လင်းမောင်
တရုတ်-မြန်မာစီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းထဲမှာ မန္တလေးနဲ့ဆက်သွယ်တဲ့ ရထားလမ်းစီမံကိန်းလည်း ပါဝင်တယ်။ မြန်မာနိုင်ငံ ဒုတိယအအကြီးဆုံးမြို့တော် မန္တလေးနဲ့ တရုတ်-မြန်မာ နယ်စပ်မြို့ မူဆယ်ကိုဆက်သွယ်တဲ့ ရထားလမ်းပါ။ ဒေါ်လာ ၉ ဘီလီယံတန်တဲ့ စီမံကိန်းလည်းဖြစ်တယ်။ မူဆယ်မြို့ဟာ တရုတ်ပြည်နယ်စပ် ယူနန်ပြည်နယ်နဲ့ ကပ်လျှက်မှာတည်ရှိတဲ့ မြို့။ တရုတ်နဲ့ နှစ်စဉ်ကုန်စည်စီးဆင်းမှုအားလုံးရဲ့ တစ်ဝက်နီးပါးက ဒီမြို့ကနေ ဖြတ်သန်းစီးဆင်းတယ်။
ယူနန်-ကျောက်ဖြူရထားလမ်းပိုင်းအတွက် ပထမဆုံး MOU စာချုပ်ကို ၂၀၁၁ ခုနှစ်မှာ စတင်ရေးထိုးခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ယုံမှာ သံသယရှိခြင်းတွေကြောင့် ဒီတည်ဆောက်ရေး လုပ်ငန်းတွေက ဘယ်တုန်းကမှစတင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ မူဆယ်-မန္တလေး ရထားလမ်းပိုင်းကတော့ ဆယ်စုနှစ်တစ်ဝက်ကြာရပ်နားထားရာကနေ CMEC စီမံကိန်းအဖြစ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင် အကောင်အထည်ဖော်လာနိုင်တယ်။ ဒီတည်ဆောက်ရေးလုပ်ငန်းတွေကလည်း မြန်မာပြည်တွင်း နိုင်ငံရေး အခင်း အကျင်းနဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် မီးမောင်းအောက်မှာနားလည်ပါးနပ်စွာလုပ်ဆောင်ဖို့ လိုအပ်ခဲ့တယ်။ ရှမ်းပြည်နယ်အတွင်း ပဋိပက္ခတွေက ပိုမိုဆိုးရွားလာတယ်။ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ EAOs ၇ ဖွဲ့ရှိပြီး တစ်ဖွဲ့ကမှ NCA ကို လက်ခံသဘောတူခြင်းမရှိကြဘူး။ ၂၀၁၆ NLD အစိုးရလက်ထက် NCA စေ့စပ်ဆွေးနွေမှုဖြစ်စဉ်ကိုလည်း တစ်ဖွဲ့ကမှ လက်မခံခဲ့ကြပါဘူး။
ရှမ်းပြည်နယ်မှာ မူဆယ်-မန္တလေး ရထားလမ်းဟာ စစ်ဇုန်တွေကို ဖြတ်သန်းသွားရတယ်။ TNLA ၊ AA နဲ့ MNDAA ဆိုတဲ့ မြောက်ပိုင်းမဟာမတ်ညီအစ်ကို သုံးဖွဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းနယ်မြေတွေကို ဖြတ်သန်း လုပ်ဆောင်ရတာပါ။ ဒီလိုရှောင်လွှဲမရတဲ့ စစ်ဇုန်ထဲမှာ မြို့ပေါင်း ၁၂ မြို့ကို ဖြတ်ကျော်ပြီးတည်ဆောက်ရတဲ့ ရထား လမ်းဖောက်နိုင်တဲ့အနေအထားကိုကြည့်ရင် တရုတ်ဟာ သူတို့နဲ့မြန်မာနယ်စပ်ကြား လက်နက်ကိုင် ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ချဲ့ချင်ချဲ့နိုင်၊ ချုံ့ချင်ချုံ့နိုင်စွမ်းရှိရှိတယ်။ ရှမ်းပြည်နယ်က EAOs တွေနဲ့ဆက်ဆံရေးဟာ ဒီဒေသ လူမှုစီးပွားရေးအပေါ် ကိုယ်ပိုင်ရည်မှန်းချက်အတွက် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီး လိုသလို အသုံးချနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေ ပြလိုက်တာမျိုးပါပဲ။
၂၀၂၃ ခုနှစ်အတွင်း ၀လွတ်လပ်ခွင့်ရဒေသအတွက် မြန်မာ့အရေးအထူးတရုတ်သံတမန် ဒန်ရှီဂျန်း (Deng Xijun) နဲ့ တရုတ်-မြန်မာနယ်စပ် EAOs ၇ ဖွဲ့တာဝန်ရှိသူတွေ ကူမင်းမှာ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ကြတယ်။ ဒါဟာလည်း တရုတ်ရဲ့ ဒီ EAOs တွေအပေါ် ဩဇာသက်ရောက်နိုင်စွမ်းကို ပြသတာပဲ။ ၂၀၂၃ ဇွန်လထဲ မိုင်းလားမှာ ယူနန်မြို့တော်ဝန်လည်းဖြစ် ပြည်နယ်ပြည်သူ့လုံခြုံရေးညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဂူယိုဘာအို (Guo Bao) ဟာ မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ ထပ်တွေ့ဆုံတယ်။ တရုတ်-မြန်မာနယ်စပ် EAOs တွေက တရုတ်ရဲ့သဘောထား ကြီးမှုနဲ့သဘောတူချက်တွေရယူခဲ့တာလို့ တရားဝင်ထုတ်ပြန်ကြတယ်။ တရုတ်-မြန်မာနယ်စပ် EAOs တွေပူးပေါင်းပါဝင်ထားပြီး တရုတ်က ကမကထလုပ်လို့ နယ်စပ်တိုင်းရင်းသားတွေနဲ့ မြန်မာပြည်မသားတွေကြား ငြိမ်းချမ်းရေးပေါင်းကူးလုပ်ပေးမယ်ဆိုတဲ့ အဖွဲ့ကြီး FPNCC က တရုတ်ရဲ့ သဘောထားနဲ့ရည်မှန်းချက်ပန်းတိုင် ကို ၂၀၂၃ ခုနှစ်မှာ ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်လိုက်တယ်။
တရုတ်ဟာ မြန်မာ စစ်ကောင်စီညွှန်ကြားချက် တွေကို လိုက်နာပြီး EAOs တွေ ငြိမ်းချမ်းရေးစကားဝိုင်းတက်နိုင်ဖို့ ဖိတ်ခေါ်မှုတွေလုပ်နေတဲ့ ဆိုတဲ့အကြောင်းပါ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့မှာ ပါနေတဲ့ AA ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တယ်။ အဲဒီဒေသမှာ အိန္ဒိယရဲ့ စီမံကိန်းများစွာတည်ရှိတယ်။ ဒါပေမဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကောင်းကောင်းရထားတဲ့ ကျောက်ဖြူမှာတော့ ဘာပြဿနာမှမရှိဘဲ ချောမွေ့လို့။ တရုတ်ရဲ့ ခါးပတ်လမ်းမကြီးစီမံကိန်း BRI နဲ့ ကျောက်ဖြူပင်လယ်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်လုပ်ကွက်တွေကို ၂၀၁၉ ဇူလိုင် ၁၈ ရက်နေ့ကတည်းက AA ဟာ ကြည်ဖြူထောက်ခံကြောင်းနဲ့ တရုတ်နဲ့အတူ အလုပ်အတူပူးပေါင်းလုပ် ကိုင်လိုကြောင်းပါ ထုတ်ပြန်ပြသခဲ့ပြီးသားပါ။ အချိုးမညီမျှတဲ့ အပြန်အလှန်တုံ့ပြန်မှုတွေမှာ AA လိုပဲ အင်အား နည်းတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဟာ တရုတ်ရဲ့ စိုးမိုးခြယ်လှယ်မှုနဲ့ ဩဇာကြီးမှုကို အတင်းအကျပ်မခိုင်းဘဲ လက်ခံလိုက်ရတာချည်းပဲ။
မြန်မာပြည်တွင်း အခင်းအကျင်းပြောင်းလဲမှုတွေက အရမ်းမြန်ဆန်လွန်းလှတယ်။ ၂၀၁၃ မှာ တရုတ်အစိုးရရဲ့ လက်ပန်း တောင်းတောင် ကြေနီသတ္တုမိုင်းတွင်း စီမံကိန်းအပေါ် မြန်မာပြည်သူတွေ ဆန့်ကျင်ဆန္ဒပြကန့်ကွက်ခဲ့ ကြတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မြန်မာအစိုးရဟာ ဒီစီမံကိန်းအတွက် စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ ထောင် လိုက်တယ်။ အဲဒီအချိန်က လူထုခေါင်းဆောင်၊ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတောင် ဦးသိန်းစိန်ရဲ့လုပ်ရပ်အပေါ် ချီးကျူးအသိအမှတ်ပြုကြောင်း ဖွင့်ဟခဲ့ရတယ်။ NLD အစိုးရလက်ထက်ရောက်လာ တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီစုံစမ်းစစ်ဆေးရေးကို ဆက်လက် တာဝန်ယူရပြီး နောက်ဆုံးမှာ မြန်မာနိုင်ငံ ဟာ တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးဆက်လက်ရရှိဖို့ လိုအပ်တယ်။ ဒါကြောင့် လက်ပန်းတောင်းတောင် စီမံကိန်းကို ဆက်လက်ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာခဲ့ရတယ်။ တရုတ်ရဲ့ ပထဝီဝင်နိုင်ငံရေးရည်မှန်းချက် အထမြောက်ရေးဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မဖြစ်မနေပါဝင်နေနေခြင်း သဘောသကန် ကိုမြင်တွေ့ရခြင်းပါ။
ဒီလိုသဘောတရားတွေကြောင့်ပဲ ၂၀၁၈ အောက်တိုဘာလထဲ မူဆယ်-မန္တလေးရထားလမ်းပိုင်းဖြစ်နိုင်ခြေလေ့လာ မှုလုပ်ငန်းတွေအတွက် မြန်မာပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ တရုတ်မီးရထားဌာန ရထားလမ်းပိုင်း တည်ဆောက်မှု Eryuan Engineering Group တွေနဲ့ MOU ထိုးလိုက်ကြတယ်။ မြန်မာ စစ်ကောင်စီဟာ ဒီ MOU ထိုးပြီး ၂ လအကြာမှာပဲ မြန်မာပြည်မြောက်ပိုင်း မီးရထားလမ်းပိုင် လုပ်ငန်းအတွက် ဒီဒေသမှာ အပစ်အခတ် ၄ လ ရပ်ဆိုင်းကြောင်း တစ်ဖက်သတ်ကြေညာချက်ထုတ်ပြန်လိုက်တယ်။ ဒီအပစ်ရပ်ကာလအတွင်းပဲ ရထားလမ်းပိုင်း ဖြစ်နိုင်ခြေလေ့လာမှု စီမံကိန်းချောမွေ့စွာနဲ့ ပြီးစီးသွားခဲ့တာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒါပေမဲ့ ၂၀၁၉ ဩဂုတ်လကစလို့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ဟာ ပူးပေါင်းထိုးစစ်အဖြစ် ဒီမီးရထားလမ်းပိုင်းတစ် လျှောက် တိုက်ပွဲတွေဖော်ဆောင်ခဲ့လို့ ပြည်သူ ၆၀၀၀ ကျော်နေရပ်ရှောင်ရတာ၊ ကုန်စည်စီးဆင်းမှုတွေ ထိခိုက် ဆုံးရှုံးတာတွေဖြစ်ရပြန်ရော။
ဒီဖြစ်စဉ်တွေအားလုံးကိုကြည့်ရင် မြန်မာ့ပြည်တွင်းနိုင်ငံရေးအခြေအနေက ဘယ်လောက်ရှုပ်ထွေးသလဲဆိုတာ မီးမောင်းထိုးပြနေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သူတို့အကျိုးစီးပွားအတွက် ထိပ်သီးခေါင်းဆောင် တွေပါဝင်ပြီး စီမံကိန်းတွေမှာ ပါဝင်ခဲ့ကြတယ်။ အစိုးရ၊ စစ်တပ်၊ EAOs တွေအားလုံးပဲ။ ကိုယ့်တွက်ကိန်းနဲ့ ကိုယ့် အစီအစဉ်တွေနဲ့ကိုယ်ပဲ။ ရလဒ်ကတော့ ဒီလိုကွဲလွဲနေတဲ့နိုင်ငံရေးစနစ်၊ နိုင်ငံခြားရေးမူဝါဒတွေကြောင့် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ချယ်လှယ်မှုတွေအပေါ် တန်ပြန်ချိန်ခွင့်လျှာအဖြစ်သတ်မှတ်တုံ့ပြန်ဖို့ မြန်မာ ဘက်က မစွမ်းသာတော့တဲ့အခြေအနေဖြစ်နေရတာပဲ။ ရွှေလီ-မူဆယ်-မန္တလေး-ကျောက်ဖြူရထားလမ်းကြီး ပြီးစီးသွားခဲ့ရင် ဒီရထားလမ်းကြီးဟာ အဓိကပို့ဆောင်ရေးစင်္ကြန်လမ်းကြီးဖြစ်လာမှာသေချာပါတယ်။ အဲဒီအခါ ကျရင်လည်း မြန်မာပြည်မြောက်ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းဒေသတွေရဲ့ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်း တစ်ခုလုံးကလည်း ပြောင်းလဲသွားရပါဦးမယ်။ အိန္ဒိယပိုင် လမ်းနဲ့စီမံကိန်းတွေအတွက် ထပ်တိုးလာမယ့် လုံခြုံရေး ဂယက်တွေနဲ့ပေါ့။
#MeKongNews