မဲခေါင်၊ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ တိုက်နယ်ထဲမှာ ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစ်စီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်က ပစ်ချလိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဒီနေ့ နေ့လယ် ၁၁ နာရီခွဲ ဝန်းကျင်က နမ့်ဖတ်ကာ နယ်မြေမှာ KIA ဘက်က စစ်ကောင်စီဂျက်ဖိုက်တာ ၁ စီး ပစ်ချနိုင်ခဲ့တယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
နမ့်ဖတ်ကာနယ်ထဲက မနောယန် ဆိုတဲ့နေရာမှာ အဲဒီ ဂျက်ဖိုက်တာ ပျက်ကျခဲ့တာလို့ သိရတယ်လို့ ဆိုပါတယ်။
“သူတို့ ချိတ်ဆက်လို့ရတဲ့နေရာကနေ ပြောပြလာတာပဲရှိတယ်။ အဲဒီနေရာရောက်နေသူတွေက ပြန်မပြောလာသေးဘူး။ အသေးစိတ် မသိရသေးဘူး” လို့ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခုလ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ နာဖော့ စစ်ကောင်စီတပ်ဘက် ရိက္ခာပို့လာတဲ့ MI 17 ကို လိုင်ဇာအနီးက ဖွန်လက်ယန်နဲ့ ခလားယန်ကြားမှာ KIA ဘက်က ပစ်ချခဲ့ပြီး စစ်ကောင်အရာရှိတွေနဲ့ တပ်ကြပ်ကြီးအပါ ၈ ဦး သေဆုံးခဲ့ပါတယ်။
CJ-008
#MeKongNews
#စစ်ကောင်စီ
#ဂျက်ဖိုက်တာ
#နမ့်ဖတ်ကာ
#KIA
#ပစ်ချ