စစ်ရေးသတင်း

ဆီဆိုင်မြို့ကို စစ်ကောင်စီလက်နက်ကြီး ၁၀၀ ကျော်ပစ်ခတ်လို့ ဆေးရုံအဆောက်အဦတွေ ပျက်စီး

မဲခေါင် 6 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ယမန်နေ့ မတ်လ ၅ရက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့အသေခံဒရုန်း ကြိမ်ရေ ၁၀၀ ကျော်နဲ့ ပစ်ခတ်ဖျက်ဆီးနေတယ်လို့ PNLA ယနေ့ မတ်လ ၆ ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၆

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ယမန်နေ့ မတ်လ ၅ရက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့အသေခံဒရုန်း ကြိမ်ရေ ၁၀၀ ကျော်နဲ့ ပစ်ခတ်ဖျက်ဆီးနေတယ်လို့ PNLA ယနေ့ မတ်လ ၆ ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဆီဆိုင်မြို့ ဆေးရုံအဆောက်အဦနဲ့ မြို့တွင်း အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပဲ စစ်ကောင်စီဟာ မဲနယ်တောင်ဘက်ကိုလည်း ဟိုပုံးမြို့ကနေ လက်နက်ကြီး ၁၈ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ PNLA ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် မဲနယ်တောင်ဒေသမှာ အများပြည်သူသွားလာနေတဲ့ လမ်းတွေကို မြေတူးစက်တွေနဲ့ စစ်ကောင်စီက ဖျက်ဆီးခဲ့လို့ PNLA က ပြင်ဆင်ပေးခဲ့ပြီး ကားတွေ ပြန်သွားလို့ရပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကုန်စည်စီးဆင်းမှုအဓိက ဟိုပုံး-မိုင်းပွန် လမ်းမကြီးကို ဖွင့်ပိတ် လုပ်နေတာဖြစ်လို့ ကုန်သည်နဲ့ ပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ကနေ ယနေ့အထိ ပြည်တွင်း ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီး ဆေးရုံ၊ ဆေးပေးခန်း ပျက်စီးမှု ၃၀၈ ခု၊ ကျန်းမာရေးလုပ်သားတွေ သတ်ဖြတ်ခံရမှု ၁၀၄ ဦးနဲ့ ကျန်းမာရေးလုပ်သားတွေ ထိခိုက်ဒဏ်ရာရမှု ၁၃၆ ဦးရှိခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။

အခုလည်း ဆီဆိုင်မြို့က ပြည်သူတွေ အားထားရတဲ့ ကျန်းမာရေးအဆောက်အဦဆေးရုံကို ပစ်ခတ်တိုက်ခိုက်တာဟာ ဂျနီဗာသဘောတူညီချက်ပါ ဆေးရုံ၊ ဆေးပေးခန်းနဲ့ ဆေးအမှတ်အသားပါ အဆောက်အဦ၊ ယာဉ်၊ လူတွေကို မတိုက်ခိုက်ရဘူးဆိုတာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်ရာဇဝတ်ကျူးလွန်မှုလို့ အထက်မြန်မာပြည် နိုင်ငံရေး အကျဉ်းသားဟောင်းကွန်ရက်ရဲ့ အဖွဲ့ဝင် တစ်ဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now