စစ်ရေးသတင်း

မိုးကုတ်ကနေ စစ်ရှောင်ထွက်သူတွေ တံတားကျိုးလို့ ပိတ်မိနေ

မဲခေါင် 15 Aug - 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ ပြင်ဦးလွင်၊ မန္တလေး ဘက်ကို စစ်ရှောင်ကြသူတွေဟာ မနေ့ ဩဂုတ် ၁၄ ရက်နေ့ ညနေပိုင်းမှာ နောင်ချိုမြို့နယ်၊ အင်ဝိုင်းကျေးရွာ သကြားစက်အနီးက တံတားကျိုးသွားတာကြောင့် လမ်းပိတ်မိနေတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ ပြင်ဦးလွင်၊ မန္တလေး ဘက်ကို စစ်ရှောင်ကြသူတွေဟာ မနေ့ ဩဂုတ် ၁၄ ရက်နေ့ ညနေပိုင်းမှာ နောင်ချိုမြို့နယ်၊ အင်ဝိုင်းကျေးရွာ သကြားစက်အနီးက တံတားကျိုးသွားတာကြောင့် လမ်းပိတ်မိနေတယ်လို့ စုံစမ်းသိရပါတယ်။

“တံတားကျိုးလို့ ပိတ်လိုက်ပြီ။ အင်ဝိုင်းဘုန်းကြီးကျောင်းမှာ စုပြုံပြီး အိပ်နေရတယ်။ ပြန်လှည့်မယ်ဆိုလည်း ညက ဖြတ်လို့မရတော့ဘူးလေ။ တချို့ကတော့ ကသာဘက်ကနေ ပတ်သွားမယ် ကြားတယ်” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

မိုးကုတ် – ပြင်ဦးလွင် လမ်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကောင်စီဘက်ကနေ ပိတ်ထားတာကြောင့် စစ်ဘေးရှောင်ကြသူတွေဟာ မိုးကုတ် – ဟိုခို – နောင်ချို – ကျင်ဂနိုင်လမ်းက ပတ်သွားနေရတာပါ။

ဒါ့အပြင် မနေ့မှာလည်း စစ်ကောင်စီဖက်က မိုးကုတ် – ပြင်ဦးလွင် လမ်းကို ယာယီသဘောအနေနဲ့ ဖွင့်လှစ်ပေးခဲ့ပေမယ့် မိုးရက်ဆက်ရွာသွန်းမှုတွေကြောင့် ကားငယ်တွေအတွက် အဆင်မပြေဖြစ်နေပြီး နောင်ချိုဘက်လမ်းကိုပဲ ဆက်လက် အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

“သကြားစက် ရောက်တဲ့ကားတွေတော့ ပြန်လှည့်လို့ မရတော့ဘူး။ မရောက်သေးတဲ့ လူတွေတော့ ကျောက်မဲ – ပြင်ဦးလွင်လမ်းနဲ့ ဟန်မြင့်မိုရ် – ကျောက်ဂူလမ်း သွားကြတယ်” လို့ ယာဉ်မောင်း တစ်ဦးက ဆက်ပြောပြပါတယ်။

ပြင်ဦးလွင်ရောက်ဖို့ ပတ်သွားရတဲ့ လမ်းများစွာရှိပေမယ့် ဝက်ဝံစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် အဲဒီ နေရာတစ်ဝိုက်မှာလည်း ကားအစီးရေ ရာချီပိတ်မိနေတယ်လို့ ဒီနေ့မနက်ပိုင်း ရရှိတဲ့ သတင်းတွေအရ သိရပါတယ်။

မိုးကုတ် – ပြင်ဦးလွင်လမ်းနဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်က မြေပြင်အခြေအနေအရ ပိတ်လိုက် ဖွင့်လိုက်လုပ်နေသလို မိုးကုတ် အဝင်/ထွက်ကိုလည်း တော်လှန်ရေး အင်အားစုတွေက လုံခြုံရေးအရ ရက်ခြားပြီး ဖွင့်ပေးနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now