ဆောင်းပါး

တရုတ်ရဲ့ ကျောသပ်နှစ်သိမ့်မှုနောက်ကွယ်က လောဘ

မဲခေါင် 20 Feb - 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယိုးဝမ်ဟာ ဇန်နဝါရီ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဟက်ဆန်မာမတ်နဲ့တွေ့ဆုံပြီး တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်မှာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးအဆင်ပြေချောမွေ့စေဖို့ မြန်မာဘက်နဲ့ ညှိနှိုင်းဆွေးနွေးနေကြောင်း ပြောဆိုခဲ့တယ်။

လင်းမောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယိုးဝမ်ဟာ ဇန်နဝါရီ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဟက်ဆန်မာမတ်နဲ့တွေ့ဆုံပြီး တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်မှာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးအဆင်ပြေချောမွေ့စေဖို့ မြန်မာဘက်နဲ့ ညှိနှိုင်းဆွေးနွေးနေကြောင်း ပြောဆိုခဲ့တယ်။ လက်ရှိ ရခိုင်မှာ AA က စစ်ရေးအသာရနေပြီး မြို့တွေကို တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်နေတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အပစ်အခတ်ရပ်စဲရေးကိစ္စ ကြားဝင်ဆွေးနွေးပေးနေတာလို့ ဟက်ဆန်မာမတ်ကို ပြောပြတယ်။

၂၀၁၈ ခုနှစ်ကတည်းက တရုတ်ဟာ ရိုဟင်ဂျာတွေ နေရပ်ရခိုင်ပြည်နယ်ကို ပြန်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းပြီး စီစဉ်နေတယ်လို့ အဆံမပါတဲ့ အခိုင်အမာ ကတိပြုပြောဆိုမှုမျိုး ပြောခဲ့တယ်။ တကယ်တမ်းမှာတော့ နေရပ်ပြန်ပို့ရေးက ဘာမှ ထူခြားတိုးတက်လာတာမရှိခဲ့ပါဘူး။ တရုတ်နိုင်ငံကိုယ်တိုင်က ရိုဟင်ဂျာတွေကို ဖယ်ကြဉ်တာ၊ အစုလိုက်အပြုံလိုက် နှင်ထုတ်တာတွေ အမြစ်စွဲနေပြီး တကယ်လည်း လုပ်နေ ခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ယိုးဝမ်က တရုတ်ဟာ အရင်ကတည်းက ရခိုင်အရေးမှာ အတွေ့အကြုံရှိခဲ့ပြီးအပစ်အခတ်ရပ်စဲရေးတွေကို ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဟက်ဆန်မာမတ်ကိုပြောတယ်။ ဒါပေမဲ့ ရခိုင်အရေးဟာ လူမျိုးစုပိုင်း ဆိုင်ရာအရ အင်မတန်ရှုပ်ထွေးနက်နဲမှုတွေရှိနေလို့ ကတိကဝတ်တွေပျက်ကွက်ခဲ့တာကိုတော့ သူလည်း ကောင်းကောင်းသိပါတယ်လို့ ဆက်ပြောတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ပေးရေး ကြားဝင်ဆွေးနွေးမှုကြောင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ တာ ၃ ကြိမ်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ကြိမ်လည်း ရခိုင်းအရေး အပစ်အခတ်ရပ်စဲဖို့ ထပ်ပြီး တရုတ်ကြားဝင် တဲ့ ဆွေးနွေးမှုဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းတရုတ်လိုချင်တာက ဘင်္ဂလားပင်လယ်အော် မှာ နေရာလွတ်တစ်ခုရရေးအတွက် ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးကို ကနဦးချနင်းပြီး အဲဒီကနေမှ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေဒေသတွေကို ချဲ့တွင်အခြေစိုက်ဖို့ပါ။ ဒါကြောင့် တရုတ်ဟာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးစီမံကိန်း မှာ ကယ်တင်ရှင်ကြီးပုံဖမ်းနေပေမယ့် တကယ်တမ်းက စီးပွားတွက်သာ တွက်နေခဲ့တာဖြစ်ပါတယ်။ သူတို့က လာအို-ထိုင်း-မြန်မာ- တရုတ် အကြားဝန်ရိုးတန်းဆက်သွယ်မှုလမ်းကြောင်းလိုမျိုး လုပ်ချင်နေတာပါ။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြားရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအမည်နာမသုံးပြီး ဖိအားပေးမှုတွေ လုပ်နေခဲ့တာလည်းဖြစ်တယ်။ သူတို့က ဒီအရေးကိုဦးတည်ပြီး ၂၀၁၆ ခုနှစ်ကတည်းက အချိန်တွေကို ဝယ်ယူ နေခဲ့တာဖြစ်ပေမယ့် တကယ်တမ်း နေရပ်ပြန်ပို့ရေးတိုးတက်မှုစံနှုန်းက သုည မှတ်မှာပဲ ရှိနေတုန်းပါ။ မြန်မာ စစ်ကောင်စီအပေါ် ယုံကြည်မှုတွေ လျောကျလာခဲ့တာကြောင့်လည်း ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးဟာ ဖြစ်နိုင်ဖို့ မလွယ်တာလည်း တရုတ်က ကောင်းကောင်းသိထားပါတယ်။ ဒါကြောင့် အကောင်းမြင်ဝါဒနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ရိုဟင်ဂျာတွေ မြန်နိုင်သမျှ အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ ဟန်ရေးပြမှုတွေကိုသာ လုပ်ဆောင်နေခဲ့တယ်။ ပေကျင်းအစိုးရက ဒီကစားပွဲကို ဆက်ကစားသွားဦးမှာပါပဲ။ ဒါကြောင့် ယိုးဝမ်က ဘင်္ဂလားအနောက်ပိုင်းကနေ အရှေ့ပိုင်းဒေသအထိ တူးမြောင်းဖောက်လုပ်ပြီး ရေအား လျှပ်စစ်ထုတ်လုပ်မယ့် Teesta စီမံကိန်းအတွက် ကူညီထောက်ပံ့မှုတွေ ပေးသွားမှာကို လက်ခံဖို့၊ ပိုမို ကောင်းမွန်တဲ့ အနာဂတ်တည်ဆောက်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ ပိုမိုနီးကပ်စွာ လက်တွဲ အလုပ်လုပ်သွားဖို့ ရှိကြောင်း နှစ်သိမ့်ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now