ဆောင်းပါး

မြန်မာလူထု၊ တရုတ်နှင့်စစ်ကောင်စီတို့အပေါ် ရိုက်ခတ်မှု ပြင်းခဲ့သည့် မြောက်ပိုင်းစစ်ဆင်ရေး

မဲခေါင် 4 Dec - 2023
၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည်မှာ တစ်လကျော်သွားခဲ့ပြီဖြစ်သည်။ စစ်ကောင်စီအနေနှင့် တန်ပြန်ထိုးစစ် မဆင်နွဲနိုင်သေးသလို အဖက်ဖက်မှလည်း တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာနေသည်။

၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည်မှာ တစ်လကျော်သွားခဲ့ပြီဖြစ်သည်။ စစ်ကောင်စီအနေနှင့် တန်ပြန်ထိုးစစ် မဆင်နွဲနိုင်သေးသလို အဖက်ဖက်မှလည်း တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာနေသည်။

ထူးခြားမှုအနေနှင့် ကိုးကန့်တပ်၏ စစ်ဆင်နိုင်မှုနှင့် စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနိုင်မှုက အရေးပါဆုံးဖြစ်ပြီး အထူးထင်ရှားကျော်ကြားသည်။

၁၀၂၇ စစ်‌ဆင်ရေးအတွင်း ကိုးကန့်တပ်၊ပလောင် တပ်နှင့် ရခိုင်တပ် များပါဝင်သော မြောက်ပိုင်းမဟာမိက်တပ်များအပြင် ပြည်သူ့ကာကွယ်ရေးတပ်၊ဗမာတပ်မတော်နှင့် အခြား လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့လည်း ပါဝင်ကာ အင်အား(၂)သောင်းကျော် ပါဝင်ဆင်နွဲနေသည်။

စစ်ကောင်စီကမူ ကနဦးကာလက ကိုးကန့်မျိုးနွယ်စု ပြသာနာဟု သုံးနှုန်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်ပနိုင်ငံမှ ပံပိုးကူညီနေသည် ဟု ပြောဆိုလာခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီကို ထောက်ခံသည့် သူများက တရုတ်ကို စတင်ဆန္ဒပြခြင်း၊ ရှုတ်ချခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီးနောက် စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကို ကျုးကျော်စစ်ဟု သုံးစွဲလာခဲ့သည်။

ထိုအခြေအနေကို ကြည့်လျှင် စစ်ကောင်စီနှင့် တရုတ်ကြား ဆက်ဆံရေး သိသိသာသာ ဆိုးရွှားလာနေသည့် သဘော ဖြစ်နေသည်။

လက်ရှိ တရုတ်-မြန်မာဆက်ဆံရေးမှာ မဲခေါင် ဖွံဖြိုးရေးတခုနှင့်သာ ချိက်ဆက်နေသည့် သဘောသာ ရှိနေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်မှ ပါဝင်ကူညီနေသည် ဟု စစ်ကောင်စီထောက်ခံသူများက ယုံကြည်လက်ခံထားကြသည်။

အဘယ်ကြောင့်ဆိုသော် ကိုးကန့်တပ်မတော်၏ ပစ်အားကောင်းကောင်းနှင့် ဝင်လုံးနိုင်သည့် အခြေအနေမျိုးကြောင့် ဖြစ်သည်။

စစ်ကောင်စီထောက်ခံသူတို့၏ အဆိုအရ ဒရုန်းအများအပြားဖြင့် စစ်စခန်းများကို ဖွက်ဖွက်ညပ်ကြေအောင် ဗုံးချပြီးမှ စခန်းသိမ်းတိုက်ပွဲဆင်နွဲသည် ဟု ဆိုသည်။

ယခင်က လေကြောင်းအားကိုးနေခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုအခါ လေကြောင်းမှ တိုက်ခိုက်လာခြင်းကို ကြောက်လန့်နေရပြီ ဖြစ်သည်။

ထို့အတူ ကို့ကန်းတပ်မတော်၏ စစ်ရေးစွမ်းရည်သည်လည်း ဆယ်စုနှစ် တစ်ခုကျော်အတွင်း လွန်စွာ တိုးတက်လာခဲ့သည်။

၂၀၀၉ ခုနှစ်မှ စ၍ လက်ရှိအချိန်ထိ စစ်ပွဲကြီး ဆင်နွဲခဲ့ဖူးသလို ကိုးကန့်တပ်မတော်၏ စစ်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်များကို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။

ယခင် NLD အစီုးရလက်ထက်အတွင်း ဖြစ်ခဲ့သော ကိုးကန့်တပ်နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲသည် အချိန်(၅)လနီးပါး ကြာမြင့်ခဲ့ပြီး ထိုအချိန်က တိုက်ရည်ခိုက်ရေအကောင်းဆုံး လက်နက်ကိုင်အဖွဲ့အဖြစ် အများက အသိအမှတ်ပြုခဲ့ရသည်။

စနိုက်ပါ ပစ်ခတ်မှုကျွမ်းကျင်မှုကြောင့် ကိုးကန့်ဘက် ရောက်ရှိလာသော စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်များ ကြောက်ရွံခဲ့ရသလို ထိုကာလက တရုတ်နယ်စပ်ရှိ မျိုးနွယ်တူတို့၏ စာနာထောက်ထားမှု၊အားပေးမှုတို့ကို ရရှိခဲ့သည်။

ထိုကာလက စစ်ကောင်စီသည် အခြားစစ်ရေးမရှိသော ဒေသတို့က တပ်ရင်းများကို ထုက်နှုက်၍ ထိုးစစ်ပြန်ဆင်ခဲ့ရာ ပေးဆပ်မှုများစွာဖြင့် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း ကိုးကန့်တပ်မတော်မှာ ကျဆုံးမသွားခဲ့ချေ။

၂၀၂၃ ခုနှစ်တွင် ၁၀၂၇ စစ်ဆင်ရေးကို ပြန်စတင်ချိန်တွင်မှု အခြေအနေကွာခြားသွားခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီသည် အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရသလို ယခင်ကဲ့သို့ ပြည်သူတို့၏ ထောက်ခံမှုလည်း မရရှိတော့ချေ။

ထိုအတူ ကိုးကန့်တပ်မတော်၏ တိုက်ရည်ခိုက်ရည်ကို သိရှိပြီးသော ရှမ်းမြောက်ဒေသအခြေစိုက် စစ်ကောင်စီတပ်များအတွက် တုန်လှုပ်စရာ ဖြစ်စေခဲ့သည့်အပြင် မြောက်ပိုင်းမဟာမိက်အဖွဲ့ကို မြန်မာပြည်သူတို့က ပြောင်းလဲထောက်ခံလာခြင်း ဖြစ်သည်။

ထိုအချက်က စိတ်ဓါက်ပိုင်းဆိုင်ရာ များစွာ တိုးလာစေပြီး တဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စိတ်ဓါက်ကျစရာ ဖြစ်လာစေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စ၍ တနိုင်ငံလုံး စစ်ဆင်ရေးဝင်နေရသော စစ်ကောင်စီအဖွဲ့ဝင်များအတွက် (၃)နှစ်ကြာလာချိန်ဝယ် ပင်ပန်းမှု စတင်လာနေပြီ ဖြစ်သည်။

အရပ်သားများကို ညှဉ်းပန်းနှိပ်စက်၊ ဖမ်းဆီးနိုင်သော်လည်း လက်နက်ကိုင်အဖွဲ့ပေါင်းစုံနှင့် သူတင် ကိုယ်တင် တိုက်ပွဲဝင်ရများလာသောအခါ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကျဆင်းလာနေပြီ ဖြစ်သည်။

ထိုကာလဝယ် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးကြောင့် ပို၍ ဖိအားတိုးကာ စိတ်ဓါက်ကျဆင်းမှု တိုးလာစေပြီ ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို အချိန်ကောင်း၊အခွင့်အခါ ကောင်းချိန်ဝယ် စတင်နိုင်သည့် စစ်ဆင်ရေးဟု ချီးကျုးခဲ့ကြရပြီး စစ်ကောင်စီ၏ အခိုင်အမာနေရာ အများစု ဆုံးရှုံးခဲ့ရပြီ ဖြစ်ကာ ထိုးစစ်ဆင်ရန်လည်း မလွယ်ကူသေးပေ။

ထိုအပြင် ကိုးကန့်တပ်သည် လောက်ကိုင်ကို ပြန်လည်သိမ်းယူရန် ချီတက်ပြင်ဆင်နေပြီဟု ထုတ်ပြန်ထားရာ လောက်ကိုင်မြို့ကို သိမ်းနိုင်လျှင် စစ်ကောင်စီကို ဒုတိယအချီ Knock out လုပ်နိုင်သည့် သဘောဖြစ်လာမည် ဖြစ်သည်။

ထိုသို့ဆိုပါက ရှမ်းမြောက်ဒေသတွင် စစ်ရေးရှုံးနှိမ့်မှုသည် ‌တနိုင်ငံလုံးကို ကြီးကြီးမားမား အကျိုးသက်ရောက်လာမည် ဟု ယူဆရသည်။

သို့သော်လည်း စစ်ကောင်စီ၏ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသထက် နေပြည်တော်ကာကွယ်ရေးစီမံကိန်းက ပို၍ အသံထွက်လာနေသည်။ ထိုအတူ စစ်ကောင်စီသည် တရုတ်ကို ပြောဆိုလိုသည့် ကျုးကျော်စစ်ဟုသော အသုံးအနှုန်းကို စတင်သုံးစွဲလာခဲ့သည်။

သံသမန်ဆက်ဆံရေးအနေနှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်သံအမတ်က နေပြည်တော်သို့ လာရောက်တွေ့ဆုံမှုရှိနေသော်လည်း ဆက်ဆံရေးယိုယွင်းစပြုနေပြီ ဟု ဆိုနိုင်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ထူးခြားမှုတခုကာ စစ်ကောင်စီစခန်းသိမ်းပိုက်ရာတွင် တင့်ဖျက်ဒုံးများ၊သံချပ်ကာကားများကို ပစ်ခတ်ရသည့် ဒုံးများ၊လက်နက်များ အမြောက်အမြားကို သိမ်းဆည်းရမိခြင်း ဖြစ်သည်။

စစ်လက်နက်ကျွမ်းကျင်သူတို့ကမှု အဆိုပါလက်နက်များသည် တင့်ကား၊ကျည်ကာကား၊သံချပ်ကာကားများ မရှိသည့် ကိုးကန့်တပ်မတော်ကို တိုက်ခိုက်ရန် မဟုက်ပဲ ပြည်ပကျုးကျော်စစ်ကို ခုခံရန် ဖြစ်သည် ဟု ဆိုသည်။

မဟာဗျူဟာကျသည့် နယ်စပ် အခိုင်အမာဗျူဟာစခန်းများတွင် တင့်ဖျက်ဒုံးများ အမြောက်အမြားသိုလှောင်ထားမှုကို စစ်ရေးလေ့လာနေသူတို့အတွက် အံဩစရာဖြစ်နေသည်။

လေ့လာသူအများစုကမူ တရုတ်မှ ကျုးကျော်ဝင်ရောက်လျှင် သုံးစွဲနိုင်ရန် ကြိုတင်သိုလှောင်ခြင်း ဟု ယူဆထားကြပြီး ယခုအခါ အဆိုပါ လက်နက်များသည် စစ်ကောင်စီအတွက် တန်ပြန်ကြောက်စရာဖြစ်လာပြီ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတကြော့တွင် ပြည်ပကျုးကျော်မှုကို ခုခံရန် လက်နက်များ ထားရှိသည်ကို တရုတ်အနေနှင့် အမြင်တမျိုး ရှိလာနိုင်သည်။ မိမိတို့အနေနှင့် နယ်စပ်အနေနှင့်ကော နိုင်ငံတကာတွင်ပါ ကာကွယ်ပေးထားပါလျှက်နှင့် မိမိတို့ကို ကျုးကျော်လာလျှင် ပစ်ခတ်ရန် ထားရှိသည့် စစ်ကောင်စီ၏ စစ်ရေးဗျူဟာကို တရုတ်က ကြိုက်နှစ်သက်မည်ဟန်တော့ မရှိချေ။

စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် ယခင်ကတည်းက တရုတ်ကို မကြိုက်နှစ်သက်ကြောင်း ပြောဆိုခဲ့ဖူးကာ အာဏာသိမ်းပြီးနောက် ရုရှားကို အလွန်အကြူး မှီခိုလိုဟန် ပြခဲ့သော်လည်း နောက်ဆုံး တရုတ်ကို ပြန်လည်အားကိုးခဲ့ရသည်။

တရုတ်ကလည်း မြန်မာနယ်စပ်တလျှောက်တွင် အခိုင်အမာခြေကုပ်ယူထားသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တိုက်ဖျက်ရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း စစ်ကောင်စီက လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေ။

တရုတ် နိုင်ငံခြားရေးဝန်ကြီးနှင့် အထူးကိုယ်စလှယ်များ၊ တရုတ်သံအမတ်တို့က ၂၀၂၂ခုနှစ်မှ စ၍ ၂၀၂၃ ခုနှစ်အထိ နေပြည်တော်ကို အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း စစ်ကောင်စီက မတိုက်ဖျက်ပေးနိုင်ခဲ့ပေ။

ထိုကြောင့် ပြီးခဲ့သည့် လများအတွင်း စိတ်ပျက်နေရချိန်တွင် မြောက်ပိုင်းမဟာမိက်အဖွဲ့က အခွင့်ကောင်းယူကာ ၁၀၂၇ စစ်ဆင်ရေးတွင် အွန်လိုင်းလိမ်လည်မှုကို တိုက်ဖျက်ရေးကိုပါ ဆွဲသွင်းခဲ့သည်။

ပြည်မဒေသရှိ မြန်မာပြည်သူတို့ လိုလားနေသည့် အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီ စနစ်ကိုလည်း ပါဝင်ကြောင်းဖော်ပြခဲ့ရာ အဆိုပါ စစ်ဆင်ရေးသည် တရုတ်သာမက မြန်မာပြည်သူကြားတွင်ပါ သဘောကျ၊ထောက်ခံမှု တိုးလာစေခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် တရုတ်ပါဝင်မှု ရှိမရှိကို ဝေဖန်ငြင်းခုံနေကြရဆဲ ဖြစ်သော်လည်း မြောက်ပိုင်းမဟာမိက်အဖွဲ့သည် တရုတ်လိုချင်သည့် ကိစ္စကို အကောင်အထည်ဖော်ပေးလိုက်နိုင်ခြင်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်ကောင်စီသည် တရုတ်နိုင်ငံသားများကို ပြန်လည်ပို့ဆောင်ပေးနေပြီ ဖြစ်သော်လည်း အချိန်အားဖြင့် နှောင်းသွားပြီ ဟု ဆိုနိုင်သည်။

စစ်ကောင်စီသည် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များကို မထိရဲသည့် အခြေအနေက ရှမ်းမြောက်တခွင်ကို ပေးဆပ်မှုများစွာနှင့် ဆုံးရှုံးလိုက်ရသလို တရုတ်နှင့် ဆက်ဆံရေးပါ ဆီုးရွှားလာစေခဲ့သည်။


သည့်အပြင် တရုတ် ပစ်မှတ်ထားနေသည့် ‌ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုနှင့် KK park တို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတို့ကို မတားဆီးနိုင်လျှင် စစ်ကောင်စီသည် လက်ရှိထက် ပိုအထိနာလာဖွယ် ရှိနေသည်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်နိုင်ငံသား(၃)သောင်းကျော်ကို ပြန်လည် လွဲပြောင်းနိုင်ခဲ့ပြီး ဖြစ်သည် ဟု ထုတ်ပြန်ချက်တို့အရ သိရသည်။

သို့သော်လည်း မြန်မာတွင် တရုတ်နိုင်ငံသား တစ်သိန်းကျော်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းကို လုပ်ကိုင်နေကြသည် ဟု ဆိုထားရာ (၃၀)ရာခိုင်နှုန်းသာ ကာဗာဖြစ်နေသေးသည့်အတွက် တရုတ်က ကျေနပ်အုန်းမည်တော့ မဟုတ်ချေ။

စစ်ကောင်စီကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှုံးနှိမ့်ရမှုကို ကျုးကျော်စစ်ဟု ခေါ်တွင်လာကာ ပြည်ပနိုင်ငံကို အပြစ်ဖို့လာသည့် သဘော ရှိလာသည်။

ထို‌အချက်က တရုတ်နှင့် ဆက်ဆံရေးကို လျော့ကျစေနိုင်သလို တရုတ်ကလည်း စစ်ကောင်စီထက် ကျားဖြန့်တိုက်ဖျက်ရေးတွင် ပိုကူညီပေးနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပိုထိတွေ့လာနိုင်သည်။

သို့သော် ရန်ကုန်၊မန္တလေးအထိ ပျံနှံနေသော အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများကို တရုတ်က အမြစ်ပြတ်ချေမှုန်းနိုင်ရေးမှာ မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။

ကျားဖြန့်လုပ်ငန်းကို အသုံးချနိုင်လျှင် အကျိုးအမြတ်ဖြစ်ထွန်းနိုင်သော်လည်း ပြည်သူ့စစ်များက ပြန်ခုခံလာမည်ကို ကြောက်ရွံခဲ့သော စစ်ကောင်စီ၏ ဗျူဟာချမှုသည် ရှမ်းမြောက်ဒေသတကြော ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

စစ်ကောင်စီသည် ထိုကိစ္စကို လူမျိုးရေး ကိစ္စကဲ့ ရန်တိုက်ပေးခြင်း၊တိုင်းရင်းသားများအချင်းချင်း မတည့်အောင် ဖန်တီးပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေပြန်သည်။

သို့သော်လည်း ယနေ့ခောက်သည် လွန်ခဲ့‌သော နှစ်(၂၀)ကဲ့သို့ အခြေအနေမျိုး မဟုက်တော့သလို လူတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်းသည်လည်း အများကြီးပြောင်းလဲသွားပြီ ဖြစ်သည်။

ထိုကြောင့် ၁၀၂၇ စစ်ဆင်ရေးသည် အောင်မြင်လာရခြင်းဖြစ်သလို မြောက်ပိုင်းမဟာမိက်အဖွဲ့၏ တိုက်ရည်ခိုက်ရေကြောင့်လည်း စစ်ကောင်စီဆုံးရှုံးမှု တိုးလာနေခြင်း ဖြစ်သည်။

သုံးနှစ်ကြာသည့်အထိ မည်သည့်အချက်ကြောင့် တိုက်ပွဲဝင်နေရသည်ကို မသိရပဲ ပြည်သူများကို ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်ခြင်း၊မြို့ရွှာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်း လုပ်ရပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပိုဖိအားတိုးလာစေခဲ့သည်။

အဆိုရွှားဆုံးက စစ်ကောင်စီသည် ၎င်းတို့အတွက် တပ်ဖွဲ့ဝင်အများဆုံး ရရှိနေသည့် စစ်ကိုင်း၊မန္တလေး၊မကွေးဒေသတို့တွင် စစ်ရာဇာဝတ်မှုကို ပြင်းပြင်းထန်ထန်ကျုးလွန်ခဲ့ကြသည်။

ထိုအခြေအနေများသည် မိမိဒေသ၊ မိမိလူမျိုးကာကွယ်ရေးနှင့် ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ များစွာကွာခြားသွားပြီ ဖြစ်သည်။

ထိုအပြင် မြန်မာပြည်သူတရပ်လုံးက စစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် ထောက်ခံမှု မြင့်တက်လာခြင်း စိတ်ဓါက်ပိုင်းဆိုင်ရာ များစွာ တိုးတက်လာစေသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ(၂၅)ရက်နေ့မှ စတင်ကာ တရုတ်သည် မြန်မာနယ်စပ်အနီးတွင် စစ်ရေး လေ့ကျင်နေကာ လေကာဒုံးများကိုလည်း စတင်ချထားခဲ့သည်။

ထို့အတူ မြောက်ပိုင်းမဟာမိက်အဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့် အနေနှင့် တနိုင်ငံလုံးဆိုင်သည့် ၁၁၂၇ စစ်ဆင်ရေးကို စတင်ဖော်ဆောင်မည် ဟု ထုတ်ပြန်လာခဲ့သည်။

ထိုအချက်များကြောင့် မြောက်ပိုင်းမဟာမိက်တပ်ဖွဲ့တို့၏ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသတခွင်ကို လက်လွက်ဆုံးရှုံးလိုက်ရသည့်အပြင် တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်လာစေသည်မှာ ငြင်းမရသည့် အချက် ဖြစ်လာသည်။

စစ်ကောင်စီသည် တရုတ်ကို သဘောမကျသည့် စကားလုံးများ ထုတ်ပြန်လာနေသော်လည်း စစ်လက်နက်နှင့် နိုင်ငံတကာတွင် ရပ်တည်နိုင်ရေးအတွက် အကူအညီ ဆက်ယူနေရဆဲ ဖြစ်သည်။

သို့သော်လည်း ကိုးကန့်တပ်ဖွဲ့အတွက်မှု ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဩဇာလွမ်းမီုးကြီးထွားလာခဲ့သည်။

တရုတ်နှင့် စစ်ကောင်စီကြား ကွဲအက်မှုကို ပိုထင်သာမြင်သာ ရှိစေခဲ့သလို ကိုးကန့်လူမျိုးကြားတွင်သာမက မြန်မာလူထုနှင့် နွေဦးတော်လှန်ရေးတွင်ပါ အရှိန်အဟုန်ဖြင့် ထောက်ခံမှု အားကောင်းလာခဲ့သည်မှာ ငြင်းမရသည့် အချက်ဖြစ်လာသည်။

တရုတ်လိုလားသော အွန်လိုင်းလာင်းကစားတိုက်ဖျက်ရေးနှင့် မြန်မာလူထုတို့ လိုလားသော အာဏာရှင်စနစ်တိုက်ဖျက်ရေးတို့ကို ဆွဲဆောင်နိုင်ခဲ့သော မြောက်ပိုင်းမဟာမိက်တပ်ပေါင်းစု၏ ဒုတိယအဆင့် ၁၁၂၇ စစ်ဆင်ရေးသည်လည်း စိတ်ဝင်စားစရာ ကောင်းလာနေသည်။

သုံးနှစ်ကျော်ကြာသည့်အထိ အီလည်လည် ဖြစ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေကို နောက်တဆင့် တက်ရောက်စေခဲ့သလို စစ်ကောင်စီ၏ ကျဆုံးမှုနှင့် ပြိုလဲနေမှုတို့ကို မြင်သာစေသည်မှာ ပကတိအမှန်တရားဖြစ်သည်။

မည်သို့ဆိုစေ မြောက်ပိုင်းမဟာမိက်တပ်ပေါင်းစု၏ စစ်ဆင်ရေးသည် တစ်ချက်တည်းနှင့် ခေါင်းသုံးလုံး ထိသည့် အောင်မြင်မှု မှတ်တိုင်ဖြစ်သွားခဲ့ပြီ ဖြစ်သလို တနိုင်ငံလုံးအဆင့် ၁၁၂၇ စစ်ဆင်ရေးမှာ မည်သည့်အခြေအနေထိ အောင်မြင်မှု ရမည်ကို စောင့်ကြည့်ရတော့မည်သာ။

#MeKongNews

#စစ်ကောင်စီ

#မြောက်သုံးဖွဲ့

#တရုတ်

#ကျားဖြန့်

#ဆောင်းပါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now