~ လင်းမောင် ~
ယနေ့ကမ္ဘာတွင် အကြီးမားဆုံးသော ခေတ်မီနည်းပညာပစ္စည်များ၏ အဓိက ကျောရိုးသည် တစ်ပိုင်း လျှပ်ကူး Chips များဖြစ်သည်။ AI နည်းပညာသစ်၏ ကျောရိုးသည်လည်း ထို Chip များနှင့် မကင်းနိုင်ပေ။ ထို့ကြောင့် နိုင်ငံများစွာသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် မိုက်ခရိုချစ်ပ်များ ထုတ်လုပ်နိုင်ရေးအတွက် အရင်းအနှီးများစွာ ထည့်ဝင်မြှုပ်နှံနေကြသလို တစ်ဖက်ကလည်း ရန်ဘက်နိုင်ငံများဆီ ထိုနည်းပညာများ ခိုးယူခံရခြင်းမရှိစေရန် စောင့်ရှောက်နေကြရသည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ သည် တစ်ပိုင်းလျှပ်ကူးချစ်ပ်ပြားများ အဆင့်အမြင့်ဆုံး ဦးဆောင်ထုတ်လုပ်ရာ နိုင်ငံများဖြစ်သည်။ သို့သော် ရန်ဘက်နိုင်ငံ၊ ပြိုင်ဘက်နိုင်ငံကဲ့သို့သော နိုင်ငံများထံ အဆိုပါနည်းပညာများ ကော်ပီကူး အသုံး ချခြင်းမခံရစေရန် တင်ပို့မှုများကို တင်းကြပ်စွာတားမြစ်ထားသည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ အဆို ပါနည်းစနစ်၊ နည်းပညာများ ရောက်ရှိမှုမရှိစေရေး သတိကြီးစွာထားသည်။ အဆိုပါနည်းပညာများက ၎င်းတို့နိုင်ငံများဆီ ပြိုင်ဘက်ထံမှ လက်နက်သဖွယ် အသုံးချတိုက်ခိုက်လာစေရန် လွယ်ကူစေသည့် အတွက်လည်း အထူးသတိထားနေရခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အနောက်နိုင်ငံများသည် အကျိုးစီးပွားကို ကာကွယ်နိုင်ရေး နည်းပညာထုတ်ကုန်များအား လိုင်စင်စည်းမျဉ်းများ၊ အမည်ပျက်စာရင်းသွင်းခြင်းအပါ ဘက်စုံထိန်းချုပ်မှုပုံစံဖြင့် ကန့်သတ်ချက်အများအပြားကို ၁၉၉၆ ခုနှစ် Wassenaar Arrangement သဘောတူ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ပြဌာန်းခဲ့သည်။
စေတနာပို့ကုန် ထိန်းချုပ်မှုစနစ်တွင် သမားရိုးကျ စစ်လက်နက်ပစ္စည်းများ၊ နှစ်မျိုးသုံး နည်းပညာနှင့်ကုန်ပစ္စည်းများ (ဥပမာအား ဖြင့် စစ်ရေးအတွက်ရော လူသားအကျိုးပြုမှုပိုင်းတွင်ပါ သုံးနိုင်သည့် နည်းပညာ၊ ကုန်ပစ္စည်းမျိုးများကို ဆိုလို) လွှဲပြောင်းပေးအပ်ရာတွင် ထိန်းချုပ်မှု စနစ်များကိုပါ ထည့်သွင်းပြီး စေ့စပ်စွာ စစ်ဆေးပြီးမှ တင်ပို့ခွင့်ပြုခြင်းမျိုးများ ပြုလုပ်ထားသည်။ သို့သော်ငြား တရုတ်နိုင်ငံသည် ကျင့်ဝတ်သိက္ခာမဲ့ နိုင်ငံ အဖြစ် တင်းကျပ်တားမြစ်မှုများစွာရှိသည့်ကြားမှ တခြားနိုင်ငံထုတ် နည်းပညာနှင့် ပစ္စည်းများ၊ ချစ်ပ်များကို ခိုးယူခြင်းဖြင့် ဆက်တိုက်ဆိုသလို အမြတ်ထုတ်နေသည်။
မကြာသေးမီက အနောက်နိုင်ငံများကို ကျော်လွန်ပြီး နည်းပညာပိုင်းဆိုင်ရာ သက်ရောက်မှုများအား အထူးပြုလေ့လာ တင်ပြသော Rest of World မီဒီယာတင်ပြမှုတွင် တရုတ်သည် စနစ်တကျဖွဲ့စည်း ထားသည့် ကွန်ရက်မှတစ်ဆင့် အနောက်နိုင်ငံများထုတ်လုပ်သော ချစ်ပ်နည်းပညာများကို Cloud ပြင် ဆင်အတုခိုးခြင်း၊ ချစ်ပ်မှောင်ခိုလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို ဟန်ပြကုမ္ပဏီများ ထူထောင်ပြီး နည်းပညာခိုးယူမှုများလုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။ Nvidia သည် အမေရိကန်နိုင်ငံအတွင်း အကြီးမားဆုံး မိုက်ခရိုချစ်ပ်များ ထုတ်လုပ်ရာ ကုမ္ပဏီကြီးဖြစ်သည်။ တရုတ်စျေးကွက်သို့ ၎င်းတို့ ၏ ထုတ်ကုန်ချစ်ပ်များ တင်ပို့ခွင့်ကိုလည်း တင်းကြပ်စွာ ပိတ်ပင်ထားသည်။ သို့သော် တရုတ်သည် Nvidia ၏ နောက်ဆုံးပေါ် AI ချစ်ပ်များကို ပေကျင်းသို့ အသုံးချကြားခံထောက်ပို့ကွန်ရက် အသုံးချပြီး မရအရ ခိုးသွင်းမှုများပြုလုပ်သည်။
မလေးရှား၊ ဟောင်ကောင်၊ စင်ကာပူ အစရှိသည့် ကြားနိုင်ငံများ တွင် ကုန်အမှတ်တံဆိပ် ပြန်လည်ပြင်ဆင်သတ်မှတ်ကာ တင်ပို့ခြင်းများလုပ်ဆောင်သည်။ ချစ်ပ် မှောင်ခိုလုပ်ငန်း အလွန်များပြားကျယ်ပြန့်လာသည်နှင့်အမျှ တရုတ်ကျောင်းသားနှင့် စီးပွားရေးသမား များသည်ပင်လျှင် လေဆိပ်များတွင် အကောက်ခွန်ဂိတ်များကို ရှောင်ကွင်းပြီး အဆင့်မြင့်နည်းပညာ များကို တရုတ်နိုင်ငံအတွင်းသို့ မှောင်ခိုသွင်းသည့် စျေးကွက်ပါ ကြီးထွားလာသည်။ The Rest of World ၏ နောက်ထပ် စုံစမ်းတွေ့ရှိမှုတွင် အမေရိကန် နည်းပညာ ထိပ်တန်းကုမ္ပဏီကြီးများဖြစ် သည့် Nvidia၊ Intel နှင့် AMD တို့မှ ထုတ်လုပ်သည့် အထူးကန့်သတ်ပိတ်ပင်ထားသော Graphic Processing Units (GPUs) ဒီဇိုင်းများသည်လည်း နှစ်စဉ် တရုတ်နိုင်ငံအတွင်းသို့ ၁၂၅၀၀ နှုန်းဖြင့် မှောင်ခိုတင်သွင်းရောက်ရှိသည်ဟု ဆိုသည်။
တရုတ် ခိုးယူသော GPU များသည် ရာနှင့်ချီသော AI ဓာတ်ခွဲခန်းများ၊ ကာကွယ်ရေးကန်ထရိုက်တာများနှင့် အစိုးရပိုင်နည်းပညာကုမ္ပဏီကြီးများမှ ၎င်းတို့၏ ဒေတာလုပ်ဆောင်နိုင်မှုစွမ်းရည်များကို အသစ်အဆန်းတစ်ခုအဖြစ် မြင့်မားစွာ ယူဆောင်သွားနိုင်ရန် လုံလောက်သော အစွမ်းရှိသည်။ တရုတ်ချစ်ပ်မှောင်ခိုသမားများသည် အမေရိကန်တစ်နိုင်ငံတည်းကိုသာ ပစ်မှတ်ထားခြင်းမဟုတ်ဘဲ အမေရိကန်နှင့်မဟာမိတ်များဖြစ် သည့် ထိုင်ဝမ်၊ တောင်ကိုရီးယားနှင့်အခြားတိုင်းပြည်များမှ ပို့ကုန်ကန့်သတ်မှုမူဘောင်များကို တစ်ပတ်လှည့်ပြီး တင်သွင်းကြသည်။ အဆိုပါ ဖြတ်တောက်ပိတ်ပင်ထားသော ချစ်ပ်များသည် AI နည်းပညာတိုးတက်မှု၏ အဓိက ပင်မဖြစ်ပြီး ဆန်းသစ်သော နည်းပညာသစ်များစွာကို ဖန်တီးနိုင်သော်လည်း တရုတ်ကဲ့သို့ နိုင်ငံလက်ထဲတွင် ရှိနေသည့်အခါ လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုများလည်း ထပ်တူ ရှိလာသည်။
အမေရိကန်သည် ကြိုးကြောင်းဆီလျှော်မှုရှိစွာဖြင့် တရုတ်ကုမ္ပဏီများကို နာမည်ပျက်စာရင်း သွင်းပြီး နည်းပညာပစ္စည်းများ ပိတ်ဆို့မှုလုပ်သော်လည်း တရုတ်ဘက်မှ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များကို ရှောင်တိမ်းရန် ကော်ပိုရိတ်ဗီဇပြောင်း ကုမ္ပဏီများကို ကြားခံ အသုံးပြုကာ နည်းပညာ ခိုးယူတင်သွင်းမှုများ လုပ်မြဲလုပ်ဆောင်နေခဲ့သည်။ ဥပမာအားဖြင့် အမေရိကန်သည် စူပါကွန်ပျူတာ အဆောက်အအုံတွင် မဟာအင်အားကြီးဖြစ်သည့် တရုတ် Sugon ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းသည်။ ၂၀၁၉ ခုနှစ်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် အလွန်နီးကပ်စွာ ချည်နှောင်ထားသည့် Sugon သည် Nvidia နှင့် Intel ကုမ္ပဏီများမှ အဆင့်မြင့် ချစ်ပ်များကို Nettrix ဟူသော အမည်ဖြင့် ဟန်ပြ ကုမ္ပဏီအသွင်ယူကာ များစွာတင်သွင်းသည်။ တရုတ်စစ်ရေးသုတေသန ဓာတ်ခွဲခန်းများ၊ ထောက်လှမ်းရေးစောင့်ကြည့် လုပ်ငန်းများ၊ အစိုးရ ကျောထောက်နောက်ခံပြု တက္ကသိုလ်များထံ တစ်ဖက်လှည့်ဖြင့် ပိတ်ဆိုခံရမှုကို ကျော်လွှားပြီး တင်သွင်းဖြန့်ဖြူးပေးခဲ့သည်။ တရုတ်နိုင်ငံ၏ အကြီးမားဆုံး Server လုပ်ငန်း Inspur သည်လည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုခံရပြီးနောက် အမေရိကန်ထုတ် နည်းပညာကန့်သတ် တီထွင်မှု အသစ်များကို တခြား အခွံပြ ကုမ္ပဏီများစွာ ကြားခံပြီး ဆက်လက်ဝယ်ယူ တင်သွင်းနေခြင်းက နောက်ထပ် သာဓက တစ်ခုဖြစ်သည်။
လက်ရှိ တရုတ်၏ Hardware ပစ္စည်းများ မှောင်ခိုတင်သွင်းနေခြင်းက စိုးရိမ်ဖွယ်အဆင့် ရောက်နေသလို နောက်ထပ် အမေရိကန်နည်းပညာများကို ခိုးယူနိုင်ရေး နည်းလမ်းများစွာကို အသုံးပြုနေ သေးသည်။ Nvidia၊ Intel နှင့် AMD ထုတ် နောက်ဆုံးပေါ် နည်းပညာသုံး ချစ်ပ်များကို Amazon Web Services၊ Google Cloud နှင့် Microsoft Azure ကဲ့သို့သော Cloud services များ ငှားရမ်းပြီး နည်းပညာ ခိုးယူမှုများ ပြုလုပ်သည်။ တင်ပို့မှု ပိတ်ပင်ခံထားရသည့်ကြားမှ ထို ခိုးယူခြင်းနည်းလမ်းသည် အလွန်ကုန်ကျမှုသက်သာပြီး နောက်ဖေးတံခါးမှ ခိုးယူခြင်းမျိုးများ ဖြစ် သည်။ တရုတ် လုပ်ငန်းစုတချို့သည် ပြည်ပတွင် ကုမ္ပဏီမှတ်ပုံတင်ထားကြပြီး တင်ပို့မှု ပိတ်ပင် ခံထားရသော နည်းပညာ ပစ္စည်းများကို ဇစ်မြစ်မှန် ဖုံးကွယ်ကာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့်လက်သင့်ရာ လုပ်ငန်းရှင်ဘော့စ်များ၏ AI သုတေသန လုပ်ငန်းများတွင် အသုံးချ ကြသည်။
အဆိုပါ တစ်ပိုင်းလျှပ်ကူးချစ်ပ်များသည် ပေကျင်း၏ AI နည်းပညာရည်မှန်းချက်များအတွက် အဓိက သော့ချက် ဖြစ်သည်။ . တရုတ်သည် ထောက်လှမ်းရေး၊ စစ်ပွဲဆင်နွဲခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလက်နက်စနစ်များအတွက် လက်နက်မော်ဒယ်များတည်ဆောက်ရန် AI နည်းပညာကုမ္ပဏီများအား တွန်းအားပေးနေသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ ဖိအားပေးခံနေရသော AI နည်းပညာတရုတ်ကုမ္ပဏီများသည် ချစ်ပ်များနှင့် ချစ်ပ်ထုတ်လုပ်ရေး နည်းပညာကို ဖော်ဆောင်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ နည်းပညာခိုးယူခြင်းကို အဓိက အားထား နေရသည်။ အထူးသဖြင့် အမေရိကန်ထံမှ နည်းပညာကို ခိုးယူကြသည်။ တရုတ်၏ အနောက်တိုင်းထုတ် မိုက်ခရိုချစ်ပ်ပြားများ ဆာလောင်အလိုရှိနေမှုက အလွန်မြင့်မားသည်။ အနောက်တိုင်းထုတ် ချစ်ပ်ပြားများ အသုံးပြုရန်ကာလကုန်ဆုံးသဖြင့် စွန့်ပစ်သော ချစ်ပ်ပြားများမှ ရနိုင်သမျှကို ပျော်ပျော်ကြီး ထုတ်ယူသုံးစွဲနေသည်။ စည်းမျဉ်းများအရ အနောက်နိုင်ငံများသည့် ထုတ်လုပ်ပြီး ၅ နှစ် အကြာတွင် ချစ်ပ်ပြားများကို စွန့်ပစ်ရသည်။ စွန့်ပစ်ချစ်ပ်ပြားများကို ရယူခြင်းက အခွင့်အလမ်းကောင်းတစ်ရပ်ဟု တရုတ်က ခံယူကာ ၎င်းတို့ထံတွင် ကြွင်းကျန်တည်ရှိနေသော စွမ်းအင်ကို အမြင့်ဆုံး ပြန်လည်အသုံးပြုခြင်းများ ပြုလုပ်သည်။
အဆိုပါ သောင်းပြောင်းရင်းမြစ် ကြွယ်၀မှုအကူအညီဖြင့် ကမ္ဘာကြီးကို တုန်လှုပ်သွားစေသည့် နောက်ဆုံးပေါ် DeepSeek AI ကို အနောက်နိုင်ငံများစွန့်ပစ်သည့် ချစ်ပ်ပြား စနစ်ဟောင်းများ ပြန်လည်ဆန်းသစ်တီထွင်ပြီး ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ပြန်လည်အာဏာရလာပြီးနောက် တရုတ် နိုင်ငံအပေါ် အခွန်စည်းကြပ်မှုများ များပြားစွာတိုးမြှင့်လုပ်ဆောင်လာသည်။ တိုက်ရိုက်ကုန်သွယ်မှုကို သာမက တရုတ်ကျောထောက်နောက်ခံပြုထားသော မီးခိုးရောင်ဇုန် စျေးကွက်ကွန်ရက်များကိုပါ ပြစ်ဒဏ်ခတ်ခြင်း၊ ပြည်တွင်း ချစ်ပ်ကုမ္ပဏီများအပေါ် မက်လုံးပိုပေးပြီး ချစ်ပ်ပြားများနှင့်ပတ်သက် သော တရုတ်အပေါ် အခွန်စည်းကြပ်မှုများ မြှင့်တင်ခြင်းကိုလည်း ချက်ချင်းဆိုသလို သတ်မှတ်ပြဌာန်း လိုက်သည်။
သို့သော်လည်း တရုတ်နိုင်ငံသည် မှောင်ခိုလုပ်ငန်း၊ ဆိုက်ဘာခိုးမှု၊ စက်မှုလုပ်ငန်း သူလျှိုမှု၊ ကုန်သွယ်မှု ခြယ်လှယ်မှု၊ သံတမန်ရေးရာ အကျပ်ကိုင်မှုနှင့် ပြည်တွင်း ဆန်းသစ်တီထွင်မှုများမြှင့်တင်ရန် တွန်းအားပေးနေခြင်းကြောင့် အခွန်စည်းကြပ်မှုတစ်ခုတည်းက ခိုင်မာသော အဟန့်အတားဖြစ်စေမည်မဟုတ်ပေ။ ထို့ကြောင့် ဘက်စုံ ချဉ်းကပ်မှု လိုအပ်ပြီး တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုအသစ်ကို တန်ပြန်ရန် လိုအပ်သည်။ မလေးရှား၊ ဟောင်ကောင်နှင့် စင်္ကာပူတို့ကဲ့သို့ တရုတ်ကျောထောက်နောက်ခံပြုနိုင်ငံများသည် ကန့်သတ်ထားသောအမေရိကန်ထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများမှောင်ခိုတင်သွင်းရာ အဓိကအချက်အချာကျသော ကြားခံနိုင်ငံများအဖြစ် တရုတ်၏ချစ်ပ်မှောင်ခိုဈေးကွက်ကို ဖွင့်ပေးထားသည်။ ထို့ကြောင့်ပင် ထရမ့် အစိုးရက အဆိုပါနိုင်ငံများကို အပြန်အလှန်အခွန်စည်းကြပ်မှုဖြင့် မကြာမီ အပြစ်ပေးမည်ဟု ယုံကြည်ရပြီး အဆိုပါနိုင်ငံများသည် အမေရိကန်ဈေးကွက်များသို့ ဝင်ရောက်လိုပါက တရုတ်ထံ အဆင့်မြင့်နောက်ဆုံးပေါ် နည်းပညာချစ်ပ်များ တစ်ဖက်လှည့်ဖြင့် တင်သွင်းခြင်းမပြုရန် သေချာ အာမခံချက်များပေးနိုင်မှ ဖြစ်မည့် ကတိကဝတ်များ ပေးရရန် သေချာနေသည်။
သို့မှသာ ပွင့်လင်းမြင်သာသော အကောက်ခွန်နည်းလမ်းများ၊ ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေမှုများ၊ အမေရိကန်နှင့် ရိုးသားပွင့်လင်းစွာ ကုန်သွယ်သင်္ဘောတင်ပို့မှုများ ရနိုင်မည်ဟု သတိပေးထားခြင်းမျိုး ဖြစ်သည်။ အမေရိကန်၏ အိမ်ရှေ့မျက်နှာစာမှ Cloud ဝန်ဆောင်မှုပေးသော ကုမ္ပဏီများအနေဖြင့် တင်ကြပ်သော KYC (Know Your Customer) လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် ၎င်းတို့ကိုငှားရမ်းသည့် ဝန်ဆောင်မှုများအတွက် တာ၀န်ယူရန် ဒေါ်နယ်ထရမ့်ဘက်မှ ရာဇသံပေးထားပြီး ဖြစ်သည်။ တရုတ်ဟန်ပြ ကုမ္ပဏီများ၊ proxy ကြားခံအဖွဲ့များ အမေရိကန် အခြေစိုက် ထုတ်လုပ်သည့် GPU time များကို ကြားခံဖြစ်စေ၊ တစ်ဆင့်ပြန်လည်ရောင်းချမှု ဖြစ်စေလုပ်ဆောင်နေသူများအားလည်း ထရမ့်လက်ထက်တွင် ဝက်အူကို တစ်ရစ်ချင်းလှည့်ပြီး ကျပ်လာစေပြီဖြစ်သည်။ ထို အမေရိကန်ပင်မ နည်းပညာကုမ္ပဏီများ ဥပဒေနှင့်အညီ မလုပ်ဆောင် နိုင်လျှင် အမေရိကန် တရားရေးစည်းမျဉ်းများအရ အရေးယူသွားဦးမည်ဖြစ်သည်။ မျိုးဆက်ဟောင်း စွန့်ပစ် GPU များကို ပင်ကိုယ်ကိုယ်ပိုင် အားသာချက်ရှိသော နည်းပညာဖြင့် ပေါင်းစပ်အဆင့်မြှင့်တင်ပြီး DeepSeek ကဲ့သို့သော တစ်ပိုင်းလျှပ်ကူး hardware များ တီထွင် အသုံးပြုလာခြင်းက မျက်မှောက် ဥပမာပင်ဖြစ်သည်။ အဓိပ္ပါယ်ပြည့်၀သော တစ်ပိုင်းလျှပ်ကူး နည်းပညာ ချစ်ပ်များကို တရုတ်မှ အလွဲသုံးစာလုပ် အသုံးချနေမှုများမှ ကာကွယ်နိုင်ရေး တိုးမြှင့် လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။
နောက်ဆုံးတွင် အနောက်ကမ္ဘာတစ်ခုလုံး၏ ဆီမီးကွန်ဒတ်တာဂေဟစနစ်ကို လုံခြုံစေမည့် လက်ရှိပို့ကုန်ထိန်းချုပ်မှုစနစ်၏ ပြီးပြည့်စုံသော ပြန်လည်ပြင်ဆင်မှုပြုလုပ်ရန် လိုအပ်ပါသည်။ ဒေါ်နယ်ထရမ့် အစိုးရသည် ၎င်း၏ အကျိုးစီးပွားများကို အကာအကွယ်ပေးရန် အလွန်အာရုံစိုက်နေပြီး ချစ်ပ်နည်းပညာကို ခိုးယူရန် တရုတ်နိုင်ငံကို ခွင့်ပြုထားမိသည့် ကွက်လပ်အားလုံးကို မကြာမီ ပိုမိုခိုင်မာ စွာဖြင့် ပိတ်ဆို့တားမြစ်ကာ တခြားသော အသင့်တော်ဆုံးနည်းလမ်းများဖြင့် အစားထိုး ထိန်းချုပ်နိုင် လောက်မည်ဟု မျှော်လင့်ရပါသည်။
#MeKongNews








