အာရှသတင်း

ထိုင်းဒုရဲချုပ်အိမ် ဝင်စီးခံရပေမယ့် အွန်လိုင်းလောင်းကစားမှုမှာ မပါဝင်ကြောင်း ရှင်းလင်း

မဲခေါင် 26 Sep - 2023
ထိုင်းနိုင်ငံရဲ့ ဒုရဲချုပ် ၄ ဦးအနက် နာမည်အကြီးဆုံး ဆူရာချာတီဟက်ခ်ပန်း (အများချစ်စနိုးအခေါ် Big Joke) ရဲ့ ဘန်ကောက်နေအိမ်ဝင်းကို စက်တင်ဘာ ၂၅ ရက်နေ့က ဖမ်းဝရမ်းနဲ့ ဝင်ရောက်စီးနင်းရှာဖွေခံရမှုအတွက် ဒီကနေ့ (စက်တင်ဘာ ၂၆ ရက်) မှာ ရှင်းလင်းပြောဆို မှုတွေ ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၆

ထိုင်းနိုင်ငံရဲ့ ဒုရဲချုပ် ၄ ဦးအနက် နာမည်အကြီးဆုံး ဆူရာချာတီဟက်ခ်ပန်း (အများချစ်စနိုးအခေါ် Big Joke) ရဲ့ ဘန်ကောက်နေအိမ်ဝင်းကို စက်တင်ဘာ ၂၅ ရက်နေ့က ဖမ်းဝရမ်းနဲ့ ဝင်ရောက်စီးနင်းရှာဖွေခံရမှုအတွက် ဒီကနေ့ (စက်တင်ဘာ ၂၆ ရက်) မှာ ရှင်းလင်းပြောဆို မှုတွေ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ဒုရဲချုပ် ဆူရာချာတီက သူ့နေအိမ်ဝန်းထဲ ဝင်ရောက်ရှာဖွေမှုကို ဒေါသတကြီး ငြင်းဆန်ပြီး ထိုင်းရဲတပ်ဖွဲ့ ဥပဒေရေးရာနဲ့ တရားစီရင်ရေး ရဲချုပ် သိုင်ရောင်ဖျူဝန်ရဲ့ ဖုန်းဆက် ဖြောင်းဖျမှုလုပ်ပြီးမှ ရှာဖွေခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်နဲ့ဇူလိုင်လအတွင်းက ထိုင်းရဲတပ်ဖွဲ့ဟာ တရားမဝင်လောင်းကစား ဝက်ဘ်ဆိုက် ၁၂ ခုထောင်ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းကြီးလုပ်နေတဲ့ လူ ၄ ဦးကို ဖမ်းဆီးခဲ့အပြီး နောက်ထပ် ၂၃ ယောက်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဒီအထဲမှာ ဆူရာချာတီက ယုံကြည်မှုအပြည့်ရှိတယ်လို့ ထောက်ခံချက်ပေးထားတဲ့ ရဲမှူးကြီးတစ်ဦးအပါ ရဲအရာရှိ ပေါင်း ၈ ဦးပါဝင်နေပြီး ဒီရဲတွေဟာ ဆူရာချာတီ ခြံဝင်းထဲက အိမ်တွေမှာ နေထိုင်နေလို့ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ကြောင်း သိုင်ရောင်ဖျူဝန်က ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က နိုင်ငံတဝန်း နေရာ ၃၀ ကို တစ်ပြိုင်တည်း စီးနင်းရှာဖွေ ရာမှာ စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့အိမ်ဝင်းထဲ ဖမ်းဝရမ်းနဲ့ ရှာဖွေရာမှာ သူ့အိမ်ကိုဝင်ဖို့ ဝရမ်းထဲမှာ ရေးမထားကြောင်း၊ ရဲချုပ်ရွေးပွဲနီးချိန် ဂုဏ်သိက္ခာချမှုလုပ်တာလို့ ဆူရာချာတီက ဖြေရှင်းပြောကြားပါတယ်။

တရားမဝင်လောင်းကစား ငွေကြေးလွှဲပြောင်းမှု ကွင်းဆက်နေရာအရ ဆူရာချာတီနေအိမ်ဝန်းကို ညွှန်းဆိုထားတဲ့ အတွက် ဆူရာချာတီအိမ်မဟုတ်တဲ့ ဝန်းထဲက တခြားအိမ်တွေကို ဝင်ရောက်ရှာဖွေတာဖြစ်ကြောင်း၊ ဆူရာချာတီ က ဒီအမှုနဲ့မဆိုင်၊ ဖမ်းဝရမ်းထဲမှာလည်းမပါလို့ စစ်ဆေးမေးမြန်းစရာလည်းမရှိကြောင်း သိုင်ရောင်ဖျူဝန်က ဆက်လက် ရှင်းလင်းပြောဆိုခဲ့ပါတယ်။

သူ့ဝန်းထဲက သူပိုင်အိမ်တွေဟာ သူ့ဆွေမျိုးသားချင်း တပည့်ဖြစ်သူ နေထိုင်ဖို့ တစ်လ ဘတ် ၅ သောင်းနဲ့ ငှားရမ်းထားတာဖြစ်ပြီး အငှားစာချုပ် တရားဝန်ရှိကြောင်း၊ သူ့တပည့်တွေကို ယုံကြည်ပေမယ့် ဒီမှုနဲ့ပတ်သက်လို့ စုံစမ်းမှုမှာ အပြစ်ထင်ရှားရင်တော့ ဥပဒေအတိုင်းသာ ဖြစ်စေရမှာပဲလို့ ဆူရာချာတီက ရှင်းလင်း ပြောဆိုသွားပါ တယ်။

ဆူရာချာတီဟာ ၂၀၁၉ ခုနှစ်က ရဲလူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ ဒုရဲချုပ်အဖြစ်ခန့်အပ်ခံရပြီး မကြာခင်မှာပဲ ရာထူး ကဖယ်ရှားခံရကာ ၂၀၁၉ ခုနှစ်အတွင်း လူမြင်ကွင်းက ပျောက်ကွယ်သွားသူဖြစ်ပါတယ်။

၂၀၂၁ မှာ ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ပရာယွတ်ကိုယ်တိုင်က သူ့ကို ပြန်ခေါ်ပြီး အမျိုးသားရဲတပ်ဖွဲ့မှာ ရဲချုပ်ရဲ့ အတိုင်ပင်ခံအဖြစ် ပြန်လည်နေရာပေးခဲ့ရာက တခြား စီနီယာ ရဲအရာရှိများစွာကို ကျော်တက်ပြီး ဒုရဲချုပ် ဖြစ်လာ ခဲ့သူလည်းဖြစ်ပါတယ်။

Ref: asahi
MKF-001

#MeKongNews

#ထိုင်း

#ဒုရဲချုပ်

#အိမ်

#ဝင်စီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

အမတ်အားလုံးပါဝင်တဲ့ ပါတီသစ်နဲ့ရွေးကောက်ပွဲ တိုက်ပွဲသစ်ဝင်မယ်လို့ ဖိထာ ကြုံးဝါး

MFP အမတ်တွေကို ဘက်ပြောင်းဖို့ ဝန်ကြီးအဖွဲ့ တစ်ယောက် ဘတ်သန်း ၂၀နဲ့ ၃၀ ကြားပေး စည်းရုံးမှု ဝန်ကြီးချုပ် ငြင်းဆို
အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ် စစ်ရေးလေ့ကျင့်မှုတွေလုပ်သွားမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now