန်လွန်းသည်ဟု မြင်ခံရနိုင်ခြေရှိသည်။

မည်သို့ပင်ဆိုစေကာမူ ကလေးမွေးဖွားနိုင်သည့်အရွယ် အမျိုးသမီးလူဦးရေနှုန်းကျဆင်းလာပြီး မျိုးပွား နိုင်စွမ်းရည်ရွယ်ချက်များ အားနည်းနေဆဲဖြစ်သည်က မိဘ ဘ၀ခံယူကြရေးအတွက် နှောင့်နှေးလျက်သာ ရှိနေဆဲပင်။ ပိုမိုပြည့်စုံသော ပံ့ပိုးမှု၊ တတ်နိုင်စေမည့် မိသားစု အိမ်ရာ၊ ပိုမိုကောင်းမွန်သော အလုပ်နှင့်ဘဝ မျှတမှု၊ ကျား၊ မ တန်းတူ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှု နှင့် ယုံကြည်စိတ်ချရသော ကလေးထိန်းစောင့်ရှောက်မှု မရှိပါက မူဝါဒ ပြုပြင်ပြောင်းလဲမှုများသည် လူဦးရေ ကျဆင်းမှုကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်သေးဘဲ နှေးကွေးဆဲသာ ဆက်ဖြစ်နေဦးမည်ဖြစ်သည်။

တရုတ်နိုင်ငံကြီးသည် သေးသထက်သေးငယ်လာရုံသာမက လျှင်မြန်စွာဖြင့် အိုမင်းသထက် အိုမင်းလာ နေပြီဖြစ်သည်။ ယခုလို အသွင်ပြောင်းလဲနေမှုအား ပေကျင်းအစိုးရက မည်သို့ စီမံခန့်ခွဲနိုင်မည်ဆိုသည် ကို လာမည့် နှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်နိုင်စွမ်း၊ လူမှုရေးစည်လုံး ညီညွတ်နိုင်စွမ်းကိုကြည့်ခြင်းဖြင့် ကမ္ဘာ့အဆင့်တွင် မည်သို့ ရပ်တည်နိုင်မည်နည်းဆိုသည်က ပုံဖော် သက်သေတည်ပေလိမ့်မည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now