ဆောင်းပါး

စစ်အုပ်ချုပ်ရေးအောက်က အလုပ်သမားတွေဘဝ အခွင့်အရေး သုည

မဲခေါင် 9 Jul - 2023
ရွှေဖူးသစ် “နင်တို့ အမျိုးပါလား၊ ကိုယ့်ဘဝကိုယ်သိ ကိုယ့်စောက်ကြောင်း ကိုယ်သိ”

ရွှေဖူးသစ်

“နင်တို့ အမျိုးပါလား၊ ကိုယ့်ဘဝကိုယ်သိ ကိုယ့်စောက်ကြောင်း ကိုယ်သိ”

ရွှေပြည်သာမြို့နယ်က စက်ရုံတစ်ရုံမှာ စစ်တပ်အရာရှိ တစ်ဦးက အလုပ်သမားတွေကို အော်ဟစ် မာန်မဲနေတာပါ။

အလုပ်သမား ခေါင်းဆောင် ၇ ဦးကို အလုပ်ထုတ်ပစ်ခဲ့ရာကနေ ပြန်လည်ခန့်ထားဖို့ ဆန္ဒပြတောင်းဆိုမှု တစ်ခု ရွှေပြည်သာမြို့နယ်က Inditex ၊ Zara စတဲ့ နာမည်ကျော် ဘရန်းတွေကို ချုပ်လုပ်နေတဲ့ ဟိုစိမ့် ( Hosheng Myanmar Garment Company Limited ) စက်ရုံမှာ ဇွန်လ ၁၄ ရက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။

လုပ်ခလစာတိုးတောင်းတာကြောင့် အဲဒီအလုပ်သမားခေါင်းဆောင်တွေကို အလုပ်ဖြုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြနေစဉ်မှာ စစ်တပ်ကို ဟိုစိမ့်စက်ရုံလုပ်ငန်းရှင်က ခေါ်ယူခဲ့တာကြောင့် ရောက်ရှိလာပြီး အလုပ်သမားတွေကို အော်ဟစ် ခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်။

ဟိုစိမ့်စက်ရုံမှာ အလုပ်သမားစုစုပေါင်း ၇၀၀ ဝန်းကျင်လောက် ရှိတာဖြစ်ပြီး သူတို့ရဲ့ အခြေခံ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ကျပ် ပေးဖို့ ဇွန်လ ၈ ရက်က စတင်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန် ၁၀ ရက်မှာတော့ ဟိုစိမ့်စက်ရုံလုပ်ငန်းရှင်ဘက်ကနေ တောင်းဆိုမှုကို လက်ခံပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ်တမ်းမှာတော့ အလုပ်သမားခေါင်းဆောင် ၇ ဦး ကို အလုပ်ထုတ်ခဲ့တာပါ။

ဇွန်လ ၁၄ ရက်မှာတော့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦး ကို စက်ရုံတာဝန်ရှိသူတွေက ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာ ညှိနှိုင်းပေးမယ်ဆိုလို့ ဆိုတာကြောင့် သွားရောက်ရာကနေ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦး ထဲက အတွင်းရေးမှူးဖြစ်သူ မသူသူစံကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

ဟိုစိမ့်စက်ရုံက အလုပ်သမားတွေဟာ သူတို့အလုပ်သမားခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတာကနေ ပြန်လွှတ်ပေးဖို့ကို ဇွန်လ ၁၄ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ဒါပေမယ့်လည်း နောက်ရက်တွေမှာတော့ ကျန်အလုပ်သမားခေါင်းဆောင်တွေကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးခဲ့ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားတွေဟာ အခွင့်အရေးတွေ ချိုးဖောက်ခံရရုံတင် မဟုတ်ဘဲ ခုလိုအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုတဲ့ အချိန်မှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရပါတယ်။

လုပ်ငန်းရှင်တွေဟာ အာဏာသိမ်းမှုကို အကာအကွယ်ပြုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေက အဆိုးဆုံးအနေအထားကို ‌ရောက်ရှိနေတာဖြစ်ပါတယ်။ အလုပ်ချိန်ထက် ကျော်လွန် အလုပ်ဆင်းခိုင်းတာ၊ အချိန်ပိုကြေးမပေးတာ၊ လုပ်ခလစာကို မတရား ဖြတ်တောက်တာ၊ လျော်ကြေးမပေးဘဲ အလုပ်ထုတ်တာ၊ ကိုယ်ဝန်ဆောင်တွေကို ခွင့်မပေးဘဲ အလုပ်ဖြုတ်ဖြစ်တာ၊ လုပ်ငန်းခွင်မှာ နှမသားချင်းမစာမနာ ဆဲဆို အော်ဟစ်တာ၊ ကိုယ်ထိလက် ရောက်ကျူးလွန်တာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာတွေကို အာဏာသိမ်းပြီးနောက်မှာ ပိုမိုကြုံတွေ့လာရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ဟိုစိမ့်စက်ရုံမှာလည်း သပိတ်မှာ ပါဝင်တဲ့ စက်ရုံအလုပ်သမားတွေထဲက အမျိုးသမီးဝန်ထမ်းတချို့က အချိန်ပို မဆင်းချင်လဲ မဖြစ်မနေဆင်းရတဲ့ ကိစ္စတွေ၊ ထမင်းမကျွေးတဲ့ကိစ္စတွေ နဲ့ နေမကောင်းလို့ခွင့်တိုင်ရင် မပေးတဲ့ ကိစ္စတွေကို ပြန်လည်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်အရာရှိတွေက ဆက်လက်ခြိမ်းခြောက်‌ ပြောဆိုခဲ့ပါတယ်။ ဟိုစိမ့်စက်ရုံ တည်ရှိနေတဲ့ ရွှေပြည်သာ မြို့ နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်ထဲမှာ ပါနေတာကို အကြောင်းပြပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးကို နကန်းတလုံးမှ နားမလည်တဲ့ စစ်တပ်အရာရှိတွေက အလုပ်သမားတွေတောင်းဆိုသမျှကို ငြင်းဆန် ခြိမ်းခြောက်နေတာလဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ကတည်းက စစ်မှုဇုံတွေ အများအပြားရှိနေတဲ့ ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းစတဲ့ မြို့နယ်တွေအပါအဝင် စစ်အုပ်ချုပ်ရေးမြို့နယ် ၄၄ ခု ရှိလာခဲ့တာပါ။

အဲဒီနေ့ ဇွန် ၁၄ ရက် ညနေပိုင်းမှာပဲ ဟိုစိမ့်စက်ရုံလိုပဲ လုပ်သားဦးရေ ၅၀၀ နဲ့ လည်ပတ်နေတဲ့ JAKO အမှတ်တံဆိပ်ကို ချုပ်လုပ်နေတဲ့ (Sun Apparel (Myanmar) အထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားခေါင်ဆောင် မသီတာဝင်းကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်ကိုလည်း မွှေနှောက်ရှာဖွေ သွားတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံကပဲ နောက်ထပ်အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလှိုင်ဝင်းထက် ကိုတော့ ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

(Sun Apparel (Myanmar)စက်ရုံမှာ ဇွန်လ ၆ ရက်က ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အနိမ့်ဆုံး လုပ်ခလစာကို ၁၂၀၀ ကျပ် ထပ်တိုးပေးဖို့၊ ရက်မှန်ကြေး ၂၀၀၀၀ကျပ်တိုးမြင့်ပေးဖို့ ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုတွေ မကြာခဏဖြစ်နေတာကို အလုပ်ရှင်က အကာအကွယ်ပေးဖို့၊ သောက်ရေမသန့်ရှင်းမှုကို စက်ရုံဘက်ကစီစဥ်ပေးဖို့၊ မိုးတွင်းကာလ လျှောက်လမ်းတွေ အမိုးလုံအောင် ပြုပြင်ပေးဖို့၊ ထမင်းစားဆောင်သီးသန့်ပေးဖို့ အချက်တွေ အပါအဝင် တောင်းဆိုချက် ၂၅ ချက်ကို အလုပ်သမား ၄၀၀ ကျော်က တောင်းဆိုခဲ့တာပါ။

ကျဆင်းလာတဲ့ စီးပွားရေးအခြေအနေ၊ တိုးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် အလုပ်သမားတွေက သူတို့အခက်အခဲကို တောင်းဆိုခဲ့ကြတာဖြစ်ပေမဲ့ စစ်ကောင်စီကတော့ ဆူပူဆန္ဒပြမူတွေဖြစ်အောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

တရားမဝင် ဖွဲ့စည်းထားခြင်း မဟုတ်တဲ့ အဖွဲ့အစည်း အဖြစ် နိုင်ငံတော်က ကြေညာထားတဲ့ Action Labour Right အမည်ခံအဖွဲ့နဲ့ ပူးပေါင်းပြီး ဆူပူဆန္ဒပြမှုတွေ ဖြစ်ပွားစေဖို့ နောက်ကွယ်က သွေးထိုးလှုံ့ဆော် သူတွေလို့ ဆိုကာ ဟိုစိမ့် စက်ရုံနဲ့ Sun Apparel ( Myanmar) အထည်ချုပ်စက်ရုံက ဖမ်းဆီးခံ အလုပ်သမား စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ မြဝတီသတင်းစာမှာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ကဖော်ပြထားပါတယ် ။

အဖမ်းခံထားတဲ့ အလုပ်သမား ၁၀ ဦးကို နိုင်ငံရေးပုဒ်မ ၅၀၅-က၊ တရားမဝင်အသင်း အဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ – ၁၇ (၁) တို့နဲ့ တရားစွဲထားတယ်လို့လည်း သိရပါတယ်။

လက်ရှိ အထည်ချုပ်စက်ရုံတွေက အလုပ်ခေါ်ရင် တစ်လအတွင်း သတ်မှတ်ထားတဲ့ အထည်ရည်နဲ့ အချိန်ပို နာရီ ၆၀ အပါမှ လစာအပြည့်အဝ ရမယ်ဆိုတာမျိုးတွေရှိသလို တချို့စက်ရုံတွေဆို လစာသတ်မှတ်ချက်ကိုသာ ပြောပြီး အချိန်ပို ကြေးကိစ္စတွေကို မပြောပဲ အလုပ်ဝင်ပြီးမှ သိရတာမျိုးတွေလဲရှိတယ်လို့ အထည်ချုပ် အလုပ်သမားတွေထံကသိရပါတယ်။

စက်ရုံအတော်များများမှာ ထိပ်တန်းအဆင့် စက်ချုပ်အလုပ်သမား တစ်ယောက်ကို လစာ ၃ သိန်းခွဲ ဆိုပေမယ့်လည်း အချိန်ပို နာရီ ၆၀ ပါမှသာ အဲဒီလစာ ပေးတာဖြစ်တာကြောင့် အချိန်ပိုသီးသန့်ခံစား ခွင့်ပျောက်ဆုံးသွားတယ်လို့ အထည်ချုပ်စက်ရုံတစ်ခုရဲ့ HR တစ်ယောက်က ရှင်းပြပါတယ်။

“အမတို့ အလုပ်သမားတွေမှာ ‌ရွေးချယ်မှု သိပ်မရှိဘူး။ အခု စက်ရုံတွေက ၁၀၀ မှာ ၈၀လောက်က အဲဒီလိုတွေ ဖြစ်နေကြပြီ။ လုပ်လို့ရတယ်ဆိုတာကို သိသွားတာ” လို့ လုပ်ငန်းရှင်တွေရဲ့ သဘောထားကို သူက ပြောပြပါတယ်။

ဒါ့အပြင် လုပ်ငန်းရှင်တွေက ညဘက် အချိန်ပို ဆင်းရတဲ့အလုပ်သမားတွေအတွက် ညမထွက်ရ သတ်မှတ်ထားချိန် ကျော်လွန်ရင် ဖယ်ရီမစီစဥ်ပေးတာကြောင့် စက်ရုံမှာပဲ အိပ်ပြီး အလုပ်လုပ်ရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အဲဒီလို လုပ်ငန်းခွင်ထဲ အလုပ်သမား အခွင့်ရေးချိုးဖောက်ခံရတာတွေကိုအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေကို ထုတ်ဖော်ပြောရင် ဖြစ်စေ မီဒီယာတွေကို သတင်းပေးတယ်လို့ ယူဆခံရရင်ဖြစ်စေ မတရား အလုပ်ထုတ်ခံရရုံတင်မက ဖမ်းဆီးခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေ အများအပြား ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲမှာ အလုပ်သမားခေါင်းဆောင်တွေနဲ့ ဖမ်းဆီးခံအလုပ်သမားဦးရေ ၃၀၀ ကျော်ရှိနေပြီး အများစုက နိုင်ငံတော်သစ္စာဖောက်မှု နဲ့ထောင်ကျနေပြီး အလုပ်သမား အဖွဲ့အစည်း အများအပြားကိုလည်း မတရားအသင်းကြေညာထားပါတယ်။ စစ်အုပ်ချုပ်‌ရေးလက်အောက်မှာ အလုပ်သမားအခွင့်အရေးဆိုတာတွေက လုံးဝ သုညဖြစ်နေပြီး လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့ အဓ္ဓမခိုင်းစေခြင်းဆိုင်ရာ ချိုးဖောက်မှုတွေ ကတော့ အချိုးဖောက်ခံရဆုံး ပြဿနာတွေဖြစ်လာပါတယ်။ အရပ်သား အစိုးရလက်ထက်မှာလို အလုပ်သမားတွေ အခွင့်အရေးအတွက် ညီလာခံခေါ် ဆွေးနွေးတာတွေနဲ့ သုံးပွင့်ဆိုင်ဖြေရှင်းတာတွေ မဆိုထားနဲ့ အရင်လို ဒီမိုကရေစီနည်းကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေတောင် မရှိတော့ပါဘူး။

“အလုပ်ရှင်တွေက အလုပ်သမားတွေ လွတ်လပ်စွာ စုဖွဲ့ထားတဲ့ အစစ်မှန်သမဂ္ဂတွေကို ဖြိုပြီးတော့ တစ်ဖက်မှာ နိုင်ငံတကာဘရန်းတွေဆီက အထည်အော်ဒါ ရရှိရေး၊ သူတို့အကျိုးစီးပွားအတွက် ဟန်ပြသက်သက် အတုအယောင် Yellow Union တွေကို ဖွဲ့စည်းလာကြတယ်” လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ် မိုးစန္ဒာမြင့် က ပြောပါတယ်။

ကူညီဖြေရှင်းပေးမယ့် အဖွဲ့အစည်းတွေ မရှိတော့တာနဲ့အမျှ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ ပိုပိုမြင့်တက်လာနေပါတယ်။

အလုပ်သမားအဖွဲ့အစည်းတခုဖြစ်တဲ့ FGWM အဖွဲ့ချုပ် တစ်ခုတည်းမှာတောင် ၂၀၂၂ ခုနှစ် တစ်နှစ်တာမှာတင်ပဲ အလုပ်သမားတွေတိုင်ကြားလာတဲ့ အမှုပေါင်း ၃၀၀ကျော် လက်ခံရရှိထားပြီး ၂၀၂၃ ခုနှစ်မှာလဲ လက်ရှိအချိန်ထိ လက်ခံရရှိထားတဲ့ အမှုပေါင်း ရာကျော်နေပြီလို့ ဒေါ်မိုးစန္ဒာမြင့်က ဆက်ပြောပါတယ်။

အလုပ်သမားတွေကို စစ်အုပ်စုအညှိုးကြီးရတဲ့ အကြောင်းရင်းက စစ်အာဏာသိမ်းပြီးချိန် ဖေဖော်ဝါရီလ ၆ ရက် ကစလို့ ရန်ကုန်မြို့ပေါ်က လမ်းမတွေမှာ အလုပ်သမားတွေက အင်အားရာကျော်နဲ့ စစ်အာဏ သိမ်းမှုဆန့်ကျင်တဲ့ ပထမဆုံး လူထုသပိတ်သပိတ်ကို စတင်ဖော်ဆောင်ခဲ့ကြတာကြောင့်လည်း ပါပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတယ်ဆိုတဲ့အချိန်မှာ အလုပ်သမားခေါင်းဆောင်တွေအနေနဲ့ သိရတဲ့အချိန်မှာ စိုးရိမ်ခဲ့ကြတယ်။ ဘာကိုစိုးရိမ်တာလဲဆိုတော့ သူတို့အနေနဲ့ ဖိနှိပ်ခံဘဝကနေပြီးတော့ စစ်ကျွန်ဘဝကိုကျရောက်တော့မယ့် အခြေနေဆိုတာကို အလုပ်သမားတွေ သဘောပေါက်ကြတယ်” လို့ ဆန္ဒပြခဲ့ရတဲ့ အကြောင်းရင်းကို မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ် မိုးစန္ဒာမြင့် က ဆိုပါတယ်။

အဲဒီအချိန်က စက်မှုဇုံတွေထဲမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုအုံကြွမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်တပ်နဲ့ရဲက ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ စက်မှုဇုန်မြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒဂုံ တို့က လူထုသပိတ်တွေကို ဖြိုခွင်းခဲ့တာကြောင့် အဲဒီနေ့ တစ်ရက်ထဲမှာ ဆန္ဒထုတ်ဖော်တဲ့သူတွေ ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ကြတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ဆန္ဒပြပွဲတွေနဲ့ နယ်မြေ မငြိမ်မသက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အလုပ်သမား တစ်သိန်းခွဲ နှစ်သိန်းလောက်အထိက သူတို့နေထိုင်ရာ ဇာတိဖြစ်စေ အခြားနေရာဒေသတစ်ခုကိုဖြစ်စေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေရှိခဲ့ပါတယ်။
သပိတ်တွေဖြိုခွင်းခံရပြီးနောက်မှာ စက်မှုဇုံထဲက စက်ရုံအချို့ မီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုတွေဖြစ်ပွားပြီး တစ်ပတ်လောက်အကြာမှာ လုပ်ငန်းရှင်တွေက သူတို့ စက်ရုံတွေ ပြန်လည် ဖွင့်မှာဖြစ်တာကြောင့် အလုပ်သမားတွေကို ၃ ရက်အတွင်း ပြန်လာကြဖို့၊ ၃ ရက်နေလို့မှ ပြန်မလာရင် အလုပ်ကနေ ရပ်စဲတယ်ဆိုတဲ့ ကြေညာချက်တွေပေါ်ပေါက်ခဲ့ပါတယ်။

“တပြိုင်နက်ထဲမှာစက်ရုံ အများအပြားကြေညာတာနော်။ အဲ့တာက ဘာကိုပြနေတာလဲ ဆိုတော့ အလုပ်ရှင်များသည် စုပေါင်းပြီးတော့ ဒါကို ဗျူဟာတရပ်အနေနဲ့ လုပ်တယ်လို့ အမတို့က မြင်တယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင် က သုံးသပ်ပါတယ်။

လုပ်သက်ရင့် အလုပ်သမားတွေကို အလွယ်တကူ အကြောင်းပြချက်ပေး အလုပ်ထုတ်လုပ်တာကြောင့် သူတို့ရဲ့ခံစားခွင့်၊ လုပ်ငန်းခွင် အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားခဲ့ရပြီး လုပ်ငန်းခွင်စာချုပ်သစ်တွေ ချုပ်ဆိုရတာကြောင့် ဝန်ထမ်းသစ်တွေလိုပဲ ဖြစ်သွားခဲ့ပါတယ်။ အာဏာသိမ်းပြီး ပထမတစ်လမှာပဲ အလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်ပြုတ်သွားပြီး နိုင်ငံတကာ အမှတ်တံဆိပ်ကုမ္ပဏီတွေကလည်း သိရဲ့သားနဲ့ ဘာမှ တာဝန်မယူခဲ့ဘူးလို့ ဒေါ်ခိုင်ဇာအောင်က ဆက်ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို ပြန်လာဖို့ ကြေညာချက်တွေ ထုတ်ခဲ့ပေမဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေးအရ ပြန်မလာနိုင်တဲ့ အနေအထားမှာရှိနေတာပါ။ International Labour Organization (ILO) ရဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန် အစီရင် ခံစာအရ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမား ၂ သိန်း ၂ သောင်း အလုပ်ပြုတ်သွားတယ်ဆိုတာ ဖော်ပြထားပါတယ်။ အလုပ်သမားတွေအနေနဲ့ ကိုယ်နေတဲ့ မြို့နယ်၊ ကိုယ့်ကျွမ်းကျင်တဲ့အလုပ်၊ ကိုယ်မိသားစုတဲ့ နီးတဲ့နေရာတွေမှာပဲ အလုပ်လုပ်လို့အဆင်ပြေတာကြောင့် လုပ်ငန်းခွင်မှာ ဖိနှိပ်ခံနေရရင်တောင် ကုန်စျေးနှုန်းတွေ ကြီးမြင့်နေတဲ့ ခေတ်ကြီးမှာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ရွေးချယ်စရာမရှိပဲ ရရာစက်ရုံမှာ လုပ်ကိုင်စားသောက်နေရတဲ့ အနေအထားကို ရောက်ရှိနေတာပါ။

သုညရောက်နေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဖိဖိစီးစီး ဖြေရှင်းပေးဖို့ အတွက် နိုင်ငံတကာဖိအားကိုသာ မျှော်လင့်ရမယ့် အခြေအနေ ရှိနေပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဖိအားတွေ၊ နိုင်ငံတကာ အမှတ်တံဆိပ် ကုမ္ပဏီကြီးတွေရဲ့ ဖိအားတွေနဲ့ အလုပ်သမားအခွင့်အရေးကို ပြန်လည် မြှင့်တင်နိုင်ဖို့လိုပါတယ်။

ဒါပေမယ့် လက်တလောအခြေအနေမှာတော့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး (ILO) ရဲ့ (၁၁၁) ကြိမ်မြောက်ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရကိုရော၊ စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကိုပါ ငြင်းပယ်ခဲ့ပါတယ်။

ILO ရဲ့ ငြင်းပယ်မှုဟာ အလုပ်သမားတွေအတွက်တော့ အားပြတ်စရာ အခြေအနေဖြစ်ပြီး တော်လှန်ရေး အောင်မြင်မှ ဒီမိုကရေစီ ပြန်လည်ရရှိမှာသာ သူတို့ရဲ့ အခွင့်အရေး ပြန်လည်ရရှိမယ့် အခြေအနေဆိုတာ သိသာထင်ရှားလာပါတယ်။

“အလုပ်သမားအခွင့်အရေးတွေ ပြည့်ပြည့်စုံစုံ ရချင်တယ်ဆိုရင်တော့ နိုင်ငံရေးစနစ်ကိုပြောင်းပစ်မှ ဖြစ်မယ်။ စစ်အာဏာရှင်ကို အရင်ဆုံး ကျမတို့ ဖြုတ်ချရမယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါခိုင်ဇာအောင်က ဆိုပါတယ်။ ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now