~ လင်းမောင် ~
အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ မဟာဗျူဟာကျ စစ်ဆင်ရေးအသွင်းများ အရှိန်အဟုတ်တိုးမြှင့် ဆောင်ရွက်နေမှုသည် ဩစတြေးလျနိုင်ငံအတွက် စိန်ခေါ်မှုများ များသထက် များလာစေရပြီဖြစ် သည်။ စီးပွားရေးဩဇာ လွှမ်းမိုးမှု၊ သံတမန်ရေးရာ ဖိအားပေးမှု၊ စစ်ရေးအသွင်အပြင်များ ရောနှောကာ ဩစတြေးလျ၏ ခံနိုင်ရည်၊ အချုပ်အခြာအာဏာ၊ ဒေသတွင်း တည်ငြိမ်ရေးတို့ကို စမ်းသပ်နေကာ ၎င်းတို့၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို တိုးမြှင့်လာနေပြီဖြစ်သည်။
တရုတ်၏ မီးခိုးရောင်ဇုန် နည်းဗျူဟာများ – မိုးခိုးရောင်စုံ နည်းဗျူဟာဆိုသည်မှာ မှုန်းဝါးခြင်း၊ ဝေဝါးခြင်း၊ မသဲကွဲခြင်းကို ဖန်တီးပြီး ညစ်ညမ်းသော ထိုးနှက်မှုဗျူဟာဟု ဆိုနိုင်ပါမည်။ သက်သေအဖြစ် မြင်သာသည်များက ဩစတြေးလျရေပိုင်နက်များ၊ ကုန်သွယ်ရေးမှီခိုရမှုနှင့် ဆိုက်ဘာ လှုပ်ရှားမှုများကို အသုံးချကာ ပွင့်လင်းမြင်သာ ပဋိပက္ခများ နည်းပါးစွာဖြင့် ချုပ်နှောင်ရာ၌ သိမ်မွေ့ သော်လည်း အတင်းအကျပ်ဖြစ်စေမည့် အစီအမံများကို ချမှတ် ချည်နှောင်ခြင်းဖြစ်သည်။ ဩစတြေးလျအနေဖြင့် ထိုအကျပ်အတည်းကို တုံ့ပြန်ရန် ကာကွယ်ရေးမဟာဗျူဟာများ၊ ရေတပ် တတ်အင်အား၊ စီးပွားရေးမိတ်ဖက်ကွဲပြားနေမှုများအပေါ် မဖြစ်မနေ ပြန်လည်ချိန်ညှိရစေရန် ဖိအား များစွာဖြင့် ဝန်ပိနေစေသည်။
အရှေ့တောင်အာရှဒေသအတွင်း တရုတ်၏ သံတမန်ဖြန့်ကျက်လွှမ်းမိုးနိုင်မှုစွမ်းအားကလည်း အရေးပါ နေခဲ့ပြီး ဩစတြေးလျနှင့်အတူ ထိုနိုင်ငံများစုပေါင်းမှုကို ပျက်ပြယ်စေရန် သေချာစေကာ ဩစတြေးလျ ရေပိုင်နက်မျာအးတွင်း အမိန့်ဟု ဆိုနိုင်သော စည်းမျဉ်းစည်းကမ်းများကို ဖြစ်တည်လာစေရန် မိုးခိုးရောင်ဇုန်ထဲမှ အတင်းအကျပ်တိုက်ခိုက်ဖိနှိပ်လာခြင်းဖြစ်သည်။ ပထဝီဝင်နိုင်ငံရေ့းအခင်းအကျင်း ပြောင်းလဲလာနေသည့်အနေအထားတွင် ဩစတြေးလျချမှတ်ထားပြီးသား မဟာဗျူဟာ အမျော်အမြင် များ၊ လိုက်လျောညီတွေ ရှိစေခြင်းများ၊ ပါဝါပြောင်းလဲနေသော ခေတ်တွင် အမျိုးသားအကျိုးစီးပွား အတွက် ချမှတ်ထားသော ကတိကဝတ်များကို တောင့်မခံနိုင်စေဘဲ တရုတ်အလိုကျ ပြောင်းလဲလာစေ ရန် စစ်ဆင်းရေးများလုပ်ဆောင်နေသည်။ တရုတ်ဘက်မှ ထို ဖိနှိပ်မှု စစ်ဆင်ရေးများ ဆက်လက်တိုး မြှင့်လုပ်ဆောင်နေသကဲ့သို ဩစတြေးလျအနေဖြင့်လည်း နိုင်ငံတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာ ထိန်းသိမ်းနိုင်ရေးများ လုပ်ဆောင်နိုင်ရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။
တရုတ်၏ မီးခိုးရောင်ဇုန်ဗျူဟာသည် ပေါ်ပေါ်တင်တင် စစ်ရေးပဋိပက္ခအသွင်မဆောင်ဟန်ပြသော် လည်း ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်သည့် အသွင်အပြင်ကို ပုံဖော်ထားသည်။ နည်းပရိယာယ်များ အဖြစ် စီးပွားရေးအရ လွှမ်းမိုးမှု၊ ဆိုက်ဘာကျူးကျော်တိုက်ခိုက်မှု၊ သံတမန်နည်းအရ အကျပ်ကိုင်မှု၊ ရေတပ်အင်အားဆိုင်ရာကို သွေးတိုးစမ်းမှုများစွာကို ဆက်တိုက်လုပ်ဆောင်ပြီး ပုံမှန် စစ်ရေးခြိမ်းခြောက်မှုဖြင့် မျက်နှာချင်းဆိုင်သည့်အသွင်မဆောင်သော်လည်း မနီးယိုးစွဲ ဖိအားပေးမှု များကို ဆက်တိုက်လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ တစ်ဖြည်းဖြည်းချင်းနှင့် ဆက်တိုက်ဆိုသလို ပြိုင်ဘက်၏ တုံ့ပြန်နိုင်စွမ်းကို စမ်းစစ်ခြင်း၊ ရန်စသည့် အပြုအမူများကို ဆက်တိုက်လုပ်ဆောင်ခြင်း ဖြင့် ကြာလာသည်နှင့်အမျှ ရန်သူကို ဦးကျိုးသွားစေရန်လည်း စနစ်တကျ ယုတ်မာစွာ ချဉ်းကပ်သည်။
ဩစတြေးလျရေပိုင်နက်များအတွင်း တရုတ်သည် တက်ကြွစွာဖြင့် ရေကြောင်းကျူးကျော်မှုများကို လုပ်ဆောင်နေသည်။ တရုတ်သုတေသန သင်္ဘောများ၊ စစ်သင်္ဘောများ၊ ရေပိုင်နက် အစပ်အထိ ငါးဖမ်း သင်္ဘောရေယာဉ်စုများကို စေလွှတ်ခြင်းဖြင့် ပုံမှန်သို့မဟုတ် အရပ်ဘက် စစ်ဆင်ရေးအသွင်ဆောင်ကာ ဩစတြေးလျနှင့်မဟာမိတ်များ၏ အဆိုပါဒေသ၌ လွှမ်းမိုးထားနိုင်စွမ်းကို ယုတ်လျော့ပပျောက်လာ စေရန်၊ ကြာလာလျှင်တရုတ်သာ ထိုပိုင်နက်များကို လွှမ်းမိုးနိုင်သူအစစ်ဖြစ်သည်ကို ပြသနိုင်ရန် အသွင်အမျိုးမျိုးဖြင့် ဖန်တီးရယူခြင်းမျိုး ဖြစ်သည်။
အင်ဒို – ပစိဖိတ်ဒေသတွင် ဩစတြေးလျသည် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ရာ၌ အမေရိကန်ဦးဆောင်သော လုံခြုံရေးမူဘောင်များကို ဖော်ဆောင်ပေးနေသော အဓိက ပါတနာဖြစ် သည်။ သို့သော် အမေရိကန်ထက်စာလျှင် တရုတ်၏ ပထဝီဝင်နိုင်ငံရေးအနေအထားအရ ထိုဒေသ ရေပိုင်နက်အပေါ် လွှမ်းမိုးရန် ပိုမိုနီးကပ် အားသာနေသည်။ ထို့အပြင် ဩစတြေးလျသည် တရုတ်နိုင်ငံ နှင့် အရေးပါသော ကုန်သွယ်ရေးဆက်ဆံမှုများ များပြားစွာရှိနေခြင်းက ၎င်းတို့ကို မရေရာမှုများစွာ ပိုမို ဖြစ်တည်လာစေသည်။
တရုတ်သည် သြစတြေးလျအား ဖိအားပေးရန် လျှို့ဝှက်သော နည်းလမ်းနှစ်မျိုးစလုံးကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေး သဘောထားကွဲလွဲမှုများဖြစ်စေရေးနှင့် သြစတြေးလျအဖွဲ့အစည်းများကို ပစ်မှတ်ထားသော ဆိုက်ဘာတိုက်ခိုက်မှုများလုပ်သည်အထိ စီးပွားရေးအရ လက်တုံ့ပြန်သည်။ အကဲဆတ်သော စစ်ရေးလေ့ကျင့်မှုများအနီးအနားတွင် တရုတ်ထောက်လှမ်းရေးသင်္ဘောများကို ရှိနေစေခြင်းနှင့် နိုင်ငံတကာရေပိုင်နက်အတွင်း သြစတြေးလျရေတပ်သင်္ဘောများကို နှောင့်ယှက်သည်။ ထိုလုပ်ရပ်သည် နယ်နိမိတ်များကို အမြဲတစေ စမ်းသပ်နေမှုအား သက်သေပြနေသည်။ ဤကျုးကျော်မှုများကြောင့် သြစတြေးလျမူဝါဒချမှတ်သူများသည် ရှုပ်ထွေးသောအဖြစ်မှန်ကို လမ်းကြောင်းရှာရန် တွန်းအားပေးခံကြရသည်။ ဩစတြေးလျအတွက် ဒေသတွင်းတည်ငြိမ်မှုအားကောင်းစေရန်တာဝန်ရှိသလို နိုင်ငံစီးပွားရေးမထိခိုက်စေရေး တရုတ်နှင့်ဆက်ဆံရေးကို ထိန်းသိမ်းထားရန် လိုအပ်နေရာ ဤရှုပ်ထွေးသော ပထဝီဝင်နိုင်ငံရေးအခင်းအကျင်းကို မည်သို့ ကိုင်တွယ်ရမည်ဆိုခြင်းအား တရုတ်ဘက်မှ သေနတ်ထောက် မေးခွန်းထုတ်သလို လုပ်ဆောင်နေခြင်းဖြစ်သည်။
ဩစတြေးလျသည် အင်ဒို – ပစိဖိတ်ဒေသတွင် အဓိကအကျဆုံး လွှမ်းမိုးထားနိုင်သည့် နိုင်ငံ ဟုတ်မဟုတ်ဆိုသည်ကို တရုတ်က ပထဝီ နိုင်ငံရေးအသာရထားခြင်းနှင့် အကျပ်ကိုင်ခြင်းနည်းလမ်းများစွာ ကျင့်သုံးနေခြင်းသည် အဆိုပါဒေသ၏ လုံခြုံရေးအတွက် မည်သူက အဓိကအကျဆုံးဖြစ်သည်ကို အဆုံးအဖြတ်ပေးရန် နည်းလမ်းပေါင်းစုံသုံးပြီး ကျုံးသွင်းနေခြင်းသာဖြစ်တော့သည်။
#MeKongNews








