မဲခေါင်၊ ဖေဖော်ဝါရီ ၉
ဆီဆိုင်မြို့တိုက်ပွဲတွေမှာ PNO ပြည်သူ့စစ်ကို ဦးဆောင်နေတဲ့ ခွန်နေဝင်းထွန်း သေနတ်မှန် ဒဏ်ရာရခဲ့လို့ နေပြည်တော်မှာ ဆေးကုနေတယ်လို့ မဲခေါင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ခွန်နေဝင်းထွန်းဟာ တင်ပါးသေနတ် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဟိုပုံးဆေးရုံကတဆင့် နေပြည်တော်ကို ပြောင်းရွေ့ ဆေးကုသမှုခံယူနေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မည်သည့်တိုက်ပွဲမှာ တင်ပါးသေနတ်ဒဏ်ရာ ရရှိခဲ့တာကို သေချာမသိပေမယ့် ဟိုပုံးဆေးရုံကနေ နေပြည်တော်မှ ပြောင်းရွေ့ကုသနေတယ်ဆိုတာ သေချာတယ်လို့ ဆိုပါတယ်။
PNO ပြည်သူ့စစ် ရဲ့ စီးပွားတာဝန်ခံဖြစ်တဲ့ ခွန်နေဝင်းထွန်းဟာ ပြည်သူ့စစ်တပ်ရင်း ၄ ရင်းမှူးလဲဖြစ်ပါတယ်။
သူဟာ ဆီဆိုင်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ဦးဆောင်ဝင်ရောက်တိုက်ခိုက်ပေးနေတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ယူနီဖောင်းနဲ့ လူလုံးထွက်ပြခဲ့တဲ့ ခရိုနီလည်းဖြစ်ပြီး ဆီဆိုင်မြို့ တိုက်ပွဲတွေ စတင်တဲ့ ဇန်နဝါရီ ၂၃ ရက်မှာလည်း ခွန်နေဝင်းထွန်းကို ဆီဆိုင်မြို့သွားတဲ့ လမ်းမှာ စစ်ယူနီဖောင်းနဲ့ တွေ့ခဲ့ရတယ်လို့ မဲခေါင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
MK-012
#MeKongNews
#ခွန်နေဝင်းထွန်း
#စစ်ကောင်စီ
#ပြည်သူ့စစ်
#ပအိုဝ်း