မဲခေါင်၊ မတ် ၁၅
ရှမ်းတောင် ကာလိ-ကွန်းဟိန်း- ခိုလမ်မြို့နယ်တွေက လမ်းမကြီးတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က လမ်းမကြီးတွေမှာ စောင့်ဆိုင်းပြီး ကားသမားတင်လာတဲ့ ခရီးသည်တွေကို ဖမ်းဆီးမှုတွေပြုလုပ်တယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
အဆိုပါကားသမားတစ်ဦးက တင်လာတဲ့ ခရီးသည်းကို ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့မှာ ကွန်းဟိန်းမြို့အထွက်မှာ RCSS တပ်ဖွဲ့ကစစ်ဆေးပြီးအမျိုးသားတစ်ဦး ဖမ်းဆီးသွားတယ်ပါတယ်။
“ ပြီးခဲ့တဲ့လကတည်းက ကားသမားတွေက အဲ့လမ်းမှာ စစ်ဆေးတယ် ဖမ်းတော့မဖမ်းဘူး အခုမှဖမ်းတာ။ ကျွန်တော်တောင် ခရီးသည်တွေကို မတင်တော့ဘူး အခုလိုဖြစ်လာခဲ့ရင် ကျွန်တော် တာဝန်မယူနိုင်ဘူး ဒီတစ်ကြိမ်တောင် ဘာမှမလုပ်နိုင်ဘူး ကြောက်လဲကြောက်ရတယ် “ လို့ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူဟာ ကွန်းဟိန်းကနေ နမ့်စန်ထိသွားတဲ့ခရီးသည်ဖြစ်ပြီး မိသားစုတွေလည်းမသိတာကြောင့် မိသားစုတွေအသိပေးဖို့ ဘယ်လိုအဆက်အသွယ် လုပ်ရမှန်မသိဘူးလို့ ၎င်းကဆိုပါတယ်။
ရှမ်းတောင်မှာ တိုင်းရင်သားလက်နက်ကိုင်တွေစစ်မှုထမ်းဖို့ခေါ်ယူတာကြောင့် ထိုင်းနိင်ငံကို ထွက်ပြေးတိမ်းတဲ့သူတွေ များလာြပီး RCSS တပ်ဖွဲ့က ထိုင်းသွားတဲ့သူတွေကို ဖမ်းဆီးတယ်လို့ နောက်ထက်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ အခုခရီးသည်တွေ လမ်းမှာ ခဏခဏဖမ်းခံရတယ်။ အိမ်ကားတွေဆို စစ်ဆေးတယ် မဖမ်းဘူး။ ကားထဲမှာလူများရင် တစ်ဦးချင်စစ်ဆေးတယ် ဒီလထဲဆို ကားသမားတွေမထွက်တာများတယ်။ တစ်ခုခုဖြစ်ခဲ့ရင် တာဝန်အရမ်းကြီတယ်” လို့ပြောပါတယ်။
ထိုးအလာတူ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံအလုပ်သွားလုပ်တဲ့ မိုင်းရှူးက အမျိုးသား ၄ဦးကို RCSS တပ်ဖွဲ့က ခိုလမ်မြို့ နောင်ဖာကန်အနီးမှာ ဖမ်းဆီးခံရပါတယ်။
MK-011