စစ်ရေးသတင်း

ဖယ်ခုံနဲ့မိုးဗြဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်

မဲခေါင် 10 Apr - 2024
ယ်ခုံနဲ့ မိုးဗြဲက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှမ်းတောင်တော်လှန်ရေးအဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝန်းက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီ(ကယား)နယ်စပ်တွေ ဖြစ်တဲ့ ဖယ်ခုံနဲ့ မိုးဗြဲက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှမ်းတောင်တော်လှန်ရေးအဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝန်းက သိရပါတယ်။

ဖယ်ခုံအခြေပြု ခမရ ၄၂၁ နဲ့ ကရင်နီအစ မိုးဗြဲ ခမရ ၄၂၂ တို့ကို ဧပြီလ ၃ ရက်နေ့ကတည်းက တိုက်ခိုက် နေတဲ့ KNDF တော်လှန်ရေးတပ်ဖွဲ့ပါဝင်တဲ့ ရှမ်းတောင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဧပြီလ ၈ ရက်နေ့မှာ ထပ်မံရောက်ရှိလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ပူးပေါင်းပြီးအင်အားတွေ စုစည်းကာ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲပြင်းထန်နေလို့ မနေ့က စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲနေသလို ဖယ်ခုံအခြေပြုအမြောက်တပ်ကလည်း လက်နက်ကြီးပစ်ကူပေးနေတယ်လို့ သိရပါတယ်။

ဖယ်ခုံဘက်ကနေ လက်နက်ကြီးနဲ့ ထီးရီး၊ ရေပူ၊ နန်းတုတ်၊ ကုန်းသာ၊ ဟိုပန်၊ တောင်ပို့ကွဲရွာတွေကို နေ့စဉ်နီးပါး ပစ်ခတ်နေလို့ ရွာသူရွာသားတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖယ်ခုံဘက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ လွိုင်ကော်ဘက်က လမ်းအချို့ကို တော်လှန်ရေးတပ်တွေက ပိတ်ထားသလို ညောင်ရွှေဘက်မှာလည်း စစ်ကောင်စီနဲ့လက်အောက်ခံ PNA ပြည်သူ့စစ်က ပေါင်းပိန်းဂိတ်မှာ ပြည်သူတွေရဲ့ ကားတွေကိုချောဆွဲပြီး ပျားပင်၊ မိုင်းသောက်နဲ့ ကန်အရှေ့ပတ်လမ်းတွေမှာ စစ်ဆေးရေး အထူးတင်းကြပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်က နမ့်ဘွန်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ PDF တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သတ်ကွင်းအတွင်း တိုက်ခံရလို့ ပြည်သူ့စစ် ၇ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ လွိုင်ကော်ကို ပြန်လည်ထိုးဖောက်ဖို့ ကလော တပ်မ-၅၅ မှာ ထိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ဒုချုပ်ဟာ မော်လမြိုင်မှာ ဒရုန်းဗုံးထိပြီးဒဏ်ရာ အပြင်းအထန်ရထားလို့ ရှမ်းတောင်နဲ့ကယား စစ်မြေပြင်ကို မကြီးကြပ်နိုင်သလို မြဝတီမှာ အကြီးအကျယ်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီကို ပိုမို အနိုင်ရဖို့၁၁၁၁ စစ်ဆင်ရေးကို အားဖြည့် အင်အားတွေနဲ့ တိုက်ပွဲတွေကို တိုးမြင့်တိုက်ခိုက်နေတာလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now