စစ်ရေးသတင်း

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

မဲခေါင် 18 Apr - 2024
ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ စတင်ပြီးတဲ့နောက်မှာ RCSS ဘက်ကလည်း အပြိုင်အဆိုင် အကောင်အထည် ဖော်လာတာဖြစ်ပြီး စစ်မှုထမ်း မလိုက်နိုင်သူတွေကို ခြိမ်းခြောက်ငွေတောင်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက “ကားရှိရင် ရှိသလို စက်ရှိရင် ရှိသလို ကောက်ပါတယ်။ အဲဒါကို စစ်တပ်ကလည်း သိပါတယ်။ စစ်တပ်က မတားတဲ့အပြင် အလိုတူ အလိုပါ ဖြစ်နေတာပါ။ နားမလည်တဲ့ ရွာသားတွေက ကြောက်ပြီး ပေးကြပါတယ်” လို့ ပြောပါတယ်။

အရင်က တစ်ရွာကို တစ်ဦးနှုန်းနဲ့ ၂ နှစ်ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ရမယ်လို့ သတ်မှတ်ထားပေမယ့် ဧပြီလအကုန်ကစပြီး ရွာအနေအထားလိုက် တစ်ရွာကို လူအယောက် ၂၀ ကနေ ၇၀ အထိ ခေါ်ယူသွားမယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

RCSS အနေနဲ့ လက်ရှိ စစ်မှုထမ်းခေါ်ယူနေတဲ့အထဲမှာ ရှမ်းလူမျိုးတွေပဲ ပါဝင်ပြီး လူမျိုးခြားတွေကိုတော့ သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဆိုပါတယ်။

ဗထူးတပ်မြို့ တိုက်ခိုက်ရေးကျောင်း အနီးမှာ နေထိုင်သူ တစ်ဦးက “စစ်တပ်နဲ့ RCSS ဆိုတာ ကျောချင်းကပ်နေတာ သူတို့ ဘာသာပူးပေါင်းလည်း သူတို့ နယ်မြေ သေချာသတ်မှတ်ခိုင်းပီး လုပ်စားကြပါလား။ ဟိုးအရင်တွေကလည်း အဲ့လိုပဲ သူတို့ဘာသာနေနေတာကို စစ်တပ်ပေါင်းလိုက်မှ အရမ်း ရဲတင်းလာကြတာပါ။ RCSS ထဲမှာ ကာလကြာမြင့်တာရော လူဦးရေ အရမ်းများတာရောကြောင့် လူတိုင်းမိဘတိုင်း စိတ်ဆင်းရဲနေကြရပါတယ်။ RCSS တွေ ဒီလောက် ဆိုးသွမ်းနယ်ကျွံ ပြည်သူတွေ အတင်းခေါ်ပြီး ပိုက်ဆံတွေ ကောက်နေတာကို စစ်တပ်‌ကြီး ရှိရက်နဲ့ ဘာမှ မကာကွယ်ပေးနိုင်တာတော့ ရှက်မိတယ်” လို့ ပြောပါတယ်။

ဗထူးတပ်မြို့မှာ အမှတ် ၅၀၉၊ ၅၀၈ တိုက်ခိုက်ရေးနဲ့ ဗိုလ်သင်တန်းကျောင်း၊ မွေးမြူရေး စလစတပ်၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) စတဲ့ တပ်ရင်းတွေရှိပြီး စစ်ကောင်စီတပ် အနေနဲ့ အကာအကွယ် မပေးနိုင်တာကြောင့် တပ်တွင်း မိသားစုနဲ့ စစ်တပ်ထောက်ခံသူတွေကလည်း စစ်ခေါင်းဆောင်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ရပ်စောက်မြို့နယ်အတွင်းက ‌နောင်ခမ်း၊ မယ်ဇလီ၊ ဖောင်းတော၊ လွယ်ကိုး၊ ဇလဲ၊ နားခဲလေး၊ နားခဲကြီး၊ လွယ်ဆင်၊ ကျိုင်းခန်းစတဲ့ ကျေးရွာတွေမှာလည်း RCSS က လစဉ် တစ်အိမ် တစ်သောင်းကျပ်နှုန်းနဲ့ စစ်အသုံးစရိတ် ကောက်ခံနေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး RCSS ရဲ့ ဒုတိယ ဗိုလ်မှူးကြီး အွမ်ခေးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံတို့ ၂ ဦးကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now