ကမ္ဘာ့သတင်း

ဟားမက်စ်ကို ပူတင်ကူညီနေပြီး တတိယကမ္ဘာစစ်ဖြစ်ဖို့ မီးမွှေးနေတယ်လို့ ဇီလန်းစကီး စွပ်စွဲ

မဲခေါင် 21 Nov - 2023
ဗြိတိန်နာမည်ကြီးသတင်းဌာန The Sun နဲ့ အင်တာဗျူးအစီအစဉ်မှာ ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားသမ္မတပူတင်ဟာ အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်တွေကို ကူညီနေပြီး ကမ္ဘာတစ်ဝန်း တတိယကမ္ဘာစစ်ဖြစ်စေမယ့် မီးမွှေးမှုတွေကို လုပ်နေကြောင်း စွပ်စွဲပြောကြားသွားပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၀

ဗြိတိန်နာမည်ကြီးသတင်းဌာန The Sun နဲ့ အင်တာဗျူးအစီအစဉ်မှာ ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားသမ္မတပူတင်ဟာ အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်တွေကို ကူညီနေပြီး ကမ္ဘာတစ်ဝန်း တတိယကမ္ဘာစစ်ဖြစ်စေမယ့် မီးမွှေးမှုတွေကို လုပ်နေကြောင်း စွပ်စွဲပြောကြားသွားပါတယ်။

ပူတင်ဟာ အောက်တိုဘာလက ပါလက်စတိုင်းမှာ အုပ်စိုးတဲ့ ဟားမက်စ် စစ်တပ်က အစ္စရေးနယ်ထဲဝင်ပြီး အစု လိုက်အပြုံလိုက်သတ်ဖြတ်ပြန်ပေးဆွဲမှုအပေါ် ဖြစ်လာစေဖို့ အရမ်းအားခဲမျှော်မှန်းထားသူဖြစ်တယ်လို့ ဇီလန်းစကီးက ပြောပါတယ်။

ဘော်လ်ကန်ဒေသတွေမှာ ပြဿနာများစွာကို ဖန်တီးပြီး ကမ္ဘာတစ်ဝန်း တတိယကမ္ဘာစစ်ဖြစ်တဲ့အထိ ဆွဲခေါ် မီးမွှေးသွားဖို့ စနစ်တကျပြင်ဆင်နေတာဖြစ်ကြောင်း၊ ယူကရိန်းရဲ့ တွန်းလှန်စစ် အောင်မြင်ရေးက အနောက်မဟာ မိတ်နိုင်ငံတွေရဲ့ အကူအညီ လုံလောက်စွာရရှိမှာဖြစ်ကြောင်း အင်တာဗျူးမှာ ထည့်သွင်းပြောကြားသွားပါတယ်။

“ကျွန်တော်တို့ သိထားတာက ပူတင်ဟာ ဘော်လ်ကန်ဒေသမှာ ပြဿနာတွေ ရစ်ပတ်တက်လာစေဖို့ ခုကတည်းက ပြင်ဆင်နေတယ်ဆိုတာပဲ။ ခြေလှမ်းသစ်တွေနဲ့ ပြင်ဆင်မှုတွေစနေပြီး လူတချို့ကို လေ့ကျင့်သင် ကြားနေပြီ။ အိုင်ဒီယာကတော့ သူတို့မဖန်တီးပါပဲ ဘော်လ်ကန်ဒေသမှာ ပဋိပက္ခတစ်ခုကို ဖြစ်စေမယ်၊ ပြီးရင် သူတို့ဘက်က ဒီပဋိပက္ခကို ရပ်တန့်ဖို့ဝင်မကြိုးစားဘဲ ကမ္ဘာအနှံမီးမွှေးပြီး တတိယကမ္ဘာစစ်ဆီ ခေါ်ဆောင်သွား ဖို့ပါ” လို့ ဇီလန်းစကီးက ပြောသွားတာဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် ယူကရိန်းဟာ တတိယကမ္ဘာစစ်မဖြစ်ဖို့ ဗဟိုချက်အဖြစ် ခံတိုက်နေရတာဖြစ်ပြီး အမေရိကန်နဲ့တရုတ်တို့က ရုရှားကို ပြင်းပြင်းထန်းထန် ထိထိရောက်ရောက် ရာဇသံပေးလို့ ယူကရိန်းပိုင်နက်ထဲ ကထွက်သွားဖို့ ဖိအားပေးတာမျိုးမလုပ်သရွေ့ ရုရှားရဲ့ ကျူးကျော်စစ်ရပ်တန့်မှာမဟုတ်ဘူးလို့လည်း ဇီလန်းစကီး က ထပ်လောင်းပြောကြားပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တို့လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ယူကရိန်းစစ်ပွဲကိုချည်း အာရုံရောက်နေမှု လျှော့ချစေတာ မျိုးကို ရုရှားဘက်က လိုချင်နေပြီး ဟားမက်စ်ကို ထောက်ပံ့ပေးထားတဲ့ အီရန်ဟာ ယူကရိန်းကို ရုရှားတိုက်တဲ့ ခါမီကာဇီဒရုန်းတွေထောက်ပံ့ပေးရာနိုင်ငံဖြစ်လို့ ပူတင်ဟာလည်း ဟားမက်စ်ကို ထောက်ပံမြှောက်ပင့်ပေးနေတာ ဖြစ်တယ်လို့ ဇီလန်းစကီးက စွပ်စွဲပါတယ်။

မနှစ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက စတင်ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ဒီစစ်ပွဲကနေ ယူကရိန်း နိုင်ငံအတွင်း လူပေါင်း ၆၀၀၀၀၀ ဒဏ်ရာရ ဒါမှမဟုတ် သေဆုံးခဲ့ရပြီး အများစုက ရုရှားစစ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အနောက်မဟာမိတ်တွေရဲ့ ထောက်ပံ့ကူညီမှုကြောင့် သိမ်းပိုက်ခံနယ်မြေတွေကို ပြန်လည် ထိုးစစ်ဆင်နေ ရာမှာ ကိဗ်၊ ခါကိဗ်နဲ့ ခါဆွန်ဒေသတွေမှာ နယ်မြေပြန်လည် သိမ်းပိုက်မှု အင်အားကောင်းပေမယ့် ၁၀ မိုင်လောက် သာ ပြန်သိမ်းနိုင်သေးပြီး မျှော်လင့်သလို ရုရှားတပ်အားလုံးကို ယူကရိန်းမြေပေါ်က ဆုတ်ခွာသွားစေဖို့ တိုက်ခိုက် ရေးက အထောက်အပံ့တွေ မလုံလောက်လို့ ခရီးမပေါက်ဘူးလို့ သိရပါတယ်။

ယူကရိန်းကျရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ပူတင်က ဆက်လက်တိုက်ခိုက်သိမ်းပိုက်မှာဖြစ်လို့ အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်နေတဲ့ မိမိတို့နိုင်ငံအတွက် ပိုမို ကူညီကြဖို့ ဇီလန်းစကီးက အင်တာဗျူးမှာ တောင်းဆိုသွားပါသေးတယ်။

အီးယူက ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ ပေါင် ၄၄ ဘီလီယံ ထောက်ပံ့ဖို့ ကတိပြုထားပြီး ဗြိတိန်က ရုရှားကို မအောင်နိုင်မချင်း ယူကရိန်းကို ထောက်ပံ့နေဦးမှာဖြစ်ကြောင်းနဲ့ ပေါင် ၇ ဘီလီယံ ထောက်ပံ့ဖို့ ကတိပြုထား ပါတယ်။

ဒါပေမဲ့ အမေရိကန်လွှတ်တော်က အိမ်ဖြူတော်တောင်းဆိုထားတဲ့ ယူကရိန်းအတွက် အကူအညီ ဘတ်ဂျက် ပေါင် ၄၈ ဘီလီယံကို ပေးဖို့အရေး တားဆီးပိတ်ပင်ထားမှု၊ ဆလိုဗက်ကီးယား အစိုးရသစ်က ယူကရိန်း အတွက် ပေါင် ၃၄ သန်းထောက်ပံ့ဖို့အရေး ပြည်သူတွေ ဒုက္ခဝိုင်းနိုင်တာကြောင့် ပြန်လည် ပိတ်ဆို့ငြင်းပယ်ထားမှု တွေဟာ ယူကရိန်းလိုအပ်တဲ့ အထောက်အပံ့တွေကို အတားအဆီးဖြစ်နေစေတာဖြစ်ပါတယ်။

Ref:The Sun
MKF-001

#MeKongNews

#ရုရှား

#ယူကရိန်း

#ဇီလန်းစကီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now