မြန်မာ့နွေဦး

ဒီးမော့ဆိုအနောက်ဘက် စစ်ရှောင်စခန်းမှာ လူငယ်စွမ်းရည်မြှင့်သင်တန်းပေး

မဲခေါင် 21 Mar - 2023
မဲခေါင်၊ မတ် ၂၁ ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဘက် စစ်ရှောင်စခန်းတစ်ခုမှာ လူငယ်စွမ်းရည်မြှင့်တင်ဖို့ နွေရာသီသင်တန်း ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ထံကနေ သိရပါတယ်။

မဲခေါင်၊ မတ် ၂၁

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဘက် စစ်ရှောင်စခန်းတစ်ခုမှာ လူငယ်စွမ်းရည်မြှင့်တင်ဖို့ နွေရာသီသင်တန်း ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ထံကနေ သိရပါတယ်။

မတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ သုံးရက်တာ သင်တန်းမှာ လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးအသိပညာပေး၊ လူငယ်စိတ်ဓာတ်မြှင့်တင်ပေးရေး၊ ကတ်သလစ်လူငယ်တွေအများစုရှိတာကြောင့် ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်းစတဲ့ ခေါင်းစဉ်တွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို နယ်ပယ်အသီးသီးက သင်တန်းဆရာတွေ လာရောက်ပို့ချပေးခဲ့တယ်လို့ ကွန်ယက်ပြန်ကြားရေး တာဝန်ခံက မဲခေါင်ကို ပြောပါတယ်။

ကရင်နီပြည်နယ်တွင်းမှာ လူငယ်အချင်းချင်း ပိုမိုသင့်မြတ်ရင်းနှီးဖို့နဲ့ စစ်ရှောင်ပြည်သူအချင်းချင်း လူတန်းစားမေတ္တာ ပိုမိုတိုးပွားနိုင်ဖို့၊ အချင်းချင်းအပြန်အလှန် ဖေးမကူညီမျှဝေဖို့၊ လူငယ်တွေက အနာဂတ်အတွက် အကျိုးပြုနိုင်စေဖို့ ရည်ရွယ်ပြီး သင်တန်းကိုကြိုးစားပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

“လက်ရှိလူငယ်တွေက အရမ်းကို သူတို့ရဲ့ ရည်ရွယ်ချက်၊ အိပ်မက်တွေက ပျောက်သွားတယ်။ မရှိတော့သလောက်ရှိတယ်။ စိတ်အတိုင်း စိတ်လိုရာအတိုင်းလိုက်သွားကြတယ်။ စိတ်လေကြတဲ့အခါကျတော့ ဒီလိုလုပ်တာက လူငယ်တွေကို ပြန်ပြီးစုစည်းချင်တာလည်းပါတယ်။ စိတ်ဓာတ်ကျတဲ့လူငယ်တွေ ပိုပြီးတော့မြှင့်တင်ဖို့အတွက်ဖြစ်တယ်“ လို့ ကရင်နီပြည်စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် ပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်သတင်းကိုပြောပါတယ်။

သင်တန်းပြုလုပ်ခဲ့တဲ့ စစ်ရှောင်စခန်းမှာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကစပြီး ပြည်သူ ၁,၀၀၀ ကျော် လာရောက်စစ်ရှောင်နေကြရတာဖြစ်ပြီး လူငယ် ၁၅၀ ဝန်းကျင်ရှိရာမှာ ၁၂၅ ဦး တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ကရင်နီမှာ ကိုဗစ်ကာလကနေစပြီး အခုချိန်ထိ လူငယ်သင်တန်းတွေမကျင်းပဖြစ်တာ လေးနှစ်ဝန်းကျင်ရှိနေတာကြောင့် လူငယ်တွေက စိတ်ပါဝင်စားစွာနဲ့ တက်ရောက်ခဲ့ကြပြီး နောက်ထပ်သင်တန်းတွေပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်တွင်းမှာ စစ်တပ်နဲ့ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူ နှစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံက သိရပါတယ်။

MK – 009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now