စီးပွားရေး

မော်ချီးဒေသမှာ စားအုံးဆီ တစ်ပိဿာ ကျပ်တစ်သိန်းအထိ ကုန်ဈေးနှုန်း စံချိန်တင် မြင့်တက်

မဲခေါင် 3 Oct - 2023
ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို အဓိက ကုန်စည်ပို့ဆောင်ရာ လမ်းဖြစ်တဲ့ လွိုင်ကော်-ဒေါတမကြီး-ဘော်လခဲ လမ်းပိုင်း အသုံးပြုလို့ မရတော့တဲ့ နောက်ပိုင်းကစပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေရာ လက်ရှိ စားအုံးဆီ တစ်ပိဿာ ကျပ်တစ်သိန်းအထိ ဖြစ်နေလို့ အငတ်ဘေး ဆိုက်မယ့် အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၃

အဲဒီလမ်းဟာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက တိုက်ပွဲတွေကြောင့် အသုံးပြုလို့ မရတော့ဘဲ ကုန်ဈေးနှုန်း တဖြည်းဖြည်း တက်လာခဲ့ရာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းမှာတော့ ကုန်ဈေးနှုန်း အမြင့်ဆုံး စံချိန်တင် တက်သွားတယ်လို့ ဆိုပါတယ်။

“အခုက ပိုက်ဆံရှိရင်တောင်မှ ဝယ်ချင်သလို သွားဝယ်လို့ မရဘူး။ ရောင်းတဲ့လူက မရှိဘူးလေ။ လွိုင်ကော်- ဒေါတမကြီး-ဘော်လခဲလမ်း ကတော့ သွားလို့ မရတာမ ဟုတ်ဘူး။ မသွားနဲ့လို့လည်း မတားဘူး။ တစ်လမ်းလုံး တိုက်ပွဲ ဖြစ်နေလို့ မသွားကြတာ။ မိုင်းတွေလည်း ရှိတယ်။ သွားရင် သေမှာ။ လမ်းသွားမရတော့ စားသောက်ကုန် တွေက ဘာမှ မရောက်ဘူးပေါ့။ ၆ လပိုင်းကတောင် နည်းနည်းတော်သေးတယ်။ ဆန်တစ်အိတ် ၂ သိန်းပဲ။ အခုက ၄ သိန်း ဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဘာဆက်လုပ်ရမလဲ မသိဘူး” လို့ မော်ချီးဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ မော်ချီးမြို့မှာ အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်ကြမ်း ၂၄ ပြည် တစ်အိတ် ၄၀၀,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ် ၆၀၀,၀၀၀ ကျပ် ဝန်းကျင်၊ စားအုံးဆီ တစ်ပိဿာ တစ်သိန်းကျပ်၊ ကြက်ဥတစ်လုံး ၁,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂ သောင်းကျပ် စတဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော်ဖီမစ် အထုပ်သေး တစ်ထုပ် ၁,၅၀၀ ကျပ်၊ ကွမ်းတစ်ပိဿာ တစ်သိန်းခွဲကျပ်၊ ဘီယာ သံဘူး တစ်ဘူး ၂၀,၀၀၀ ကျပ်၊ ဆန်အရက်ကြမ်း တစ်လီတာ ၁၈,၀၀၀ ကျပ် စတဲ့ဈေးတွေအထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

“အခုက ထိုင်းနယ်စပ်လည်း တိုက်ပွဲတွေနဲ့ ဆိုတော့ ဘာမှ ဝင်လို့ မရတော့ဘူးလေ။ အလှူရှင်တွေ လာချင်တယ် ဆိုရင်တောင် လာလို့မရတဲ့ အနေအထား။ ပိုက်ဆံရှိတဲ့လူက ဈေးတင်ရောင်းတော့ ပိုချမ်းသာတာပေါ့။ ခေတ်ပျက် သူဌေးတွေပေါ့။ အသားငါး စားဖို့မပြောနဲ့ အသီးအရွက်တောင် မစားနိုင်ဘူး။ မသေရုံတမယ်ပဲ” လို့ မော်ချီးဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။

မော်ချီး ‌ဒေသမှာ အရင်ကတည်း ကုန်စျေးနှုန်း ကြီးမြင့်ပြီး လွိုင်ကော်မြို့က စျေးနှုန်းရဲ့ ၂ ၀န်းကျင် ဖြစ်ပေမယ့် လက်ရှိ ကုန်စျေးနှုန်းကတော့ စံချိန်တင် မြင့်တက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လမ်းပိတ်ထားပေမယ့် မှောင်ခိုလမ်းက သွားလာလို့ ရခဲ့ပေမယ့် လက်ရှိ မိုးရာသီ ကာလ လမ်းတွေ ပျက်စီးနေတာကြောင့် ကုန်စည်တွေ မဝင်နိုင်တော့တာလို့ ဆိုပါတယ်။

လတ်တလော အနီးဆုံးဖြစ်တဲ့ ဖားဆောင်းမြို့မှာလည်း စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေ တိုက်ပွဲ ဖြစ်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်ပြီး မော်ချီးဒေသနဲ့ ကုန်ဈေးနှုန်း မတိမ်းမယိမ်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

CJ-007

#MekongNews

#မော်ချီးဒေသ

#ကုန်စျေးနှုန်း

#အငတ်ဘေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now