ဆောင်းပါး

မြန်မာ မြစ်ဆုံဆည်စီမံကိန်းကြီး တရုတ်မည်သို့ အသက်ပြန်သွင်းခဲ့သနည်း

မဲခေါင် 25 Dec - 2025
~ လင်းမောင် ~ မကြာသေးမီက ကာလရှည်ကြာ ရပ်ဆိုင်းထားသော အငြင်းပွားစရာ မြစ်ဆုံဆည်စီမံကိန်းကြီး ဖြစ်နိုင်ချေရှိသော အကောင်အထည်ဖော်မှုအနေဖြင့် ပြန်လည် စမ်းစစ်မည်ဟု မြန်မာစစ်အုပ်စု ဒုခေါင်းဆောင် စိုးဝင်းက ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြီး ပြန်လည်အကောင်အထည်ဖော်ရန် စိုးဝင်းဘက်မှ လမ်းကြောင်းပြန်ခင်း ပေးလာခြင်းအပေါ် မြန်မာနိုင်ငံအတွင်း ငြင်းခုံမှုများသာမက နိုင်ငံတကာတွင်ပါ ငြင်းခံစောဒက တက်မှု များပြန်လည် ဆူပွက်လာခဲ့သည်။ ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့သော အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းကြီးပြန် အစပျိုးလာခြင်းကြောင့် သဘာ၀ပတ်ဝန်းကျင်နှင့်လူမှုဘ၀များ ထိခိုက်မှု၊ ငလျင်စိုးရိမ်ရေမှတ်များနှင့်ပတ်သက်သည့် ပူပန်မှုများ တစ်ကျော့ပြန် ဖြစ်တည်လာတော့သည်။ လေ့လာစောင့်ကြည့်သူများက မြန်မာစစ်ခေါင်းဆောင်များ၏ အရွေ့သည် တရုတ်၏ ထောက်ပံ့ အားပေးမှုပြန်လည် ရရှိရေးအတွက် စနစ်တကျတွက်ချက်လုပ်ဆောင်မှုဖြစ်ကာ

~ လင်းမောင် ~

မကြာသေးမီက ကာလရှည်ကြာ ရပ်ဆိုင်းထားသော အငြင်းပွားစရာ မြစ်ဆုံဆည်စီမံကိန်းကြီး ဖြစ်နိုင်ချေရှိသော အကောင်အထည်ဖော်မှုအနေဖြင့် ပြန်လည် စမ်းစစ်မည်ဟု မြန်မာစစ်အုပ်စု ဒုခေါင်းဆောင် စိုးဝင်းက ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြီး ပြန်လည်အကောင်အထည်ဖော်ရန် စိုးဝင်းဘက်မှ လမ်းကြောင်းပြန်ခင်း ပေးလာခြင်းအပေါ် မြန်မာနိုင်ငံအတွင်း ငြင်းခုံမှုများသာမက နိုင်ငံတကာတွင်ပါ ငြင်းခံစောဒက တက်မှု များပြန်လည် ဆူပွက်လာခဲ့သည်။ ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့သော အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းကြီးပြန် အစပျိုးလာခြင်းကြောင့် သဘာ၀ပတ်ဝန်းကျင်နှင့်လူမှုဘ၀များ ထိခိုက်မှု၊ ငလျင်စိုးရိမ်ရေမှတ်များနှင့်ပတ်သက်သည့် ပူပန်မှုများ တစ်ကျော့ပြန် ဖြစ်တည်လာတော့သည်။ လေ့လာစောင့်ကြည့်သူများက မြန်မာစစ်ခေါင်းဆောင်များ၏ အရွေ့သည် တရုတ်၏ ထောက်ပံ့ အားပေးမှုပြန်လည် ရရှိရေးအတွက် စနစ်တကျတွက်ချက်လုပ်ဆောင်မှုဖြစ်ကာ တရုတ်၏ အကူအညီ ဖြင့် ထိန်ချုပ်နိုင်စွမ်းမရှိသော မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးပြန်လည်ရယူကာ ဒေသတွင်း ထိန်းချုပ်မှုအတိုင်းအတာ ပြန်ရနိုင်ရေးအတွက် ရည်ရွယ်ကာ ချကြွေးခြင်းသာဖြစ်သည်ဟု သုံးသပ်သိမြင်နေကြသည်။

၂၀၂၁ ခုနှစ်က စစ်တပ်ထောက်ခံ အရပ်သားအစိုးရအဝတ်ပြောင်း သမ္မတ ဦးသိန်းစိန်လက်ထက်၌ ပြည်တွင်းပြည်ပ ဖိအားပေးမှုများ၊ ဆန့်ကျင်ကန့်ကွက်မှုများပြင်းထန်လွန်းသဖြင့် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် စီမံကိန်းရပ်ဆိုင်းမှုအား မည်သည့် အခါမျှ အပြည့်အ၀ လက်ခံခဲ့ခြင်းမရှိခဲ့ပေ။ အမေရိကန်ဒေါ်လာ ၃ . ၆ ဘီလီယံတန် အဆိုပါစီမံကိန်း ကြီးရပ်တန့်လိုက်ရခြင်းမှာ မြန်မာနှင့် အဓိက သံတမန်ရေးဗျူဟာမြောက်အခင်းအကျင်းအား နောက်ပြန်ဆုတ်မှုတစ်ခုဟု ရှုမြင်ခဲ့သည်။ ပြည်ပအခြေစိုက် ၎င်းတို့ပိုင် အခြေခံအဆောက်အအုံများနှင့် အကျိုးစီးပွားများအား ကာကွယ်ရေးတွင် စဉ်ဆက်မပြတ်ဖိအားပေးသည့်နည်းဗျူဟာကို အသုံးပြုလေ့ ရှိသော တရုတ်သည် မြန်မာစစ်ခေါင်းဆောင်များကိုလည်း ထိုနည်းဖြင့်ပင် ဖိအားပေးနေခဲ့ခြင်းဖြစ်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြစ်ဆုံစီမံကိန်းကြီးသည် သဘာ၀ပတ်ဝန်းကျင်ပျက်ဆီးဆုံးရှုံးခြင်း၊ ဒေသခံနေထိုင်သူ ထောင်ပေါင်းများ စွာ ရွှေ့ပြောင်းရမည့်အရေးရှိနေခြင်း၊ ငလျင်ဒဏ်ဖြင့် ဆည်ပြိုပြီး ရေလွှမ်းမိုးနစ်မြုပ်မည့် ကပ်ဘေး ဆိုက်ကပ်နိုင်ခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှုများစွာ ရှိခဲ့ရသည့် စီမံကိန်းဖြစ်သည်။ အလွန်ကြောက်မက် ဖွယ်ရာကောင်းသည့် စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကြီးနှင့် ၂၅ . ၄ ကီလိုမိတာအကွာတွင် အဆိုပါဆည် ကြီးဆောက်လုပ်မည်ဖြစ်ခြင်းကြောင့် ငလျင်အန္တရာယ်ကျရောက်ပါက အဆိုးရွားဆုံး ကပ်ဘေးသင့်နိုင် သဖြင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စိုးဝင်းက ပြင်းထန်သည့် ငလျင်ဒဏ်ခံနိုင်မည့် ကွန်ကရစ်ဖြည့်ဖောင်ဒေးရှင်းပေါ် ကျောက်တုံးများဖြည့်စွက်တည်ဆောက်ခြင်းဖြင့် အာမခံချက်ပေးနိုင်မည်ဟု နှုတ်ကတိပြုခြင်းက ဝေဖန်မှုများကို အတောသတ်စေနိုင်မည်မဟုတ်ပေ။

တရုတ်နှင့်မြစ်ဆုံဆည်ပြိုကွဲမှု

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီး ၁၄ နှစ်အကြာတွင်ပင် မြစ်ဆုံကြောင့် ဖြစ်ပေါ်လာသော သံတမန်ရေးရာ အရှက်ရမှုသည် တရုတ်ခေါင်းဆောင်များ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။ ယခုနောက်ကြောင်းပြန်မှုသည် တရုတ်အား ဆည်စီမံကိန်းနှင့်ပတ်သက်သည့် ဖြေရန်ခက်ခဲသော မေးခွန်းများနှင့် ထပ်မံရင်ဆိုင်ရရန် ရှိနေပြန်သည်။ ပြည်ပနိုင်ငံများတွင်လိုက်ပြီး ရေးအားလျှပ်စစ် စီမံကိန်းများစွာ လိုက်လံတည်ဆောက်နေသော တရုတ်၏ ခြေကုပ်ရယူမှုများအပေါ် နိုင်ငံရေးအတိုက် အခံပြု ဆန့်ကျင်ခြင်းများ၊ ဂုဏ်သတင်းပျက်စီးခြင်းနှင့် ငွေကြေးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး မည်သို့ လုပ်ဆောင်မည်နည်းဟူသော မေးခွန်းများက တရုတ်အတွက် အဆင်သင့် ရှိနေမည်သာဖြစ်သည်။ ထို ဖိအားများအတွက် တုံ့ပြန်မှုအဖြစ် ပေကျင်းသည် ပြည်ပတွင် လည်ပတ်နေသော နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ကို ကြီးကြပ်မှု တင်းကျပ်ရန် ရည်ရွယ်သည့် မူဝါဒပြောင်းလဲမှုများကို မိတ်ဆက်ခဲ့သည်။ ပြုပြင်ပြောင်းလဲမှုများသည် အန္တရာယ်အကဲဖြတ်ခြင်း၊ ကော်ပိုရိတ်လူမှုရေးတာဝန်ယူမှုနှင့် ပိုမိုကောင်းမွန်သင့်လျော်သော စစ်ဆေးမှုတို့ကိုပြုလုပ်ပေးသွားမည်ဟု အလေးပေးပြောကြားခဲ့သည်။

သို့သော် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကာကွယ်ပေးမှုများတိုးမြှင့်လုပ်ဆောင်သည်ဟု အသံကောင်းဟစ်နေ သော်လည်း တရုတ်နိုင်ငံ၏ ပြည်ပနိုင်ငံများတွင် ရေအားလျှပ်စစ်တိုးချဲ့သိမ်းပိုက်နေသည့် အခြေခံလှုံ့ဆော်မှုများမှာမူ မပြောင်းမလဲဘဲ ရှိနေမြဲဖြစ်သည်။ တရုတ်၏ နိုင်ငံခြားရေးရာ စီးပွားရေး မဟာဗျူဟာသည် ရေအားလျှပ်စစ်စီမံကိန်းများက အဓိက ထောက်တိုင်အဖြစ် ရှိနေဆဲဖြစ်ကာ SOE များအနေဖြင့် ပေကျင်း၏ ဒေသတွင်းနှင့် မဟာဗျူဟာမြောက် ဩဇာလွှမ်းမိုးမှုကို မြှင့်တင်ပေးသည့် စာချုပ်များ ရရှိရန် အားပေးနေဆဲဖြစ်သည်။ တရုတ်အတွက် မြစ်ဆုံစီမံကိန်းမှ ပေးသည့်သင်ခန်းစာ သည် နောက်ဆုတ်ရန်မဟုတ်၊ ရည်မှန်းချက်အား မစွန့်လွှတ်ဘဲ ပိုမိုသတိထား လှုပ်ရှားရေးဆိုသည့် ဗျူဟာအောက်တွင် ဆက်လက်လှုပ်ရှားနေသည်အား မြင်တွေ့ရပြီဖြစ်သည်။

ထို့ကြောင့်ပင် တရုတ်အစိုးရသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအစိုးရလက်ထက်ဖြစ်စေ၊ စစ်အစိုးရ လက်ထက်ဖြစ်စေ မြစ်ဆုံစီမံကိန်းပြန်လည် စတင်နိုင်ရေး ပြန်လည်အသက်သွင်းနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေခဲ့သည်။ လက်ရှိ အာဏာသိမ်းစစ်တပ်သည် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးပိုင်းများ တွင် အထူး ထိခိုက်လွယ်သော အဆင့်သာရှိသည်ကို သဘောပေါက်သိရှိပြီးနောက် စစ်ကောင်စီ ရွေးကောက်ပွဲ နီးလေ ဖိအားပေးမှုများကို ပိုတိုးမြှင့်ခဲ့ကာ ၎င်းတို့ အလိုရှိသည့် စီမံကိန်း ပြန်လည်စတင် နိုင်ရေး ကြိုးစားမှုအရှိန်မြှင့်တင်လာသည်။

မြစ်ဆုံဆည်နှင့် ဒေသခံလူမှုအသိုင်းအဝိုင်းများ

မြစ်ဆုံဆည် စီမံကိန်းအပေါ် ဒေသခံများက ယခုအထိ ပြင်းထန်စွာ ဆန့်ကျင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်သည် မြစ်ဆုံစီမံကိန်းအား သမ္မတဟောင်း သိန်းစိန် ရပ်ဆိုင်းခြင်း ၁၄ နှစ် တင်းတင်းပြည့်မြောက်သည့်နေ့ဖြစ်ခဲ့သည်။ ထိုနေ့တွင် ဒေသခံလူမှုအသိုင်းအဝိုင်းများက မြစ်ဆုံဆည် စီမံကိန်းအား အပြီးတိုင် ဖျက်သိမ်းရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ရပ်ရွာခေါင်းဆောင်များက မြစ်ဆုံ ဒေသ ရေရှည်တည်တံ့ရေး၊ ဂေဟဗေဒဆိုင်ရာ မပျက်မယွင်ဆက်ရှိရေးသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ၏ အနာဂတ်အတွက် အလွန်အရေးပါသည်ဟု မီးမောင်းထိုးဆန့်ကျင်ပြောဆိုခဲ့ကြသည်။

မြစ်ဆုံဒေသဆိုသည်မှာ မြစ်ကြီးနားမြို့မြောက်ဘက် ၂၈ မိုင်အကွာ၊ မေခနှင့်မလိခမြစ်တို့ ပေါင်းစည်းရာ နေရာကို ညွှန်းဆိုသည်။ အဆိုပါ မြစ်နှစ်သွယ်မှသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော မှီခိုရာ မိခင်ဧရာ၀တီမြစ်ကြီးအဖြစ် စီးဆင်းသည်။
ဆည်စီမံကိန်းရပ်ဆိုင်းခြင်းကို တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ဒေသခံများက ပြည်တွင်းစစ် ဖြစ်နေသော နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တရုတ်ဘက်မှ စီမံကိန်းအား တိတ်တဆိတ် ပြန်လည်စတင်လုပ်ဆောင်နေမည်ကို အထူး စိုးရိမ်နေကြသည်။ မြစ်ဆုံဆည်စီမံကိန်းကြီး စတင်စဉ်က တန်ဖဲရွာသားများသည် ဘိုးဘွားပိုင်မြေနေရာများမှ ဖယ်ရှားခံရကာ အောင်မြင်သာနှင့်မလိယန်း ရွာများ သို့ အတင်းအကျပ်ဖိအားပေးခံရကာ ရွှေ့ပြောင်းပေးခဲ့ရသည်။ အိုးမဲ့အိမ်မဲဖြစ်ရသော ဒေသခံများက ၎င်းတို့ ဘိုးဘွားပိုင် မြေများတွင် ပြန်လည်နေထိုင်ခွင့်ရစေရန် တောင်းဆိုနေကြဆဲဖြစ်သည်။

စီမံကိန်းရပ်ဆိုင်းသည်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်သော်လည်း ဒေသခံများ‌သည် ကိုယ့်မူရင်း နေရပ် များသို့ ပြန်ဝင်ခွင့်ပိတ်ပင်ခံထားရဆဲပင်။ အဆိုပါ နေရာများတွင် ရွှေမိုင်းလုပ်ကွက်များကို ဆက်လုပ်နေ ကြသဖြင့် ဒေသခံများအား ပြန်လာနေနိုင်ခြင်းမရှိစေရန် အင်အားသုံးတားမြစ်ထားကာ ထိုရွှေမိုင်းများ ကြောင့် သဘာ၀ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများစွားလည်း ဖြစ်နေရပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်က စစ်ကောာင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်းက တရုတ်သည် မြစ်ဆုံဆည် စီမံကိန်းအား ပြန်လည် အသက်သွင်းလိုကြောင်း ထုတ်ပြန်ပြောဆိုသော်လည်း တရုတ်ဘက်က စိုးရိမ်ပူပန်နေရမှုများ ပြေလျော့စေမည့် မည်သည့် ကတိပြုမှုမှ မလုပ်ခဲ့သည်ကို သတင်းများက ဖော်ပြခဲ့ကြသည်။

မြန်မာအား မည်သည့်အတွက်ကြောင့် တရုတ်ဖိအားပေးနေသနည်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားအများစုသည် မြန်မာနိုင်ငံအတွက် မဟုတ်။ တရုတ်နိုင်ငံအတွက်သာ ထုတ်လုပ်ခြင်းဖြစ်သည်။ ဤစီမံကိန်းသည် စွမ်းအင်ဖူလုံရေး၊ မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးမှုနှင့် ဒေသတွင်းလွှမ်းမိုးမှုကို ပေးစွမ်းမည်ဟု တရုတ်ဘက်က အပိုင်တွက်ထားသော စီမံကိန်းဖြစ်သည်။ ၂၀၆၀ တွင် ကာဗွန်ထုတ်လုပ်မှုမရှိစေရဟူသော တရုတ်၏ ရည်မှန်းချက်အထမြောက်ရေးတွင် တရုတ်စွမ်းအင်ကဏ္ဍ၏ အဓိကမဟာဗျူဟာသည် ရေအားလျှပ်စစ် ထုတ်လုပ်ရေးသားဖြစ်သည်။ တရုတ်ပြည်တွင်း တည်ဆောက်ထားသော လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးနိုင်စွမ်းသည် ကီလိုဝပ် သန်း ၃၅၀ အထိရှိသည်။ ထိုလျှပ်စစ်စွမ်းအားလိုအပ်ချက်အတွက် ပြည်တွင်းတစ်ခုတည်းဖြင့် မရနိုင်သဖြင့် ကမ္ဘာအနှံ့နယ်ချဲ့အသွင်ဆောင်သော ရေးအားလျှပ်စစ်စီမံကိန်း များ လိုက်တည်ဆောက်နေရာ ကမ္ဘာတစ်ခုလုံး၏ ရေအားလျှပ်စစ်ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ် ထုတ်လုပ်နေခြင်းဖြစ်လာသည်။ ကမ္ဘာတစ်ဝန်း တရုတ်ရေအားလျှပ်စစ်စီမံကိန်း ၃၂၀ ကျော် ရှိနေပြီဖြစ်သည်။

အခြေခံအဆောက်အအုံ သံတမန်နည်းဖြင့်တရုတ်သည် နိုင်ငံအတွက် ပိုလျှံသော အရင်းအနှီးများအား ဖြန့်ကျက်ရန်၊ ပထဝီနိုင်ငံရေးဩဇာ ပိုမိုအားကောင်းလာစေရန်၊ အိမ်နီးချင်းနိုင်ငံများက မလှန်နိုင်သော ရေရှည်မှီခိုအားထားရမှုဖြစ်ကာ ပိတ်လှောင်ထားနိုင်ရန် ကြံစည်နေသည်မှာ အစွမ်းထက်သော လက်နက်တစ်ခုအဖြစ် မင်းမူနေနိုင်ဆဲဖြစ်သည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနောက်ကြောင်း

မြစ်ဆုံဆည်သည် ပိုမိုကြီးမားသော Confluence Region Hydropower Project (CRHP) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စုစုပေါင်း တပ်ဆင်စွမ်းရည် ၂၀,၀၀၀ မဂ္ဂါဝပ်ရှိသော ရေကာတာခုနစ်ခုပါဝင် ကာ မြန်မာနိုင်ငံ၏ နှစ် ၃၀ မဟာဗျူဟာမြောက် စွမ်းအင်အစီအစဉ်အရ အဆိုပြုထားသော ရေအားလျှပ်စစ်စွမ်းရည်၏ ၄၁ ရာခိုင်နှုန်း ထုတ်လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် စီမံကိန်း စတင်ရန် ပူးပေါင်းခဲ့သည်မှာ မြန်မာအစိုးရ၊ တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံ့ရေးကော်ပိုရေးရှင်း (CPI Group) နှင့် မြန်မာနိုင်ငံမှ တရုတ်ဆက်စပ် Asia World Group တို့ ပူးပေါင်း စီစဉ်ခဲ့ခြင်းဖြစ်သည်။ ငွေကြေးရင်းနှီးမှုကို CPI က တာဝန်ယူမှုအဖြစ် ဒေါ်လာ ၃ . ၆ ဘီလီယံ ထည့်ဝင်တည်ဆောက်ရန် သဘောတူခဲ့သည်။ သဘောတူညီချက်တွင် မြစ်ဆုံဆည်ထွက် ရေအားလျှပ်စစ် ၁၀ ရာခိုင်နှုန်းကိုသာ မြန်မာက ရရှိပြီး ၉၀ ရာခိုင်နှုန်းအား တရုတ်ထံသို့သာ တင်ပို့မည်ဖြစ်သည်။ နောက် နှစ် ၅၀ ပြည့်မှသာ မြန်မာနိုင်ငံက အဆိုပါ ဆည်ကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။

နိုင်ငံရေးပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဂေဟဗေဒပညာရှင်များက ထိုစီမံကိန်းသည် အလွန်အန္တရာယ်ကြီးမားသော စီမံကိန်းဖြစ်နေသဖြင့် ကန့်ကွက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကာ လူမှုဘ၀ ပေးဆပ်ရမှုတန်ဖိုး လည်း အလွန်များပြားမည်ဟု ကန့်ကွက်ကြသည်။ အဆိုပါဆည်သည် ၄၄၇ စတုရန်းကီလိုမီတာကို ရေလွှမ်းမိုးနိုင်မည်ဖြစ်ကာ ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စုပေါင်း ၁၁၈၀၀ နီးပါးကို နေအိမ်ဖယ်ရှား ရွှေ့ပြောင်းစေရမည်ဖြစ်သည်။ ဝေဖန်သူများက ဆည်စီမံကိန်းကြောင့် မြစ်ရေစီးဆင်းမှုကို အပြီးအပိုင်ပြောင်းလဲစေမည်ဖြစ်ကာ မြစ်အောက်ပိုင်းတွင် မြေဆီလွှာပျက်စီးခြင်း၊ ကချင်လူမျိုးများအတွက် အရေးပါသော ယဉ်ကျေးမှုနှင့် သမိုင်းဝင်နေရာများ ပျောက်ကွယ်ရစေမည် ဟု ငြင်းခုံကန့်ကွက်ကြသည်။

၂၀၁၁ ခုနှစ်တွင် ဖိအားပေးကန့်ကွက်မှုများ အရှိန်အဟုန်အလွန်ကောင်းလာသဖြင့် ဖိအားဒဏ်ကြောင့် ထိုစဉ်က သမ္မတ သိန်းစိန်သည် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင်ပင် တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်အလုပ်သမားအဖွဲ့များသည် ၂၀၁၃ ခုနှစ်ရောက်မှ စီမံကိန်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆည်စီမံကိန်းပြန်လည်စတင်ရေး မဆုတ်မနစ် ဆက်လက် လော်ဘီလုပ်မြဲ လုပ်နေ ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့အစိုးရကို ဖြုတ်ချ ပြီး စစ်အာဏာသိမ်းလိုက်ခြင်းက မြစ်ဆုံစီမံကိန်းပြန်လည် အသက်သွင်းနိုင်ရေး တရုတ်အတွက် အခွင့် အလမ်းသစ်များကို ဖန်တီးပေးစေတော့သည်။

မြစ်ဆုံဆည်ကို ပြန်လည်အသက်သွင်းရန် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် တွန်းအားပေးမှုသည် ၎င်း၏ နည်းဗျူဟာများကို ချိန်ညှိပေးနိုင်စွမ်းရှိသည်ဟုဆို သော်လည်းမဟာဗျူဟာမြောက် ရည်မှန်းချက်များ မှာမူမပြောင်းလဲဘဲ ရှိနေကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချကြသည်။ တရုတ်အစိုးရဆို သည်မှာ ဒေသခံအသိုက်အဝန်းများနှင့် ဂေဟစနစ်လုံခြုံရေးကို မည်မျှထိခိုက်စေသည့်တိုင် ၎င်း၏အကျိုးစီးပွားများကို မြှင့်တင်ရေးအတွက်သာ အမြဲ ဦးစားပေးကာ အိမ်နီးချင်းများအပေါ် နိုင်ငံရေးမတည်ငြိမ်မှု၊ အာဏာရှင်ဆန်သောသူများ အုပ်ချုပ်မှုမှသည် ၎င်းတို့အပေါ် မှီခိုမှုနှင့် စီးပွားရေးအရ အားနည်းချက်များကို အမြဲထာ၀စဉ် အခွင့်ကောင်းယူနေမြဲဖြစ်သည်။

တရုတ်နိုင်ငံ၏ ရေကာတာ သံတမန်ရေးသည် မြန်မာနိုင်ငံအတွက်သာမက အာရှတစ်ဝှမ်းရှိ အခြားထိခိုက်လွယ်သော နိုင်ငံများအတွက်ပါ အန္တရာယ်ရှိသော စံနမူနာတစ်ခု ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအပါအဝင် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် ကမ္ဘာ့အဖွဲ့အစည်းများသည် တရုတ်၏ ရေကာတာသံတမန်ရေး အနိုင်ကျင့်နေမှုများအတွက် သတိမပြတ်ထားရှိရန်၊ ထိခိုက်နစ်နာခဲ့ရသော လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ရန်နှင့် ‘ရေကာတာ’ ဖွံ့ဖြိုးတိုးတက်ရေးအမည်ဖြင့် မြန်မာနိုင်ငံကို အမြတ်ထုတ်ခြင်းမှ တားဆီးပေးရန်မှာ အလွန်အရေးကြီးနေပြီဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now