~ လင်းမောင် ~
ယခင်က တရုတ်နိုင်ငံ၏ သမားရိုးကျ ဝါဒဖြန့် ယန္တရားသည် နိုင်ငံပိုင်မီဒီယာသာ ရှိသည်။ သို့သော် မကြာသေးမီ နှစ်များအတွင်း သမားရိုးကျအစဉ်အလာကိုကျော်လွန်သည့် ဝါဒဖြန့်စက်ယန္တရားများ အသုံးပြုလာခဲ့သည်။ ယနေ့ခေတ်ဆိုလျှင် ဉာဏ်ရည်တုခေါ် (AI) ၊ ဗီဒီယိုဂိမ်းများ၊ အယ်လ်လိုဂရစ်သမ် ခြယ်လှယ်ခြင်းစသည့် မော်ဒန် Tools များက ဝါဒဖြန့်စက်ယန္တရားများထဲမှ အနည်းငယ်သော အစိတ် အပိုင်းများဖြစ်လာသည်။ ထို Tools များက ၎င်းတို့ ဝါဒဖြန့်လိုသော ဇာတ်ကြောင်းများ၊ သဘောထား ကွဲလွဲစေမှုများကို တင်းကျပ်စွာဖြင့် ကမ္ဘာ့အမြင်ကို ပုံသွင်းယူစေသည့် လက်နက်များဖြစ်လာတော့ သည်။ အဆိုပါ ဒစ်ဂျစ်တယ်ဗျူဟာများသည် ပင်မရေစီးကြောင်းနှင့် ဆင်ခြေဖုံးနေထိုင်ခန်းများအတွင်း သို့ တိုးဝင်လာလာကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်ရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်လာစေသည်။
တရုတ်ပြည်တွင်း တီထွင်ထုတ်လုပ်လိုက်သည် နည်းပညာတိုးတက်မှုဖြစ်စဉ် DeepSeek ဆိုသည့် AI Chatbot သည် သတိထား စေ့စပ်စွာစစ်ဆေးစရာများစွာထဲမှ တစ်ခုသော နည်းပညာ ဖြစ်လာသည်။ DeepSeek ၏ တုံ့ပြန်မှုသည် တရုတ်အစိုးရ မဟာမိတ်အသွင်ဆောင်ကာ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်၏တရားဝင်ဇာတ်ကြောင်းများနှင့် ကိုက်ညီကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ပြီး အမှန်စင်စစ်တွင် ၎င်း၏အဖြေများအနက် သုံးပုံတစ်ပုံသည် မှားယွင်းသောဖြေကြားမှုများပါရှိနေသည် ကို တွေ့ရသည်။ ၁၉၈၉ တီယန်နမ်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကဲ့သို့ ထိလွယ်ရှလွယ် သမိုင်းဝင်ပြဿနာများ မေးမြန်းကြည့်လျှင် chatbot သည် ရက်စက်ကြမ်းကြုတ်သောဖြစ်ရပ်မှန်များကို ဝေလည်ကြောင်ပတ်လုပ်ကာ ဖြစ်ရပ်မှန်အစား တရုတ်ကွန်မြူနစ်ပါတီ CCP ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏တိုးတက်မှုကို ပြယုဂ်အဖြစ် တီယန်နမ် ရင်ပြင်ကို သရုပ်ဖော်ကာ သမိုင်းကို လိမ်လည်ရေးသား တုံ့ပြန်သည်။ ဝီဂါမျိုးနွယ်စု မွတ် ဆလင်ဘာသာဝင်များ ကိစ္စ၊ ထိုင်ဝမ်၏ အချုပ်အခြာအာဏာပိုင်မှုကိစ္စများတွင်လည်း ထိုနည်း လည်းကောင်း တရုတ်၏ ခွဲခြားမရသော နယ်မြေအစိတ်အပိုင်းများအဖြစ်သာ တရုတ်အစိုးရ မူဝါဒ အတိုင်း DeepSeek မှ ပြန်လည်ဖြေကြားသည်။
ဤသည်မှာ တရုတ်၏ ဒစ်ဂျစ်တယ်ဆင်ဆာဖြတ်ခြင်း သီးခြားကိစ္စမဟုတ်ပါ။ ယင်းအစား သမိုင်းကြောင်းကို သန့်ရှင်းစေရန်နှင့် နိုင်ငံတော်မှ အတည်ပြုထားသော ဇာတ်ကြောင်းများကို ဖြန့်ဝေရန်အတွက် ခေတ်မီနည်းပညာများကို ပြန်လည်အသုံးပြုသည့် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာကို ခင်းကျင်းခြင်းသာ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ပေဂျင်းအစိုးရသည် မှန်ကန်သော အရှိတရားများကို ပျက်ပြားစေရုံသာမက လူသိရှင်ကြား ငြင်းခုန်နေရမှုများကိုလည်း ထွေပြား အန္တရာယ်များစေသည်။ အထူးသဖြင့် မတူကွဲပြားသော ကမ္ဘာကြီးက အဖြစ်မှန်ထက် မိမိတို့ ဘက်မှ မူဝါဒရေးဆွဲပြီး မတူညီသော ရှုထောင့်များကို ဝင်ရောက်ကြည့်ရှုရန် စနစ်တကျ စီမံထားခြင်း လည်းဖြစ်သည်။
အဆိုပါတရုတ်၏ ဆင်ဆာတည်းဖြတ် ပြင်ဆင်ဖြတ်တောက်ခြင်းများသည် ကမ္ဘာတစ်ဝန်း သန်းပေါင်းများစွာသော လူသားတို့ စွဲလမ်းရာ ဗီဒီယိုဂိမ်းများတွင်လည်း ထိုနည်းလည်းကောင်းပင် စီမံထားသည်။ တရုတ်ကုမ္ပဏီ NetEase မှ တီထွင်ထားသော Marvel Rivals ဗီဒီယိုဂိမ်းဆိုလျှင် စတင် မိတ်ဆက်စဉ်ကတည်းက ကစားသူပေါင်း သန်း ၂၀ ကျော်ရှိသည်။ ဂိမ်း၏ ဆွဲဆောင်မှုရှိသော ကစားနည်းဇာတ်ကြောင်းနောက်ခံမှာပင် နိုင်ငံရေးအရ ထိရှလွယ်သည့် ခေါင်းစဉ်များအား အလိမ်အညာ မုသားများဖြင့် တန်ဆာဆင်ထားသည်။ ဂိမ်းကစားသူများက တရုတ်အစိုးရနှင့် CCP ပါတီ မြေမြှုပ်ဖုံးကွယ်လိုခဲ့သော Winnie the Pooh၊ Free Taiwan၊ Free Hong Kong၊ Tiananmen Square သို့မဟုတ် 1989 ဆိုသည့် စာကြောင်းများ သုံးမိလျှင် အလိုအလျှောက် သတိပေးချက်နှင့်အတူ မသင့်လျော်သောအကြောင်းအရာ (inappropriate content) ဆိုသည့် စာသားဖြင့် သတိပေးတုံ့ပြန်သည်။ ထိုသို့သော ဂိမ်းအတွင်း ဆင်ဆာဖြတ်တောက်မှု အမျိုးအစားသည် တရုတ်ထုတ် နည်းပညာ ပလပ်ဖောင်းများကြားတွင် ပိုမိုကျယ်ပြန့်သော ခေတ်ရေစီးကြောင်း၏ သင်္ကေတဖြစ်နေသည်။ CCP ၏ နိုင်ငံရေး ဆတ်ဆတ်ထိမခံမှုများနှင့် ဆက်စပ်သော ဆွေးနွေးမှုများကို တားဆီးခြင်းဖြင့် NetEase ကဲ့သို့သော ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များအားလုံး ပြည်တွင်း ဆင်ဆာဥပဒေများနှင့် ကိုက်ညီကြောင်း သေချာစေရန် တရားဝင် အတင်းအကျပ် ခိုင်းစေခြင်းခံထားရကြောင်း မြင်သာစေသည်။
ရလဒ်အနေဖြင့် CCP ပါတီ၏တရားဝင်မှုကို ပျက်ပြားစေမည့် ဝေဖန်ရှုထောင့်များနှင့် အမှန်စင်စစ် CCP ပါတီအပေါ် ဝေဖန် ပြောဆိုမှုမှန်သမျှကို ထိထိရောက်ရောက် ချိုးနှိမ်ခံရသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်လာသည်။ ဒစ်ဂျစ်တယ်ဒိုမိန်းများအားလုံးတွင် လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားရုံသာမက အချို့သောအကြောင်းအရာများသည် ကိုယ်တိုင်ဆင်ဆာဖြတ်တောက်မှုနှင့် အတွေးအခေါ်ဆိုင်ရာ ညီညွတ်မှုသံသရာကို ဆက်လက်တည်မြဲစေကာ လူငယ်မျိုးဆက်သစ်များအား မရည်ရွယ်သည့်ပုံစံမျိုးစုံဖြင့် ၎င်းတို့ မူဝါဒများကို ဦးနှောက်ထဲ ရိုက်သွင်းပေးခြင်းဖြစ်သည်။
လူသိရှင်ကြားဟောပြောချက်ကို လွဲချော်စေရန် ပေကျင်းသည် YouTube ကဲ့သို့သော ပလပ်ဖောင်းများပေါ်တွင် အယ်လဂိုရီသမ်များကို အသုံးချသည့်နည်းလမ်းမှာ ပို၍ပင် ကြောက်စရာကောင်းသည်။ ယခင် Content ဖန်တီးသူ လူဟောင်းများကြား ထွက်ပေါ်လာသည့် အသံများကလည်း ကျယ်လောင်လာသည်။ ထိုသူများ YouTube ကဲ့သို့သော တရုတ်ရုပ်သံ ပလက်ဖောင်များတွင် တင်သည့်ဗီဒီယိုများမှာ ကြည့်ရှုမှုနှုန်း များစွာ ကျဆင်းသွားကြသည်။ တရုတ်အစိုးရ၏ algorithmic မူပြောင်းလဲလိုက်သည်နှင့် တိုက်ဆိုင်စွာ ကြည့်ရှုမှုနှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ ပြောင်းလဲလိုက်သော စနစ်တွင် တရုတ်ပြည်တွင်း မလိုလားအပ်သော အမြင်များတင်ပြသည့် ဗီဒီယိုများထက် CCP ပါတီ ထောက်ခံတင်ပြသည့် ရုပ်သံများက အလိုအလျှောက် ကြည့်ရှုမှုနှုန်း များပြားကြကုန်သည်။ တရုတ်ထောက်ခံ၊ အမေရိကန်ဆန့်ကျင်ရေး၊ CCP မူဝါဒအပေါ် မေးခွန်းထုတ်သော ဗီဒီယိုများ အလိုအလျှောက် ကြည့်ရှုမှုနှုန်း ထိုးကျရုံသာမက ဖျက်ချခံရခြင်းများပင် ရှိပြီး အလိုကျရုပ်သံများမှာ ငွေမသုံးရဘဲ ကြည့်ရှုမှုနှုန်း များပြားလွန်းစေမည့် algorithmic မူကို ပြောင်းလဲလိုက်သည်မှာ သေချာသည်ဟု အသံများ ကျယ်လောင်စွာ ထွက်လာခဲ့သည်။
Contents ဖန်တီးခြင်းတွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုများ ရှိလာသည်ဟုပင် စွပ်စွဲချက်များ အစီ အရီထွက်ပေါ်လာသည်။ ဥပမာအားဖြင့်၊ အကောင့်တစ်ခုသည် အမေရိကန်ပြည်ထောင်စုရှိ မြီးဖြူသမင်များအပေါ် COVID-19 ကူးစက်ရောဂါ အစပြုရာဟု အပြစ်တင်သည့် မှားယွင်းသောဇာတ်ကြောင်းကို လှုံ့ဆော်ရန် CCP သည် တစ်ကြိမ်လျှင် ဒေါ်လာ ၂,၀၀၀ ပေးမည်ဟု ကမ်းလှမ်းခံခဲ့ရကြောင်း ပေါ်ပေါက်ခဲ့သည်။ ထိုသို့သောဖြစ်ရပ်များသည် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများကို သိမ်မွေ့စွာ ခြယ်လှယ်ခြင်းသာမက အများသူငှာ ထင်မြင်ယူဆချက်ကို ပုံပြောင်းရန် ရည်ရွယ်သည့် မဟုတ်မမှန်သော သတင်းပေးလှုံ့ဆော်မှုများကို တရုတ်အစိုးရက ခြယ်လှယ်ကြောင်း မီးမောင်းထိုးပြပါသည်။ ဤခြယ်လှယ်မှုသည် အခပေးမက်လုံးများ သို့မဟုတ် အယ်လ်ဂိုရီသမ်ဘက်လိုက်မှုများကြောင့်ဖြစ်စေ၊ ဦးတည်ချက်အချက်အလက်နှင့် ဝါဒဖြန့်မှုကြားတွင် ရေကို ရွှံ့စေဖြင့်နောက်စေခြင်းဖြင့် ဒီမိုကရေစီသရုပ်သကန်အတွက် သိသာထင်ရှားသောအန္တရာယ်ဖြစ်စေသည်။
ဘေဂျင်း၏ ဒစ်ဂျစ်တယ်ဝါဒဖြန့်မှုသည် အွန်လိုင်းနေရာများတွင် ဆက်လက်တည်မြဲတည်ရှိနေလည်း မရှိပေ။ ၎င်းသည် ဒေသတွင်းလူမှုအသိုင်းအဝိုင်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ (အထူးသဖြင့် အမေရိကန်) တွင် ပိုမိုပျံ့နှံ့ဖြစ်တည်စေသည်။ Henan International Communication Center (Henan ICC) ကဲ့သို့သော အဖွဲ့အစည်းများသည် အမေရိကန်လူထု၏ သဘောထားကို ပုံသွင်းရန် ကြိုးပမ်းမှုများတွင် ပါဝင်ပတ်သက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ ပြည်နယ်/ခရိုင်အဆင့် စင်တာ ၂၃ ခုထက်မနည်းသည် X (ယခင် Twitter)၊ Facebook၊ Instagram နှင့် YouTube ကဲ့သို့သော ပလပ်ဖောင်းများကို အသုံးပြုကာ CCP ပါတီ မျက်နှာသာပေးမှုနှင့် ကိုက်ညီသော အံဝင်ခွင်ကျဖြစ်စေမည့် သတင်းအချက်အလက် စကားများကို လူစုလူဝေးဖြင့် ဝါဒဖြန့်ကြသည်။
ထိုသို့သော ပစ်မှတ်ထား ကမ်ပိန်းများသည် သာမန်လူထုအတွက်သာမက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကိုပါ လွှမ်းမိုးရန် ရည်ရွယ်သည်။ Spamouflage၊ Dragonbridge ကဲ့သို့သော တရုတ်ဆက်စပ် သတင်းမှားဖြန့်ချိရေး ကွန်ရက်များ အသုံးပြုကာ အမေရိကန်မဲဆန္ဒရှင်များကို အယောင်ဆောင်ကာ ရွေးကောက်ပွဲမတိုင်မီ ခြယ်လှယ်ထားသည့် အကြောင်းအရာများကို ဖြန့်ဝေသည်။ ထိုကြိုးပမ်းမှုများ၏ သက်ရောက်မှုများက လေးနက်သည်။ အကယ်၍ မစစ်ဆေးပါက၊ ကွဲလွဲနေသော ဇာတ်ကြောင်းများကို ချဲ့ထွင်ပြီး တရားဝင်သော ရွေးကောက်ပွဲ ရလဒ်များအပေါ် ယုံကြည်မှုကို ပျက်ပြားစေခြင်းဖြင့် ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ကမောက်ကမ ဖြစ်စေနိုင်သည့် အကျိုး ဆက်များကို ဖန်တီးရယူခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ ငွေကုန်ကြေးကျများစွာခံထားသော ဝါဒဖြန့်မှုသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင် နိုင်ငံ ရေးအတွက် ကြီးမားသော အကျိုးဆက်များ သက်ရောက်စေသည်။ ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ဆွဲဆောင်မှုအမျိုးမျိုးမှ အယုံသွင်းခြင်း အနုပညာသည် ၎င်းတို့၏ အမြင်များကို ဖြန့်ဝေရုံသာမက ၎င်း တို့အပေါ် ဝေဖန်မှုများကို ဗျူဟာမြောက် ဆန့်ကျင်ကာ အယုံသွင်းဇာတ်လမ်းများ ခင်းကျင်းပုံဖော်ခြင်း များနှင့် ရှုပ်ထွေးစေကုန်သည်။ ထိုလုပ်ဆောင်ချက်၏ အဓိက ရည်ရွယ်ချက်သည် အမေရိကန် အမျိုး သားလုံခြုံရေးအတွက်သာမက အနောက်မဟာမိတ်များ၏ အကျိုးစီးပွားများအတွက်ပါ ဆိုးရွားစွာ သက်ရောက်စေသည်။ သတင်းအချက်အလက်စစ်ပွဲများ အွန်လိုင်းတွင် ပိုမိုဆင်နွှဲလာနေသည့် ခေတ်တွင် တရုတ်၏ ဒစ်ဂျစ်တယ်ဇာတ်ကြောင်းခင်းမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းမှုသည် နိုင်ငံတကာလွှမ်းမိုးမှုချိန်ခွင်လျှာအား တိမ်းစောင်းသွားစေနိုင်သည့် Soft Power မြှင့်တင်မှုပုံစံကို ကိုယ်စားပြုသည်။
သဘောထားကွဲလွဲမှုများကို နှိမ်နှင်းရန်နှင့် နိုင်ငံတော်မှ ဒဏ်ခတ်ပိတ်ဆို့ထားသော ဇာတ်ကြောင်းများကို မြှင့်တင်ရန် အယ်လဂိုရီသမ်များနှင့် AI ကိရိယာများကို ဖြန့်ကျက်ထားခြင်းဖြင့် ပေကျင်းအစိုးရသည် ပွင့်လင်းသော စကားစစ်ထိုးခြင်းကို ဆန့်ကျင်သော ဒစ်ဂျစ်တယ်အတားအဆီးကြားခံကာ စစ်အေးခေတ် သတင်းအချက်အလက်အမှားအယွင်းများ ပိတ်ဆို့ခြင်းမူကို ခေတ်သစ်ဘာသာပြန်ဆိုချက်ပြောင်းလဲဟာ ဝါဒဖြန်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ လှုပ်ရှားမှုများသည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေရုံသာမက လွတ်လပ်သော လူ့အဖွဲ့အစည်းများ တည်ဆောက်သည့် အခြေခံ ဒီမိုကရေစီမူများကိုပါ ထိခိုက်စေသည်။
စီးပွားရေးနှင့် စစ်ဘက်ဆိုင်ရာ တိုးတက်မှုအတွက် ခေတ်မီနည်းပညာများတွင် အကြီးအကျယ် ရင်းနှီးမြုပ်နှံထားသည့် တရုတ်အာဏာရှင်အစိုးရသည် တစ်ပြိုင်နက်တည်း သမိုင်းတစ်လျှောက် အကျယ်ပြန့်ဆုံး ဆင်ဆာဖြတ်တောက်ရေး လှုပ်ရှားမှုများကို ကြိုးကိုင်နေခြင်းမှာ လွန်စွာမှ မထင်မှတ်စရာပင်။ အချက်အလက်များကို စစ်ထုတ်ပြီး ကိုင်တွယ်ခြယ်လှယ်ရန် အဆင့်မြင့် AI ကို CCP ၏ မှီခိုအားထားမှုသည် ပိုမိုကျယ်ပြန့်သော ဆန့်ကျင်ဘက်တစ်ခု၏ သင်္ကေတဖြစ်သည်။ တစ်ဖက်တွင်မူ တရုတ်နိုင်ငံသည် ၎င်း၏ လျင်မြန်သော နည်းပညာတိုးတက်မှုအတွက် အောင်ပွဲခံ ဂုဏ်ဝင့်နေသည်။ အခြားတစ်ဖက်တွင်မူ ပါတီစည်းမျဥ်းနှင့် လိုက်လျောညီထွေဖြစ်စေရန် သမိုင်းကြောင်းကို ပြန်လည်ရေးသားခြင်းဖြင့် မိမိတို့နှင့်သဘောထားကွဲလွဲမှုများအား နှိမ်နှင်းခြင်းကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေပြန်သည်။
ထိုသို့ နှစ်ဖက်မြင်အကြံဆိုးဖြင့် ကျင့်ထုံးများ၊ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု တန်ဖိုးများအား ဆန့်ကျင် နေခြင်းဖြစ်သော်လည်း ကမ္ဘာတစ်ဝန်း ဝေဖန်ခံရမှုများ၌ ၎င်းတို့ မရှုံးဟု ခံယူထားသည်။ သတင်း အချက်အလက်များဆိုသည်မှာ အာဏာရှိသော လူ့အဖွဲ့အစည်းအတွင်း အမှန်တရားဟု ခံယူနေကြချိန် အမှန်တရားများကို စနစ်တကျပုံလွှဲနေမှုသည် ဆန်းသစ်တီထွင်မှုပိုင်း၌ အဟန့်အတားဖြစ်စေသလို နိုင်ငံသားများ၏ အနာဂတ်နှင့်ချီသော အသိဉာဏ်နှင့် ဆုံးဖြတ်ချက်အမှန်များ ချမှတ်နိုင်ရေးကိုလည်း မသေချာ မရေရာသော ပတ်ဝန်းကျင်ကြီးအဖြစ် ဖန်တီးပေးနေခြင်းဖြစ်ပါသည်။ ပွင့်လင်း ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သေချာမစစ်ဆေးမိဘဲ လမ်းလွှဲ သတင်းအချက်အလက်နှင့်မူဝါဒများကို လက်ခံ သလိုဖြစ်သွားစေမှုများက ကြီးမားသော ခြိမ်းခြောက်မှုကြီးအသွင်လည်း ဆောင်လာတော့သည်။
ပေကျင်း၏ ဒစ်ဂျစ်တယ်ဝါဒဖြန့်ချိရေး မဟာဗျူဟာများမှ လေးနက်သော သက်ရောက်မှုများကြောင့် သတိနှင့် နိုးကြားမှု တိုးမြှင့်လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပါပြီ။ အစိုးရများ၊ နည်းပညာကုမ္ပဏီများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ဤလှုံ့ဆော်မှုများကို ဖော်ထုတ်ရန်နှင့် တန်ပြန်ရန် အတူတကွ လုပ်ဆောင်ရမည်ဖြစ်သည်။ အယ်လ်ဂိုရီသမ် လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ နိုင်ငံပိုင် ကမကထပြုထားသော လိမ်လည်မှုများအား တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် အမှီအခိုကင်းသော ဂျာနယ်လစ်များဘက်မှ ဖော်ထုတ်နိုင်ရေးခိုင်မာသော ပံ့ပိုးမှုတို့သည် အများသူငှာ ဟောပြောချက်(အမှတ်တရား)၏ ခိုင်မာမှုကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်သော အဆင့်များဖြစ်သည်။
ကမ္ဘာကြီးသည် အပြန်အလှန်ဆက်သွယ်မှုများ စတင် တိုးပွားလာသည်နှင့်အမျှ လောင်းကြေးများသည် မည်သည့်အခါမှ မြင့်မားလာမည်မဟုတ်ပေ။ စစ်ဆေးမထားသော ဝါဒဖြန့်ဖြန့်ချိမှုသည် ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၏ ခိုင်မာမှုကို ထိခိုက်စေရုံသာမက ပွင့်လင်းလူ့အဖွဲ့အစည်း၏ ပင်မတန်ဖိုးများအတွက် တိုက်ရိုက်စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်လာစေသည်။ ဒစ်ဂျစ်တယ်ခေတ်တွင် အမှန်တရားအတွက် တိုက်ပွဲတွင်၊ သတိရှိမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိရန် အရေးကြီးဆုံးဖြစ်သည်။ အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ပါက ဒစ်ဂျစ်တယ်သံကန့်လန့်ကာသည် အဖြစ်မှန်များသာမက ဒီမိုကရေစီလွတ်လပ်မှု၏ အနှစ်သာရကိုပါ ဖုံးကွယ်ထားသည့် ခေတ်တစ်ခုဆီသို့ ပို့ဆောင်သွားလိမ့်မည်ဖြစ်သည်။
တရုတ် မဟာဗျူဟာများအပေါ် အစိုးရများ၊ နည်းပညာကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအားလုံးဘက်မှ အရေးယူရန် ဆော်သြမှုဖြစ်ပါသည်။ အာဏာရှင် ဝါဒဖြန့်ကျူးကျော်မှုကို ဆန့်ကျင်ပြီး တစ်ဦးချင်းစီက ရဲရင့်စွာ မတ်တပ်ရပ်၊ စစ်ထုတ်မထားသော သတင်းတုများရန်မှ အကာအကွယ် ပေးရပါမည်။ တက်ကြွပွင့်လင်းသော ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော တွန်းလှန်မှုတစ်ရပ် ရှိမှ ဖြစ်ပါတော့မည်။
#MeKongNews








