မြန်မာ့နွေဦး

ဒီးမော့ဆို အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်၊ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်သား ၁၆ ဦးသေဆုံး

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၁ ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ကြားဖြတ် တိုက်ခိုက်ရာမှာ စုစုပေါင်း စစ်သား ၁၆ ဦး သေဆုံးထားတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်‌ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၁၁

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ကြားဖြတ် တိုက်ခိုက်ရာမှာ စုစုပေါင်း စစ်သား ၁၆ ဦး သေဆုံးထားတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်‌ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဘောလခဲ စစ်ဗျူဟာမှ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဒေါတမကြီးအုပ်စုကို မတ်လ ၇ ရက်က ဦးတည်လာပြီး တောင်ယာခင်းနဲ့ တောင်ယာတဲတွေက လူငယ်နဲ့ အမျိုးသမီး အပါအဝင် ပြည်သူ ၁၄ ဦးကို လမ်းပြ အဖြစ် ဖမ်းဆီးသွားပြီး နောက်တစ်နေ့မှာ အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် ၂ ဦးကို ပြန်လွှတ်ပေးပေမဲ့ အမျိုးသား ၁၁ ဦးကို ဒီကနေ့ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဘောလခဲမြို့ ခမရ (၄၂၉) တပ်ရင်းနဲ့ အမှတ် (၇၇) တပ်မ ထုတ်နှုတ်တပ် အပါအဝင် စစ်ကောင်စီ အင်အား ၂၀၀ ခန့် မတ်လ ၉ ရက်မှာ ဒေါတမကြီးအုပ်စုဖက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းရတာကြောင့် ကျေးရွာ ၇ ရွာက ပြည်သူ ၅,၀၀၀ ခန့် တစ်ကိုယ်စာ ရိက္ခာသာယူနိုင်ပြီး စစ်ဘေးရှောင် စခန်းကို ပြောင်း‌ရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဘောလခဲဘက်က ဆင်းလာတဲ့ စစ်ကြောင်းကို မတ်လ ၁၀ ရက်က ဒေါညေးခူရွာတောင်ဘက်မှာ တစ်ကြိမ်၊ ဒေါတမြေးရွာ အရှေ့ဖက် တောင်ပေါ်ကို တက်လာတဲ့ စစ်ကြောင်းကို တစ်ကြိမ် ကရင်နီ တပ်မတော်က ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးပြီး တစ်ချို့ ထိခိုက်ဒဏ်ရာ ရနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီးမောဆို အရှေ့ခြမ်း၊ ဒေါသဲရွာမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကရင်နီ တပ်မတော်-KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်ကြောင်းတွေဟာ ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ‌ခလရ (၁၂) နန့်စန်၊ ကျိုင်းခမ်းမြို့ အခြေစိုက် ခမရ (၅၁၀) တပ်ရင်း စတဲ့ စစ်ကောင်စီ တပ်ရင်းတွေ ပူးပေါင်းကာ ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ကရင်နီပြည်ဘက် ဆင်းလာတာလို့ လွိုင်လင်မြို့ခံ ရှမ်းအမျိုးသားက မဲခေါင်သတင်းကို ပြောပါတယ်။

“ခိုလမ်မြို့က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (၁၂) ရယ်၊ နန့်စန် ကျိုင်းခမ်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၅၁၀) တပ်ရင်းတွေ ပေါင်းပြီး ကရင်နီ စစ်ဆင်ရေး ပြုလုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်း ကရင်နီပြည်နယ်ဘက် ဆင်းသွားတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ကရင်နီပြည် စစ်ဆင်ရေးနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်ဖို့ ဖေဖော်ဝါရီလ ကတည်းက အင်အားဖြည့်တင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးဆုံးပါက စစ်ဂျက်လေယာဉ်တွေနဲ့ စစ်ဆင်ရေး လုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။

စာရင်းတွေအရ ဒီးမော့ဆို အရှေ့ခြမ်းမှာ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော်ရှိနေပြီး လက်ရှိ စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် နေ့စဉ် စစ်ဘေးရှောင်ဦးရေ မြင့်တက်လာတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်‌ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now