ဆောင်းပါး

လက်မောင်းကြွက်သား ညှစ်ပြကြခြင်းနဲ့ နယ်စပ်ပြဿနာ

မဲခေါင် 10 Jun - 2025
(၁) ပြီးခဲ့တဲ့ မေလ(၇)ရက်ကနေ (၁၁)ရက်နေ့အထိ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား လေးရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်နိုင်ငံစလုံး နျူးကလီးယားလက်နက်ပိုင်ဆိုင်ကြတာမို့ ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့တယ်။ ဖြစ်ရတဲ့အကြောင်းက သမိုင်းနဲ့ချီ ရှည်ကြာပြီဖြစ်တဲ့ ကက်ရှ်မီးယားဒေသပိုင်ဆိုင်မှုနဲ့ ပါကစ္စတန်အကြမ်းဖက်သမားတွေ အိန္ဒိယပိုင် ကက်ရှ်မီးယားထဲ ဝင်ရောက်ပြီး ဟိန္ဒူလူမျိုး ၂၅ ဦးကို သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ မေလ(၇)ရက်မှာ အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေးခေါင်းစဉ်နဲ့ ပါကစ္စတန်နယ်စပ်က အကြမ်းဖက်သမားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတော့ ပါကစ္စတန်ဘက်ခြမ်းမှာ အကြမ်းဖက်အဖွဲ့စခန်းတွေ၊ ဗလီတွေ၊ စာသင်ကျောင်းတွေ ထိမှန်ခဲ့သလို ပါကစ္စတန်လေတပ်က ပစ်ချလိုက်လို့ အိန္ဒိယတိုက်လေယာဉ် (၅)စီး ပျက်ကျသွားတယ်။ ပျက်ကျတဲ့ အန္ဒိယတိုက်လေယာဉ်တွေထဲမှာ တန်ဖိုးကြီးမားတဲ့ ပြင်သစ်လုပ်
(၁)
ပြီးခဲ့တဲ့ မေလ(၇)ရက်ကနေ (၁၁)ရက်နေ့အထိ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား လေးရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်နိုင်ငံစလုံး နျူးကလီးယားလက်နက်ပိုင်ဆိုင်ကြတာမို့ ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့တယ်။ ဖြစ်ရတဲ့အကြောင်းက သမိုင်းနဲ့ချီ ရှည်ကြာပြီဖြစ်တဲ့ ကက်ရှ်မီးယားဒေသပိုင်ဆိုင်မှုနဲ့ ပါကစ္စတန်အကြမ်းဖက်သမားတွေ အိန္ဒိယပိုင် ကက်ရှ်မီးယားထဲ ဝင်ရောက်ပြီး ဟိန္ဒူလူမျိုး ၂၅ ဦးကို သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ မေလ(၇)ရက်မှာ အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေးခေါင်းစဉ်နဲ့ ပါကစ္စတန်နယ်စပ်က အကြမ်းဖက်သမားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတော့ ပါကစ္စတန်ဘက်ခြမ်းမှာ အကြမ်းဖက်အဖွဲ့စခန်းတွေ၊ ဗလီတွေ၊ စာသင်ကျောင်းတွေ ထိမှန်ခဲ့သလို ပါကစ္စတန်လေတပ်က ပစ်ချလိုက်လို့ အိန္ဒိယတိုက်လေယာဉ် (၅)စီး ပျက်ကျသွားတယ်။ ပျက်ကျတဲ့ အန္ဒိယတိုက်လေယာဉ်တွေထဲမှာ တန်ဖိုးကြီးမားတဲ့ ပြင်သစ်လုပ် ရာဖေး တိုက်လေယာဉ်နဲ့ ရုရှားလုပ် မစ်-၂၉၊ ဆူ-၃၀ ဂျက်တိုက်လေယာဉ်တွေ ပါဝင်တယ်။
နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုဟာ လေးရက်ပဲ ကြာပါတယ်။ မေလ(၁၁)ရက်မှာ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်နိုင်ငံအပစ်အခတ် ရပ်လိုက်ကြတယ်။ စစ်ပွဲက လေးရက်ပဲ ကြတယ်ဆိုပေမယ့် အိန္ဒိယရော ပါကစ္စတန်ပါ ပေးဆပ်လိုက်ရတဲ့တန်ဖိုးဟာ မသေးပါဘူး။ တိုက်လေယာဉ် ငါးစီးဆုံးရှုံးမှုနဲ့တင် အိန္ဒိယက ဒေါ်လာ ဘီလျံချီ ဆုံးရှုံးသွားတယ်။ ပါကစ္စတန်ဘက်မှာလည်း ထိခိုက်သေဆုံး ပျက်စီးမှုတွေ အများကြီး ရှိခဲ့တယ်။
စစ်ပွဲက ရက်သတ္တပတ်တောင် မပြည့်ဘဲ ပြီးဆုံးသွားတယ်။ ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်ခဲ့ကြပေမယ့် စစ်ပွဲက ခဏလေးနဲ့ ပြီးသွားတယ်။ စစ်ဆင်နွှဲတဲ့ နှစ်နိုင်ငံက ခေါင်းဆောင်တွေဟာ စဉ်းစားဆင်ခြင်တုံဉာဏ် ရှိကြတယ်လို့ ဆိုရမယ်။ ရေရှည်သာ စစ်ဆက်တိုက်နေရင် တစ်လလည်းပြီးမှာမဟုတ်။ နှစ်လ လည်း ပြီးမှာမဟုတ်။ စစ်ပွဲသက်ဆိုးရှည်နေသမျှ ကိုယ့်နိုင်ငံသားတွေ အသက်ဆုံးရှုံးမှုပိုများလာမှာ၊ မြို့ရွာအိုးအိမ်ပျက်စီးမှာ၊ မမျှော်မှန်းနိုင်တဲ့ ဘတ်ဂျက် ငွေကုန်ကြေးကျများလာမှာကို ခေါင်းဆောင်တွေ ကြိုစဉ်းစားမိကြတယ်။ ကြားက ဖျန်ဖြေသူ ဝင်လာတုန်း တခါတည်း စောစောစီးစီး စစ်ကို ရပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဉာဏ်ကောင်းတဲ့ ခေါင်းဆောင်တွေလို့ ဆိုရမယ်။
ဒါဖြင့် ဘာလို့ စစ်ကို စတိုက်သလဲလို့ မေးစရာရှိတယ်။ အထူးသဖြင့် အိန္ဒိယက စ တိုက်တာဖြစ်လို့ မေးစရာရှိတယ်။ အဖြေက ရှင်းရှင်းလေးပါ။ အိန္ဒိယပိုင်နက် ကက်ရှ်မီးယားထဲ ဝင်လာပြီး အိန္ဒိယလူမျိုးတွေကို လုပ်ကြံသတ်ဖြတ်တာဟာ အိန္ဒိယကို မထေမဲ့မြင်ပြုတာပဲ။ အိန္ဒိယဟာ ဒီလို အစော်ကားခံတဲ့ နိုင်ငံမျိုးမဟုတ်ဘူး။ အိန္ဒိယဆိုတာ လက်နက်အင်အားကြီးနိုင်ငံ၊ အိန္ဒိယကို ဒါမျိုး လာလုပ်လို့မရ။ နိုင်ငံတွေဟာ မိမိတို့နိုင်ငံရဲ့ အင်အားကို ခုလိုမျိုး ရန်စလာချိန်မှာ ထုတ်ပြလေ့ရှိကြတယ်။ ငါတို့နိုင်ငံကို ဒါမျိုးလာလုပ်ရင် ဒါမျိုး တုန့်ပြန်တာနဲ့ ကြုံရမယ်။ ဒီလို ကြုံးဝါးပြီး စစ်ပွဲကို စတင်သလို တဖက်ကလည်း သူတို့မှာ တုန့်ပြန်နိုင်စွမ်းရှိတယ်ဆိုတဲ့ အင်အားကို ပြန်လည်ပြသတယ်။
စစ်ပွဲက ဒီလောက်ပါပဲ။ ငါ့ကိုလာမထိနဲ့။ ငါ့မှာ အင်အားရှိတယ်။ တဖက်ကလည်း ငါ့ကိုလာထိ ငြိမ်ခံနေမှာတော့မဟုတ်ဘူး။ ပြန်ချမှာပဲ။ ငါ့မှာလည်း အင်အားရှိတယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲက ဒီလောက်ပါပဲ။ ပြဿနာတွေက ပြီးသွားလားဆိုတော့ ခုထိ မပြီးသေးပါဘူး။ ဒါပေမယ့် စစ်ပွဲတော့ မဖြစ်တော့ဘူး။
(၂)
ဟော.. လာပြန်ပါပြီ။ ထိုင်း နဲ့ ကမ္ဘောဒီးယား။ နယ်မြေချင်း ထိစပ်နေပြီး သမိုင်းကြောင်းအရ ဒွေးရောယှက်တင်ရှိခဲ့တဲ့ ဒီနှစ်နိုင်ငံရဲ့ နယ်စပ်ပြဿနာက ပြင်သစ်တွေ ထားခဲ့တဲ့အမွေလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ မေလ(၂၈)ရက်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ရှေးဟောင်းဟိန္ဒူဘုရားကျောင်း ( Preah Vihear ) ပိုင်ဆိုင်မှုကို အကြောင်းပြုလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ် ပစ်ကြခတ်ကြပြီး ကမ္ဘောဒီးယားစစ်သား တစ်ယောက် သေဆုံးသွားတယ်။
ဒီပစ်ခတ်မှုကို အကြောင်းပြုလို့ နယ်စပ်ဒေသမှာ တင်းမာမှုတွေ ဖြစ်လာတယ်။ နောက်ကြောင်းပြန်ရရင် ထိုင်း နဲ့ ကမ္ဘောဒီးယားက ခုလိုပဲ နယ်စပ်ဒေသမှာ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေကြတာ ရာစုနှစ်တခုကျော် ကြာပါပြီ။ လက်ရှိ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မြေပုံကို ရေးဆွဲပေးသွားခဲ့တာက ပြင်သစ်တွေ။ ၁၉၀၇ ခုနှစ်မှာ ကမ္ဘောဒီးယားကို ကိုလိုနီပြုခဲ့တဲ့ ပြင်သစ်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မျဉ်းကို ရေးဆွဲခဲ့ပြီး အဲဒီအချိန်ကတည်းက ထိုင်း နဲ့ ကမ္ဘောဒီးယားအကြား သူပိုင် ကိုယ်ပိုင် အငြင်းအခုန်ဖြစ်နေတဲ့ နယ်စပ်နေရာတွေ ရှိခဲ့တယ်။ တိကျတဲ့ နယ်ခြားမြေပုံမရှိလို့ ထိုင်းတွေက ကမ္ဘောဒီးယားနယ်မြေထဲ နေရာယူထားတာတွေလည်းရှိတယ်။ ထိုင်း နဲ့ ကမ္ဘောဒီးယားဟာ ကီလိုမီတာ(၈၇၁)၊ မိုင်ပေါင်း၅၄၀ကျော် နယ်မြေချင်းထိစပ်နေတယ်။
အခု အငြင်းပွားနေတဲ့ ရှေးဟောင်းဘုရားကျောင်း (Preah Vihear) နေရာမှာ ၂၀၀၈ တုန်းက ပြဿနာဖြစ်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်ထိ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒီနေရာကို နိုင်ငံတကာတရားရုံး(ICJ)က ကမ္ဘောဒီးယားက ပိုင်ဆိုင်တယ်လို့ ၁၉၆၂ခုနှစ်မှာ ဆုံးဖြတ်ပေးခဲ့တယ်။ ဒါပေမယ့် ထိုင်းက လက်မခံဘူး။ ထိုင်းနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) ကို အသိအမှတ်မပြုဘူး။
ပြီးခဲ့တဲ့ မေလ(၂၈)ရက်က ကမ္ဘောဒီးယားစစ်တပ်က အဲဒီနေရာမှာ ကတုတ်ကျင်းတွေ လာတူးရာက ထိုင်းစစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ ကမ္ဘောဒီးယားစစ်သား တစ်ယောက် သေတယ်။ ဇွန်လ(၃)ရက်မှာ ကမ္ဘောဒီးယားက အခုဖြစ်နေတဲ့ နယ်စပ်ပြဿနာကို နိုင်ငံတကာတရားရုံး(ICJ)က ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမယ်လို့ ဆိုတယ်။ ထိုင်းဘက်ကတော့ ICJ က ဖြေရှင်းတာကို လက်မခံဘူး။ နှစ်နိုင်ငံ နယ်စပ်ပြဿနာကို နှစ်နိုင်ငံတွေ့ဆုံဖြေရှင်းတာမျိုးပဲ လိုချင်တယ်။ အခြေအနေက တင်းမာလာသလို ဖြစ်လာတယ်။ အထူးသဖြင့် ထိုက်းစစ်တပ်က နယ်စပ်ဒေသမှာ စစ်ရေးအသင့်ပြင်ဆင်မှုတွေ လုပ်လာတယ်။ ထိုင်း နဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ဖြတ်ကျော် (၁၇)နေရာကို ဖြတ်သန်းခွင့် ကန့်သတ်လိုက်သလို ကမ္ဘောဒီးယားကလည်း နယ်စပ်ကို စစ်အင်အားတွေ တိုးပို့တယ်။ တင့်ကားတွေ၊ ဒုံးကျည်တင်ယာဉ်တွေ နယ်စပ်ဘက်ကို တန်းစီပြီးထွက်သွားကြတာ တွေ့ရတယ်။
စနေနေ့ကတော့ ထိုင်း နဲ့ ကမ္ဘောဒီးယားနယ်စပ်ဂိတ်တွေထဲမှာ အဝင်အထွက် အများဆုံးဂိတ်တခုဖြစ်တဲ့ ပွိုင်ပက်ဂိတ်ကို အရင်က မနက်(၆)နာရီကနေ ည(၁၀)နာရီအထိ အဝင်အထွက် ပြုလုပ်ခွင့်ပေးထားပေမယ့် မနက်(၈)နာရီကနေ ညနေ(၄)နာရီ ထိုင်းဘက်က ကန့်သတ်ပိတ်ပင်လိုက်တယ်။
နယ်စပ်မှာ နှစ်ဖက်တပ်တွေ စစ်ပြင်ဆင်နေတဲ့သတင်းနဲ့ အတူ နယ်စပ်တွေပိတ်လိုက်လို့ ထိုင်း နဲ့ ကမ္ဘောဒီးယားကြား ကုန်စည် အဝင်အထွက် ရပ်တန့်သွားတယ်။ တနင်္ဂနွေနေ့မနက်က ပွိုင်ပက်နယ်စပ်ဂိတ်မှာ နှစ်နိုင်ငံခရီးသည်တွေ တိုးမပေါက်အောင် ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်။ ကမ္ဘောဒီးယားဘက်ခြမ်းက ကာစီနိုလောင်းကစားခန်းတွေထဲ ထိုင်းနိုင်ငံသားတွေကို ဝင်ခွင့်မပြုတော့ဘူး။ ထိုင်း နဲ့ ကမ္ဘောဒီးယားက မြန်မာနဲ့ ထိုင်းလိုပဲ အဓိကကျတဲ့ စားသောက်ကုန်တွေကို ကမ္ဘောဒီးယားက ထိုင်းကို တင်ပို့ပြီး ကမ္ဘောဒီးယားက လူသုံးကုန်၊ ဆောက်လုပ်ရေးနဲ့လျှပ်စစ်ပစ္စည်း စတာတွေကို တင်သွင်းတယ်။ နယ်စပ်တင်းမာမှုနဲ့ ဂိတ်တွေ ပိတ်လိုက်တဲ့အကျိုးဆက်ကြောင့် တကယ်ထိခိုက်မှာက ထိုင်းပဲ ဖြစ်တယ်လို့ ဟွန်ဆန်ကပြောတယ်။
နှစ်နိုင်ငံနယ်စပ်တင်းမာမှုမှာ ထိုင်းစစ်တပ်က လိုအပ်ရင်အသင့်အနေအထား စစ်ပြင်နေသလို ထိုင်းနိုင်ငံသားမျိုးချစ်တွေကလည်း ကမ္ဘောဒီးယားကို ဆန့်ကျင်ဖို့ လှုံ့ဆော်နေတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်က သိပ်မကြာသေးခင်ကပဲ ကမ္ဘောဒီးယားကို သွားရောက် လည်ပတ်ထားတာရှိသလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတယ်။ အလားတူ ထိုင်းဝန်ကြီးချုပ်ဖခင် သက်ဆင် နဲ့ ကမ္ဘောဒီးယာဝန်ကြီးချုပ်ဖခင် ဟွန်ဆန်တို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြတယ်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ရေးတင်းမာမှုဟာ ဇွန်လ(၈)ရက် တနင်္ဂနွေနေ့ ညနေမှာ နှစ်ဖက်တပ်တွေ နဂိုနေရာအတိုင်း ပြန်ဆုတ်နေကြဖို့ သဘောတူလိုက်ပြီးတဲ့နောက် ခုတော့ ငြိမ်သက်သွားပြီလို့ သိရတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ နယ်ခြားကော်မတီအစည်းအဝေးကိုလည်း ဇွန်လ(၁၄)ရက်မှာ ပြုလုပ်ဖို့ သဘောတူလိုက်ကြတယ်။ နယ်စပ်အငြင်းပွားမှုပြဿနာကို ကမ္ဘောဒီးယားက နိုငံတကာတရားရုံး(ICJ) ရဲ့ အဆုံးအဖြတ်နဲ့ ဖြေရှင်းချင်ပေမယ့် ထိုင်းက လက်မခံဘဲ နှစ်နိုင်ငံနယ်စပ်ပြဿနာကို နှစ်နိုင်ငံတွေ့ဆုံဖြေရှင်းတာကိုပဲ လိုလားခဲ့တာဖြစ်တယ်။
ထိုင်း နဲ့ ကမ္ဘောဒီးယားစစ်တပ်တွေ နယ်စပ်မှာ စစ်အင်အားပြသနေတာ မြင်ရတော့ စိုးရိမ်စရာဖြစ်ခဲ့တယ်။ နှစ်နိုင်ငံ စစ်ဖြစ်တော့မှာလား..။ စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲ။ ကမ္ဘောဒီးယားက ပြည်တွင်းစစ်အကြာကြီး ဖြတ်သန်းခဲ့ဖူးပေမယ့် ဒီနောက်ပိုင်း စစ်မဖြစ်တာတော့ကြာပြီ။ ကမ္ဘောဒီးယားကလည်း တင့်ကားတွေ၊ ဒုံးပျံတင်ယာဉ်တွေနဲ့ အင်အားအတော်ကောင်းလာတာတွေ့ရတယ်။ နယ်စပ်ဖြတ်ကျော် စစ်ပွဲဖြစ်ပွားလေ့မရှိတဲ့ ထိုင်းကရော တကယ်တိုက်တော့မှာလား..။ ဘာပဲဖြစ်ဖြစ် ဒီသတင်းကို စောင့်ကြည့်နေသူတွေကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။
ခုတော့ ပွဲက ပြီးသလောက်ဖြစ်သွားပါပြီ။ စစ်ပွဲတပွဲဟာ မလိုအပ်ဘဲ မဖြစ်တာ အကောင်းဆုံးဆိုတာ စဉ်းစားဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက သိကြတယ်။
စစ်တကယ်မဖြစ်ဘူးဆိုပေမယ့် ငါ့ကို လာမထိနဲ့၊ ငါ့မှာ အင်အားရှိတယ်ဆိုတဲ့ လက်မောင်းကြွက်သားညှစ်ပြမှုမျိုးတော့ အင်အားရှိတဲ့နိုင်ငံတိုင်းက လုပ်ပြတတ်ကြတယ်..။
CWM. ref: BK post, CNA, Reuters news.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now