ဆောင်းပါး

လူထုအသည်းနှလုံးကို သိမ်းကျုံးလိုက်တဲ့ Operation 1027

မဲခေါင် 28 Oct - 2023
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတကြောတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က မထင်မှတ်ထားပဲ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်သွားခဲ့သည်။

ထွန်းသုရေးသည်

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတကြောတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က မထင်မှတ်ထားပဲ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်သွားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်နေ့ မနတ်ပိုင်းတွင် ပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်၏ ပူးပေါင်းစစ်ဆင်ရေးသည် ထိရောက်အောင်မြင်ခဲ့သည်။

မနတ်ခင်းတခုလုံး တနိုင်ငံလုံးကို အာရုံပြု ဖမ်းစားနိုင်ခဲ့သလို  စစ်တပ်ထောက်ခံသူများအကြားတွင်ပါ ထိတ်လန့်ပွက်လောရိုက်သံ ဖြစ်သွားစေခဲ့သည်။

အထူးသဖြင့် ကိုးကန့်တပ်၏ စစ်ရေးလှုပ်ရှားမှုသည် မြန်မာပြည်သူတို့၏ စိတ်နှလုံးတက်ကြွစေခဲ့သလို စစ်အာဏာရှင် တော်လှန်ရေး၏ နောက်တဆင့် ရောက်ရှိလာမှုကို မြင်သာစေခဲ့သည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဝန်းကျင်က ဖြစ်ပွားခဲ့သည့် လောက်ကိုင်တိုက်ပွဲကို တကြော့ပြန် အမှတ်ရစေခဲ့ကာ စစ်တပ်ထောက်ခံသူများအကြား နေဝန်းနီ ပုံရိပ်များ ပြန်တွေ့လာခဲ့ရသည်။

သို့သော်လည်း လွန်ခဲ့သော (၈)နှစ်ခန့်ကကဲ့သို့ ပြည်သူတို့၏ ထောက်ခံမှုသည် မြန်မာစစ်တပ်ဘက်တွင်မရှိတော့ဘဲ ကိုးကန့်တပ်ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်များဘက် ပြောင်းသွားပြီဖြစ်သည်။

တချိန်က မြန်မာစစ်တပ်၏ ဝါဒမှိုင်းတိုက်မှုကြောင့် အဝေဖန်ခံရ၊အပြစ်တင်ခံရ ၊ အတိုက်ခိုက်ခံခဲ့ရသည့် ကိုးကန့်တပ်ဖွဲ့မှာ  စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်မမှ လူထုထောက်ခံမှု ပိုရရှိလာနေသလို တော်လှန်နေသည့် ပြည်သူ့များအပေါ်တွင်လည်း အားရစရာ အကောင်းဆုံး စွမ်းဆောင်ရည် ပေးစွမ်းနိုင်နေသည် ဟု ဆိုနိုင်သည်။

ယခင်က တရုတ်နိုင်ငံဘက်မှ ကိုးကန့်ပြည်သူများ၏ စာနာထောက်ထားမှုသာ ရရှိနေခဲ့သည့် ကိုးကန့်တပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးတွင်မှု ပြည်မမှ လူထု၏ ထောက်ခံဂုဏ်ယူမှုကို အပြည့်အဝ ရရှိလာနေခြင်း ဖြစ်သည်။

ဤအချက်သည်ပင် လက်ရှိ အာဏာရှင်စနစ်တော်လှန်ရေးအတွက် နောက်တဆင့် ရောက်ရှိလာမှုကို မြင်တွေ့လာရစေသည်။

သောကြာနေ့ မနက်ပိုင်းတွင် စတင်ခဲ့သော အဆိုပါ စစ်ဆင်ရေးသည် ရှမ်းပြည်နယ် မြောက်ပိုင်းတကြောလုံးကို ရိုတ်ခတ်စေခဲ့ပြီး လားရှိုး၊ သိန္နီ၊ ကွက်ခိုင်၊ နန့်ဖက်ကာ၊ ကွမ်းလုံ၊ ဟိုပန်၊ နန်းခမ်း၊ ဖောက်ဆိုင်နှင့် ချင်းရွှေဟော် စသည့် နေရာများတွင် တပြိုင်နတ် တိုက်ပွဲဖြစ်လာခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံများ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့ အခြေစိုက်စခန်းများကျဆုံးသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုး-မူဆယ်၊လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးများကို ပိတ်ထားရသည့် အထိ ဖြစ်လာခဲ့သည်။

လားရှိုး လေဆိပ်သည်လည်း ယာယီပိက်ထားခဲ့ရကာ ကိုးကန့်တပ်ဖွဲ့များသည် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လောက်ကိုင်မြို့သို့ ချီတက်နေကြသည် ဟု သတင်းများက ဆိုသည်။

ပြီးခဲ့သည့် လပိုင်းများအထိ မူးယစ်ဆေးဝါးများ ဖြစ်သော E နှင့် K ဆေးများ၊ Happy water များဖြင့် KTV များ၊ ဘားများတွင် ပျော်မွေ့နေကြသည့် လားရှိုးမြို့သည်လည်း စစ်ငွေ့ရနံ့ကို စတင်မြည်းစမ်းလာရပြီ ဖြစ်သည်။

တချိန်က နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံများသည် ဆင်းရဲနွမ်းပါးသည့် ကျေးလက်နှင့် တောင်တန်းဒေသများတွင်သာ ဖြစ်ပွားနေရာမှ ယခုအခါ ရှမ်းမြောက်ဒေသရှိ အကြီးဆုံးမြို့တော် ဖြစ်သော လားရှိုးကို ခြေဆန့်လာနေပြီ ဖြစ်သည်။

‌ထိတ်လန့်ကြောက်ရွံ့နေကြသည့် ပြောဆိုမှုများ၊ လက်နက်ကြီးပစ်ခတ်သံများကြောင့် ထိတ်လန့်နေသူများသည် ယခင်က စစ်ဘေးရှောင်ပြည်သူများအပေါ် ကိုယ်ချင်းစာစိတ် ရှိလာကြမည် ဖြစ်သလို တခြားမြို့ကြီးများအတွက်လည်း တပ်လှန်သံ ဖြစ်လာနေသည်။

အာဏာရှင်အရိပ်မည်းအောက်တွင် နေထိုင်ရပြီး ‌နွားခြေရာခွက်ငယ်ကို ရေကန်ဟု သတ်မှတ်နေကြသည့် ရွှေရည်စိမ်လူတန်းစားတို့အတွက်လည်း ပြည်တွင်းစစ်ဟုသော နမိတ်သံကို ပိုနီးကပ်လာစေခဲ့ပြီ ဖြစ်သည်။

ထိုကြောင့် မြောက်ပိုင်းမဟာမိက်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ဖြေလျော့စပြုနေသည့် လေသံများ၊ ပျက်ရယ်ပြုနေသည့် လေသံများကို တုန်ပြန်ပေးခဲ့သည့် အကောင်းဆုံး လုပ်ရပ်ဖြစ်လာခဲ့သည်။

စည်းလုံးကာ စုစည်းမှု၊ အသံလုံပြီး စုရုန်းတိုက်ပွဲဆင်နိုင်မှု၊ တပြိုင်နတ်တည်း လုပ်ဆောင်နိုင်မှုနှင့် နယ်မြေကျွမ်းကျင်မှုတို့ကို ရုပ်လုံးဖော်ပြခဲ့သည် ဖြစ်ရာ တခြားဒေသရှိ တော်လှန်ရေးအဖွဲ့အစည်းများအတွက်လည်း နမူနာယူစရာ ဖြစ်လာခဲ့သည်။

စစ်ကောင်စီ၏ တုန့်ပြန်လှုပ်ရှားနိုင်စွမ်းကိုလည်း မြင်သာစေခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကိုသာ မှီခိုလာရသည့် ပုံရိပ်များကိုလည်း သိသာစွာ မြင်တွေ့ခဲ့ရသည်။

တချိန်ထဲတွင် ကရင်ပြည်နယ် ကော့ကရိက်မြို့တွင်လည်း ကရင့်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မြို့ထိန်းတိုက်ပွဲ ဆင်နွဲမှုကိုလည်း တွေ့ရှိခဲ့ရသည်။

အလားတူ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တောင်သမန်စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ပူးပေါင်း ပါဝင်မည် ဟု ထုတ်ပြန်လာသည်။

ယင်းမတိုင်မှီကလည်း ကချင်လက်နက်ကိုင်တပ်ဖွဲ့(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊အခြားတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီစစ်စခန်း(၂)ခုကို တိုက်ခိုက်သိမ်းပိုက်ထားခဲ့သေးသည်။

စစ်ကောင်စီအနေနှင့် အဆိုပါ စစ်အခြေကုပ်စခန်းများကို ပြန်လည်ရရှိရန် ကြိုးပမ်းနေသည် ဟု ဆိုချိန်တွင် ယခုကဲ့သို့ ၁၀၂၇ စစ်ဆင်ရေးပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချက်များအရ စစ်ကောင်စီအတွက် မီးပေါက်သည့် နေရာများသည် နေရာအနှံမှ တိုးလာနေသလို စခန်းများ၊ နေရာဒေသတချို့တို့ကို စွန့်လွတ်လာရသည့် အခြေအနေတွင် ရှိနေပြီ ဖြစ်သည်။

ရှမ်းမြောက်ပိုင်းဒေသသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးသည့် နယ်မြေဖြစ်ရုံသာမက တရုတ် ၏ BRI စီမံကိန်းများ၊တရုတ် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာမြေ နှင့် နယ်စပ်ကုန်သွယ်ရေးတို့အတွက် အရေးပါသည်။

အထူးသဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးနှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတို့သည် ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားကြသည့် နေရာ ဖြစ်သလို တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများ၊ စီးပွားရေးဇုန်များ တည်ဆောက်ရန် ပြင်ဆင်နေသည့် နေရာများ ဖြစ်သည်။

ထိုအတူ မြောက်ပိုင်းမဟာမိက်အဖွဲ့သည် တရုတ်၏ ဩဇာလွမ်းမိုးမှု ရှိသည်ဟုလည်း ဆိုထားကြသည် ဖြစ်ရာ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်က သိရှိပြီး ဖြစ်မည် ဟုလည်း ယူဆရသည်။

စစ်ဆင်ရေးကြီး တရပ် ဖြစ်လာမည်ကို ချင်းရွှေဟော်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက ညကတည်းက သိရှိကြပြီး ထွက်ပြေးနှင့်ပြီး ဖြစ်သည် ဟု သတင်းများက ဖော်ပြထားသည်။

တရုတ်နှင့် ထိစပ်နေသည့် နေရာလည်း ဖြစ်သလို “ ဝ” ဒေသမှလည်း စစ်ဘေးရှောင်များ ဝင်ပေါက်လမ်းကြောင်း ကို ဖွင့်ပေးထားခဲ့သည်။ တရုတ်ဘက်မှလည်း နှစ်ပေါက်သည့်အထိ ပိက်ပင်ထားသည့် နယ်စပ်ဂိတ်ကို ဖွင့်လှစ်ခဲ့သလို ယင်းမတိုင်မှီကတည်း ကြိုတင်စစ်ရှောင်သူများပင် ရှိသည် ဟု မီဒီယာများက ဖော်ပြထားသည်။

ထိုအချက်များကို ကြည့်လျှင် တရုတ်အနေနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို သိရှိပြီး ဖြစ်မည် ဟု ယူဆထားကြသည်။

သို့သော်မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများအတွက် အပစ်အခတ်ရပ်စဲကြရန်နှင့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် စစ်တပ်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

မြောက်ပိုင်းမဟာမိတ်၏ ထုတ်ပြန်ချက်တွင် တရုတ်က အပြင်းအထန် နှိမ်နင်းနေသည့် နယ်စပ်ဒေသတလျှောက်ရှိ ကျားဖြန့်လုပ်ငန်းများကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က လုပ်ကိုင်နေသဖြင့် နှိမ်နင်းရန် ဟုသော အချက်ပါရှိနေသည်။

ထိုအချက်သည် တရုတ်အကြိုက်တွေ့စေမည့် အချက်တခု ဖြစ်သလို ချင်းရွှေဟော်မြို့တွင်းရှိ ပြည်သူ့စစ်အဖွဲ့ပိုင် ဟိုတယ်မှ ကျားဖြန့်လုပ်ငန်း လုပ်နေသူများကို ကိုးကန့်တပ်ဖွဲ့က ‘ဝ’ ဒေသဖက်ကို လွဲပြောင်းပေးနေသည့် ပုံရိပ်များ ကို တွေ့ရှိရသည်။

“ ဝ” တပ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ကိုးကန့်တပ်ဖွဲ့မှ ခေါင်း‌ဆောင်တချို့သည် ပြီးခဲ့သည့် လပိုင်းက တွေ့ဆုံခဲ့ကြသေးသည်။

ရှမ်းမြောက်ပိုင်းတကြောတွင် တပြိုင်နတ်တည်း စစ်ရေးလှုပ်ရှားနိုင်မှုသည် NUG အစိုးရ အလိုရှိနေသည့် ပုံစံမျိုးလည်း ဖြစ်ကာ COC ပုံစံ ဖော်ဆောင်လိုသည်ကိစ္စအတွက် အကောင်းဆုံး ပုံရိပ် ဖြစ်လာသည်။

အလားတူ တခြားစစ်ရေးဒေသများတွင်လည်း လှုပ်ရှားတိုက်ပွဲများ ဖော်ဆောင်လာပါက စစ်ကောင်စီအုပ်စုအတွက် ပိုအကြပ်ရိုက်စရာဖြစ်လာစေခဲ့သည် သဘောမျိုး တွေ့ရသည်။

စစ်ကောင်စီသည် ၎င်းတို့ အားသာချက် ဖြစ်သော လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် ပြန်လည်ထိုးစစ်ဆင်နွဲနေသည် ကို တွေ့ရသလို ပြန်လည် ရှင်းလင်းရေးလှုပ်ဆောင်ရန်အတွက်လည်း ပြင်ဆင်လာခဲ့သည်။

သို့သော်လည်း မနားမနေ စစ်ရေးလှုပ်ရှားနေခဲ့ရသော စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအတွက် ဖိအာတိုးလာစေနိုင်သည်။

စစ်ကောင်စီသည် ယခင်က စစ်ရေးနယ်မြေတခုတွင် တိုက်ပွဲ‌ဖော်ဆောင်ပါက တခြားစစ်ရေးဒေသများတွင် အပစ်အခတ်ရပ်ဆဲကာ ဖော်ဆောင်လေ့ရှိခဲ့သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားရာတွင် တနေရာတည်းကို အာရုံပြု၍ မရတော့ပဲ နယ်ပါယ်စုံကို စစ်ဆင်ရေးဆောင်ရွက်လာနေရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း နှင့် ရှမ်းမြောက်ဒေသတခုလုံးတွင် စစ်ဆင်ရေးဖော်ဆောင်လာနေရပြီ ဖြစ်သည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ်က လောက်ကိုင်တိုက်ပွဲတွင် ပြည်မမှ ပြည်သူတို့၏ အားပေးမှု ရရှိခဲ့သည် စစ်တပ်သည် တုန့်ပြန်ချေမှုန်းရေးအပိုင်းတွင် များစွာ စိတ်ခွန်အား ရစေခဲ့သည်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးဆင်နွဲသည့်ကာလတွင်မှု စစ်ကောင်စီတပ်ဖွဲ့များအပေါ် ပြည်သူလူထု၏ ရပ်တည်ထောက်ခံပေးမှု မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကာ နေဝန်းနီတံဆိပ် ပုံကို social တွင် ချိန်းနေကြသူအများစုမှာ စစ်တပ်အသိုင်းအဝိုင်းက သူများပင် ဖြစ်သည်။

ထိုအချက်ကပင် လွန်ခဲ့သော (၈)နှစ်က အခြေအနေနှင့် တူညီမှု မရှိတော့သည့် လက္ခဏ ဖြစ်လာနေပြီး ကိုးကန့်တပ်ဖွဲ့များအပေါ် ပြည်မမှ လူထု၏ ထောက်ခံမှုသည် များစွာ တိုးမြင့်လာနေသည်။

ထိုအချက်ကပင် စိတ်ဓါတ်စစ်ဆင်ရေးအပိုင်းတွင် များစွာ အားသာချက်အဖြစ် ရောက်ရှိလာနေသလို အာဏာရှင်တွန်းလှန်မှုအပေါ် နှေးကွေးနေသည်ဟု ယူဆနေသူများအပေါ်တွင်ပါ အကျိုးသက်ရောက်မှု ရှိလာနေသည်။

ထိုကြောင့် အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်ဆင်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ဖျက်တိုက်ထုက်ရေးအပေါ် နောက်တဆင့် တက်လှမ်းရောက်ရှိလာပြီ ဖြစ်သည်ကို သိရှိခံစားလာစေသည်။

ပြည်သူများ တော်လှန်ရေးအပေါ် ပိုစိတ်ဝင်စားလာအောင် ဖန်တီးလိုက်နိုင်သည့် စစ်ဆင်ရေးဖြစ်သလို စစ်ကောင်စီ ထောက်ခံသူများ၏ အရှိုက်ကိုလည်း ထိုးနှက်လိုက်သည့် ပုံရိပ်ဖြစ်လာနေသည်။

၁၀၂၇ စစ်ဆင်ရေးသည် ယခုမျှနှင့် ရပ်တန့်သွားဖွယ် မရှိသလို ပိုပြင်းထန်လာဦးမည့် အခြေအနေတွင် ရှိနေသည်။

သီတင်းကျွက်လပြည့်ညနှင့်အတူ နောက်ပိုင်း ပွင့်လင်းရာသီတလျှောက်တွင် ရှမ်းမြောက်ဒေသနှင့် တနိုင်ငံလုံးတွင် စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်တိုက်ပွဲများ ပိုမို ပြင်းထန်လာဖွယ်ရာ ရှိနေသည်။

MeKongNews

Operation1027

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now