ဆောင်းပါး

ရှီ တိဗက်တွင် ပြန်ပေါ်လာခြင်း၊ ဟူချွန်းဟွာပြန်လာခြင်းနှင့် PLA အရွေ့ – နိုင်ငံရေးအပြောင်းအလဲ လှုပ်ရှားမှု

မဲခေါင် 20 Sep - 2025
~ လင်းမောင် ~ ၂၀၂၅ နွေရာသီထိပ်သီးအစည်းအဝေး (2025 Beidaihe meeting) အပြီး တရုတ်နိုင်ငံရေးအခင်းအကျင်းသည် လျှို့ဝှက်တိုးတိတ်သောအဆင့်တစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် လုံး၀ အမှားမခံသည့် အပြောင်းအလဲဖြစ်စဉ်ကာလအတွင်း ရောက်နေခြင်းမျိုးဖြစ်သည်။ တိဗက်တွင် တရုတ်သမ္မတရှီကျင်းဖျင် ရုတ်တရက် ပြန်လည်ပေါ်ထွက်လာသည်။ ထိုပေါ်ထွက်လာမှု မတိုင်ခင် ရှီသည် အများမြင်ကွင်း၌ ၃ ပတ်ကြာ လုံးလုံးလျားလျား ပျောက်နေခဲ့သည်။ တရုတ်အစိုးရ အတွင်းပိုင်း အာဏာလွန်ဆွဲမှု သတင်းလှုပ်ခတ်မှုများကလည်း ထိုရက်ပိုင်းများအတွင်း လှိုင်လှိုင်ထွက်ပေါ်နေခဲ့သည်။ ရှီကျင်းဖျင် တိဗက်၌ တစ်ဖန်ပြန်ပေါ်လာခြင်းသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသတ်သတ်အတွက် မဟုတ်ဘဲ တိုက်ဆိုင်စွာရောက်ရှိလာခြင်းဖြစ်ပေမည်။ တိဗက်သည် သမိုင်းကြောင်းအရ တရုတ်ကွန်မြူနစ်ပါတီအတွင်း ပြောင်းလဲရေးဝါဒီများနှင့် အလယ်အလတ်လမ်းစဉ်ကြိုက်သည့်

~ လင်းမောင် ~

၂၀၂၅ နွေရာသီထိပ်သီးအစည်းအဝေး (2025 Beidaihe meeting) အပြီး တရုတ်နိုင်ငံရေးအခင်းအကျင်းသည် လျှို့ဝှက်တိုးတိတ်သောအဆင့်တစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် လုံး၀ အမှားမခံသည့် အပြောင်းအလဲဖြစ်စဉ်ကာလအတွင်း ရောက်နေခြင်းမျိုးဖြစ်သည်။ တိဗက်တွင် တရုတ်သမ္မတရှီကျင်းဖျင် ရုတ်တရက် ပြန်လည်ပေါ်ထွက်လာသည်။ ထိုပေါ်ထွက်လာမှု မတိုင်ခင် ရှီသည် အများမြင်ကွင်း၌ ၃ ပတ်ကြာ လုံးလုံးလျားလျား ပျောက်နေခဲ့သည်။ တရုတ်အစိုးရ အတွင်းပိုင်း အာဏာလွန်ဆွဲမှု သတင်းလှုပ်ခတ်မှုများကလည်း ထိုရက်ပိုင်းများအတွင်း လှိုင်လှိုင်ထွက်ပေါ်နေခဲ့သည်။ ရှီကျင်းဖျင် တိဗက်၌ တစ်ဖန်ပြန်ပေါ်လာခြင်းသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသတ်သတ်အတွက် မဟုတ်ဘဲ တိုက်ဆိုင်စွာရောက်ရှိလာခြင်းဖြစ်ပေမည်။ တိဗက်သည် သမိုင်းကြောင်းအရ တရုတ်ကွန်မြူနစ်ပါတီအတွင်း ပြောင်းလဲရေးဝါဒီများနှင့် အလယ်အလတ်လမ်းစဉ်ကြိုက်သည့် အုပ်စုများနှင့် အထူးပလဲပနံသင့်သော ဟူကျင်းတောင်နှင့်ဟူချွန်းဟွာတို့ ဦးဆောင်ချည်နှောင်ရာနယ်မြေဖြစ်ရာ ရှီကျင်းဖျင်ရောက်လာခြင်းသည် တိဗက်အပေါ် အာဏာပိုင်သင်္ကေတတစ်ခုကို အခိုင်အမာသွပ်သွင်းပြလိုက်ခြင်းမျိုးလည်းဖြစ်သည်။

Beidaihe အစည်းအဝေးပွဲသည် တရုတ်အစိုးရပိုင်း စီနီယာထိပ်သီးခေါင်းဆောင်များ တံခါးပိတ်ဆွေး နွေးနေကြအစည်းအဝေးဖြစ်ကာ ထိုအစည်းအဝေးပြီးနောက် ပထမဆုံး လူမြင်ကွင်းထွက်လာမှုအဖြစ် ရှီကျင်းဖျင်သည် ဩဂုတ် ၂၀ ရက်က တိဗက်မြို့တော် လာဆာ (Lhasa) သို့ ရောက်ရှိလာသည်။ ရောက်ရှိလာချိန်နှင့် နေရာက အထူးအရေးကြီးချိန်နှင့်တိုက်ဆိုင်နေသည်။ တိဗက်သည် တရုတ်နိုင်ငံရေး နှင့် အယူဝါဒ ရှေ့တန်းမျက်နှာစာဟု ပြောဆိုလေ့ရှိကြသည်။ ရှီကျင်းဖျင်နေရာ ဆက်ခံမည့်သူအဖြစ် အများယူဆထားသော ဟူချွန်းဟွာ ဩဇာထူထောင်ထားရာနယ်မြေသို့ ရှီကျင်းဖျင်နှင့်အတူ တရုတ်အစိုးရပိုင်း အကြီးအကဲ ကိုယ်စားလှယ်များ စုဝေးရောက်ရှိလာခြင်းသည် ရှီကျင်းဖျင် အာဏာ ယုတ်လျော့လာသည်ဆိုသော ကောလာဟလများကို လွင့်ပြယ်ကာ အားလုံး စီမံကိန်းတစ်ခုတည်း အောက် တစ်သားတည်းရှိနေသည်ကို ပြသလိုရင်းဖြစ်ပေမည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထိမ်းအမှတ်အခမ်းအနားသည် ပြောရမည်ဆိုလျှင် ယခုနှစ်က နှစ် ၅၀ ပြည့်၊ နှစ် ရာပြည့်အထိမ်းအမှတ်မျိုးလည်းမဟုတ်သော နှစ် ၆၀ ပြည့် အခမ်းအနားသာဖြစ် သည်။ ပုံမှန်မဟုတ်သော အခမ်းအနားကြီးအား သီးသန့်ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းမျိုးသာဖြစ်သည်။ အရာရှိများ၊ စစ်သည်များ၊ ကျောင်းသားကျောင်းသူများ ၂၀၀၀ ကျော်ပါဝင်သည့် သံစုံတီးဝိုင်းကြီးဖြင့်ပင် မြောက်ကို ရီးယားဟန်မျိုးဖြင့် အလံနီများဝှေ့ယမ်းသည့် ပရိသတ်များ၊ ကချေသည်များ၊ များစွာလေ့ကျင့်ပြင်ဆင်ပြီးသား ဖျော်ဖြေမှုများကိုပင် ထားရှိကာ ပွဲခံခဲ့သည်။

ပိုပြီး အံ့အားသင့်ဖွယ်ကောင်းသည့်အနေအထားမှာ ရှီကျင်းဖျင်ကိုယ်တိုင်ရှိပါလျှက် အစိုးရအကြီးအကဲ များ၏ အလယ်တည့်တည့်တွင် ဟူချွန်းဟွာက အဓိကကဏ္ဍမှ ပါဝင်နေသည့်ပုံစံမျိုး ရှိနေခြင်းပင်။ တစ်ခါက တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံ (CPPCC) ၏ အခမ်းအနားမှူးနေရာမှ ရာထူးချခံရသော ဟူချွန်းဟွာ တစ်ချိန်က သူပါတီအတွင်းရေးမှူးရာထူးထမ်းဆောင်ခဲ့ရာ တိဗက်သို့ ပြည်တော်ပြန်လာခြင်းမျိုးအား အားလုံး ကြိုဆိုသည့်ဟန်ဖြစ်နေသည်။သို့သော် ပြန်လည်ထူထောင်ရေး သင်္ကေတတစ်ခုကို မြင်တွေ့ရသကဲ့သို ရှိနေသည်။ ရှီကျင်းဖျင်နှင့်အတူရှိနေခြင်းသည် Beidaihe အစည်းအဝေးတွင် ညှိနှိုင်းရရှိနိုင်ခဲ့သော အပေးအယူတည့်ခဲ့မှုအရ ပြန်လည်မဟာမိတ်ပေါင်းစည်းခြင်းဟု ထင်ဟပ်စေလိုရင်းဖြစ်သည်။ သတင်းရင်းမြစ်ပေါင်းများစွာအရ ဟူချွန်းဟွာ ပြန်လည် ထွက်ပေါ်လာခြင်းမှာ နိုင်ငံ ဦးဆောင်မှုပိုင်း၌ ဟန်ချက်ညီစေရန် ပါတီတွင်း သက်ကြီးဝါရင့်ပုဂ္ဂိုလ်ကြီးများက ပိုမိုကျယ်ပြန့်သည့် သဘောတူညီချက်ကြောင့် ဖြစ်မည်ဟု ဆိုသည်။ တိဗက်ဒေသအပေါ် ပိုင်နိုင်မှု၊ ကာလရှည် ချည်နှောင် နိုင်မှုများ၏ အောင်မြင်ထွန်းပေါက်ခဲ့မှုများကြောင့် အနာဂတ်တရုတ်အစိုးရအုပ်ချုပ်မှုယန္တရားတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ရမည့်သူ ဟု ဟူချွန်းဟွာကို သတ်မှတ်ပေးခဲ့ပုံရသည်။ အထူးသဖြင့် တရုတ်ကွန်မြူနစ် ပါတီသည် ၎င်းတို့ မူဝါဒနှင့်အုပ်ချုပ်မှုမူဘောင်များကို ပျော့ပျောင်လာရန်၊ အလယ်အလတ်လမ်းစဉ် ကျင့်သုံးရန် ပြင်ဆင်ပါက ဟူချွန်းဟွာသည် အရေးအကြီးဆုံး ကဏ္ဍမှ ဦးဆောင်စေမည့်သူအဖြစ် ပွဲထုတ်ပြခြင်း မျိုးဖြစ်သည်။

ထိုတိုးတက်ဖြစ်စဉ်များနှင့်တိုက်ဆိုင်စွာပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ်ထုတ် သတင်းစာ ဆောင်းပါးတစ်ပုဒ်၌ ရှီကျင်းဖျင်သည် ပါတီ၏အမာခံခေါင်းဆောင်အဖြစ်ရှိနေသေးကြောင်း ထပ်လောင်းအတည်ပြုရေးသားလာသည်ကို တွေ့ရသည်။ လပေါင်းများစွာ ထိုအသုံးအနှုန်းမျိုး မသုံးဘဲ ရပ်ဆိုင်းထားရာမှ သိသာသော အရွေ့တစ်ခုအဖြစ် ပါတီအမာခံခေါင်းဆောင်ဟု ပြန်သုံးလာခြင်း လည်းဖြစ်သည်။ရှီကျင်းဖျင်၏ စစ်တပ်ခေါင်းဆောင်များအား ရှင်းလင်းဖယ်ရှားနေမှုများကြောင့် တရုတ်ဗဟို စစ်ကော်မရှင် (CMC) အတွင်းပိုင်း မတည်ငြိမ်မှုများစွာ ဆက်လက်ဖြစ်ပေါ်နေခြင်းအား တည်ငြိမ်မှု ရှိနေသေးကာ အဆက်မပြတ်အားကောင်းမောင်းသန်ရှိနေသေးသည့် အပြောအဆိုမဏ္ဍိုင်ဖြင့် ပုံဖော်ရေးသားခြင်းလည်းဖြစ်သည်။

CMC သည် စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲများ ပျောက်ကွယ်သွားခြင်း၊ ရာထူးဖယ်ရှားခံရခြင်းများ အကြား အကျပ်ရိုက်မှုများစွာ ရှိနေသည်။ ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ၊ နိုင်ငံရေးလုပ်ငန်းဌာန အကြီးအကဲ မီယိုဟွာ၊ ဒုဥက္ကဌ ဟီဝေဒေါင်တို့ ၃ ဦးစလုံး ရာထူးမှပြုတ်သွားခဲ့ပြီး ကော်မရှင်အတွင်း အကြီးအကဲ ထိုင်ခုံနေရာ ၃ နေရာ လစ်လပ်သွားသည်။ တုံ့ပြန်အစားထိုးမှုအဖြစ် ရှီကျင်းဖျင်နှင့် ကာလရှည်မဟာမိတ်အဖြစ် ပူးပေါင်းထားသော ဗိုလ်ချုပ် ဇန်ယူရှားသည် ခေါင်းဆောင်အသစ်အဖြစ် လျာထားခံရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ယခင်ဥက္ကဌဟောင်း လူရှောက်ကီ၏ သားဖြစ်သူ လူယွမ်းကိုလည်း နိုင်ငံရေးဆိုင်ရာဌာန၏ ဒုတိယဥက္ကဌ ရာထူးအတွက် ကမ်းလှမ်းလျာထား ကြောင်းသိရသည်။ ဗိုလ်ချုပ် ကိုင်ယင်းသည် စစ်ဦးစီးချုပ်ရာထူးကို ယူထားဖွယ်ရှိနေကာ ဗိုလ်ချုပ် ဝမ်ဂွမ်ဇောင်သည် နိုင်ငံရေးအလုပ်အကိုင်ဌာန အကြီးအကဲရာထူး၌ တာဝန်လွှဲအပ်ပေးထားသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခေါ်ခဲ့သည်။

စက်တင်ဘာ ၃ ရက် စစ်ရေးပြအခမ်းအနားမတိုင်မီ ဗိုလ်ချုပ်ဇန်းက ပေကျင်းတွင် ကျင်းပသည့် စစ်ရေးပြပွဲသို့ စစ်အုပ်စု အမှတ် (၁) နေရာတွင် ၎င်း၏ သစ္စာတော်ခံ စစ်ရေးအုပ်စု အမှတ် (၂) ကို အစားထိုး စေလွှတ်ပေးခဲ့သည်။ ထိုအခြင်းအရာသည် လုံခြုံရေးအတိုင်းအတာတစ်ခု စိုးရိမ်းဖွယ်ရာရှိနေခြင်းကို ပြသ သလို အင်အားပြခြင်းတစ်ရပ်ကို လုပ်ဆောင်မှုဟုလည်း တွက်ဆ ယုံကြည်နေကြသည်။ စစ်သည် ၄၀၀၀၀ အား လက်နက်အင်အားအပြည့်အစုံ အများအပြားသုံးပြီး အင်အားပြခြင်းက တပ်တွင်း တင်းမာနေမှုအနေအထားနှင့် မရေရာမှုများကို မီးမောင်းထိုးပြခြင်းလည်း ဖြစ်သည်။

တရုတ်ပြည်ပြေး ပညာရှင် ၀ူဇူအိုလီက မကြာသေးမီက ကျင်းပခဲ့သည့် Beidaihe အစည်းအဝေးသည် တရုတ်ကွန်မြူနစ်ပါတီအတွင်း အာဏာပြန်လည်ချိန်ညှိရေး ရည်ရွယ်ချက် လေးရပ် ဖော်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။ ရှီကျင်းဖျင်သည် ၎င်းရာထူးအတိုင်းဆက်ရှိနေပြီး ပြည်သူလူထု တည်ငြိမ်ရေးအတွက် အဓိက တာဝန်ယူခိုင်းမည်ဖြစ်သည်။ သို့သော် ကိုယ်ရေကိုယ်သွေးပိုင်းအရ ဘာသာအယူဝါဒဆိုင်ရာ ဝါဒဖြန့်မှုများမလုပ်ဆောင်စေရန် ပိတ်ပင်ခံရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတသက်တမ်း ၂ ဆက်ထက် ပိုမထမ်းဆောင်ရဆိုသော ဥပဒေကို ပြန်အသက်သွင်းကာ ရှီကျင်းဖျင် နောက်သမ္မသက်တမ်းဆက်ခံရန် ကြိုးပမ်းနေမှုများကို ပိတ်ပင်တားဆီးမည်။ တရုတ်ကွန်မြူနစ်ပါတီ၊ အစိုးရနှင့် စစ်တပ်၏ အုပ်ချုပ်ခွင့်အာဏာသည်သာ အကြီးမားဆုံးဖြစ်ကာ အထွေထွေအတွင်းရေးမှူး၏ တိုက်ရိုက်ထိန်းချုပ်မှုအာဏာကို လျော့ချမည်ဆိုသော အချက်များကို သဘောတူခဲ့သည်ဟု ၀ူဇူအိုလီက ဆိုသည်။ အချုပ်အားဖြင့် ဗဟိုနိုင်ငံရေးအင်အားစုက စတုတ္ထအကြိမ် စုံညီညီလာခံနှင့် ၂၁ ကြိမ်မြောက် ပါတီညီလာခံကို ကျင်းပရန် ပြင်ဆင်မည်ဖြစ်ကာ ထိုအရွေ့များမှသည် နိုင်ငံစည်းကမ်းစစ်ဆေးရေးဗဟို ကော်မရှင်အကြီးအကဲ လီဂန်းနေရာ လူစားလဲခြင်းအပါအဝင် တိုးတိတ်လျှို့ဝှက်စွာဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင်သစ်တင်မြှောက်မှုဆီသို့ ဦးတည် ချဉ်းကပ်တော့မည်ဟု သုံးသပ်သည်။

အောက်တိုဘာ ၂၀ ရက်တွင် တရုတ်ရှိ အခြားသော ထိပ်တန်းခေါင်းဆောင်များ သိသာထင်ရှားသည့် စေ့စပ်လုပ်ဆောင်မှုများကို အသီးသီး လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။ ဝန်ကြီးချုပ် လီကျင်းသည် ပေကျင်းရှိ ဇီ၀ဆေးဝါးကဏ္ဍသို့ အလည်အပတ်ထွက်ကာ စစ်ဆေးမှာကြားမှုများ လုပ် ခဲ့သည်။ ဒုဥက္ကဌ ဟန်ဇန်းမှာမူ ဒိန်းမတ်၏ Novo Nordisk ဥက္ကဌနှင့်တွေ့ဆုံခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဖဂန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဇန်ယူရှား တစ်ဦးသာ အများမြင်ကွင်း သို့ ထွက်မလာဘဲရှိနေခဲ့သည်။ ထိုသို့ဖြင့် လူသူမသိသော လှည့်စားမှုများစွာနှင့်ပတ်သက်သည့် ထင်ကြေးပေးမှုများစွာလည်း ပိုမိုမြင့်တက်ထွက်ပေါ်လာသည်။

တစ်ချိန်တည်းတွင် လျူယန်းက ရှီကျင်းဖျင်သည် ၎င်းနေရာဆက်ခံရန် ဝမ်ယန်းအား လက်မှတ်ရေးထိုး အတည်ပြုပေးထားသဖြင့် နိုင်ငံရေးထူထောင်မှုပိုင်းဆိုင်ရာ တုန်လှုပ်ချောက်ချားဖွယ် ဂယက်လှိုင်းများစွာ ဖြစ်တည်စေသော ကြောင့် သမ္မတရာထူးမှ နုတ်ထွက်ရန် တောင်းဆိုကြောင်း သတင်းထွက်လာသည်။ တကယ်တမ်းသာ ထိုကိစ္စမှန်ကန်ခဲ့လျှင် တရုတ်ကွန်မြူနစ်ပါတီအပေါ် သစ္စာခံကာ အမာခံအဖြစ် နေထိုင်ခဲ့သော လျူယန်းဘက်မှ ဖြစ်တောင့်ဖြစ်ခဲ့သော ခေါင်းဆောင်အား အများသိ စိန်ခေါ်လိုက်မှုမျိုး ဖြစ်ပေမည်။

ပါတီတွင်းမှ သက်ကြီးခေါင်းဆောင်ကြီးများဖြစ်သည့် ဝမ်ကျားပေါင်၊ လီရိုင်းဟွမ်၊ ဟူကျင်းတောင်နှင့် ကျန်းဇီမင်းတို့ ပြန်လည်ထွက်ပေါ်လာခြင်းမှာ နောက်ထပ် နားလည်ရခက်သည့် အလွှာတစ်ခုကို ဖော် ဆောင်လာခြင်းပင်ဖြစ်သည်။ ထိုပါတီခေါင်းဆောင်အိုကြီးများ ပြန်လည်ပါဝင်ပတ်သက်လာမှုသည် အသွင်ကူးပြောင်းရေးကို လမ်းညွှန်ရန်နှင့် ဂိုဏ်းကွဲပြိုလဲမှုကို တားဆီးရန် ညှိနှိုင်းအားထုတ်အကြံပြု လာခြင်းသာဖြစ်ပေမည်။ အွန်လိုင်းပေါ် ပျံ့နှံ့လာမှုများက ရှေးပရောဖက် Tui Bei Tu ပုံပြင်နှင့်ပင် ခိုင်းနှိုင်းနေကြပြီဖြစ်သည်။ ဇန်ယူရှားသည် အစားထိုးစစ်သည်တော်ပုံရိပ်နှင့်လိုက်ဖက်ပြီး လျူယွမ်သည် ရွှေဓားကို ကိုယ်စားပြုသူဟု နောက်ပြောင်းနေကြသည်။

မျှော်လင့်ထားကြသလို ရှီကျင်းဖျင် ရာထူးမှ ဆင်းသက်မည်လားဆိုခြင်းမှာ မသေချာသေးပေ။ သို့သော် သင်္ကေတအမူအရာများ ပေါင်းစည်းလေ့လာမှု၊ စစ်ရေးအပြောင်းအလဲနှင့် နိုင်ငံထိပ်တန်းပုဂ္ဂိုလ်များ ပြန်လည်ဖွဲ့စည်းမှုများသည် လျှို့ဝှက်တိုးတိတ်သော တော်လှန်ပြင်ဆင်မှုကြီး စတင်နေပြီဟု ညွှန်ပြနေသည်။ အဖြေဆိုသည်ကား တရုတ်နိုင်ငံရေးသဘောသဘာ၀အတိုင်း ယခင်အတိုင်း လိမ်လည် ဖုံးကွယ်မှုများအောက်တွင်သာ ကွယ်ဝှက်ထားသည်ကို တွေ့မြင်နေရခြင်းပင်ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now