မဲခေါင်၊ စက်တင်ဘာ ၉
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို အကြီးအကျယ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် တရားမဝင်တရုတ်နိုင်ငံသားများကိုလည်း ၎င်းဟိုတယ်တွင် လက်ခံပေးထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်ရာပိုင်ရာတွေကို ပေးကမ်းထားပြီးလုပ်နေတာ။ ပေါ်တင်ပဲ။ တရုတ်တွေကိုလည်း လက်ခံပေးထားတယ်။ ထိုင်းဘက်က ထွက်ပြေးလာတဲ့လူတွေကိုလည်း လက်ခံပြီး ဖုံးပေးထားတယ်။ လူကြီးတွေ အကုန်လုံးကို ပေးကမ်းထားလို့ ဖမ်းရင်တောင် တခြားနယ်က ရဲတွေလာဖမ်းမှ ရမယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းများ၊ တရားမဝင်တရုတ်နိုင်ငံသားများ လုပ်ကိုင်နေသည့် ကျားဖြန့်များကို ဖမ်းဆီးနေသော်လည်း တရုတ်များ အဝင်အထွက်များနေသည့် ဖီးနစ်ဟိုတယ်အမည်ခံ ကာစီနိုလောင်းကစားရုံကိုမူ လွှတ်ထားပေးသည့်အပေါ် ဒေသခံများက ဝေဖန်နေကြခြင်းဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ဖီးနစ်ဟိုတယ်
#ကာစီနို
#တရုတ်လူမျိုး








