နေ့စဥ်သတင်း

ရှမ်းတောင်ထွက် ပန်းဂေါ်ဖီ စျေးကောင်း

မဲခေါင် 15 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်းထွက် သီးနှံအချို့ လတ်တလောတွင် စျေးကောင်းရနေရာ အထူးသဖြင့် ပန်းဂေါ်ဖီထုပ်များ စျေးကောင်းရနေကြောင်းအောင်ပန်းမြို့ ကုန်စိမ်းစျေးကွက်မှ သိရသည်။ ပန်းဂေါ်ဖီ စတင်ပေါ်သည့် သြဂုတ်လကုန်ပိုင်းတွင် ယခင်နှစ်က ပုံမှန်တစ်ပွင့်လျင် ကျပ် ၈၀၀ ခန့်သာရှိသည့် ပန်းပွင့်တစ်ပွင့်ကို ယခု စက်တင်ဘာ ၁၅ရက်နေ့၌ ဝယ်စျေးကျပ် ၃၀၀၀ အထိရောက်ရှိလာကြောင်း အောင်ပန်းကုန်စိမ်းကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။ “အနိမ့်ဆုံးကလက်လီ ၁၅၀၀၊ ၂၀၀၀ ဖြစ်နေပြီ အပွင့်ကြီးက ၃၀၀၀ ပြန်ရောင်းတော့ ၃၂၀၀ ရှိတယ်။ ရန်ကုန်ဆို ၅ ထောင်၊ ၆ ထောင်ရောက်ပြီ။ ဒါတောင် တချို့လမ်းတွေမပွင့်လို့၊ ဒါကလည်း ပန်းပွင့်ကုန်မယ့် နိုဝင်ဘာလောက်ပဲ စျေးတန်းရှိနိုင်မယ်။

မဲခေါင်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်တောင်ပိုင်းထွက် သီးနှံအချို့ လတ်တလောတွင် စျေးကောင်းရနေရာ အထူးသဖြင့် ပန်းဂေါ်ဖီထုပ်များ စျေးကောင်းရနေကြောင်းအောင်ပန်းမြို့ ကုန်စိမ်းစျေးကွက်မှ သိရသည်။

ပန်းဂေါ်ဖီ စတင်ပေါ်သည့် သြဂုတ်လကုန်ပိုင်းတွင် ယခင်နှစ်က ပုံမှန်တစ်ပွင့်လျင် ကျပ် ၈၀၀ ခန့်သာရှိသည့် ပန်းပွင့်တစ်ပွင့်ကို ယခု စက်တင်ဘာ ၁၅ရက်နေ့၌ ဝယ်စျေးကျပ် ၃၀၀၀ အထိရောက်ရှိလာကြောင်း အောင်ပန်းကုန်စိမ်းကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“အနိမ့်ဆုံးကလက်လီ ၁၅၀၀၊ ၂၀၀၀ ဖြစ်နေပြီ အပွင့်ကြီးက ၃၀၀၀ ပြန်ရောင်းတော့ ၃၂၀၀ ရှိတယ်။ ရန်ကုန်ဆို ၅ ထောင်၊ ၆ ထောင်ရောက်ပြီ။ ဒါတောင် တချို့လမ်းတွေမပွင့်လို့၊ ဒါကလည်း ပန်းပွင့်ကုန်မယ့် နိုဝင်ဘာလောက်ပဲ စျေးတန်းရှိနိုင်မယ်။ ပန်းပွင့်ကတစ်ပွင့်ဆို တစ်ပွင့် ဟင်းဖြစ်တယ်လေ”ဟု ၎င်းကုန်သည်က ပြောသည်။

အောင်ပန်းမြို့၊ ဘော်နင်းအုပ်စု၊ ရွာတော်မှ ပန်းဂေါ်ဖီစိုက်တောင်သူတစ်ဦးကလည်း ယခုနှစ်ပန်းပွင့်စျေးကောင်းရ​ပြီး အခင်းပြတ် ကျပ်သိန်း ၈၀ဖြင့် ရောင်းချလိုက်ကြောင်း မဲခေါင်သို့ပြောသည်။

“ရောရာအပွင့် ၁၂၀၀၀ ကို ခင်းပြတ် ကျပ်သိန်း ၈၀နဲ့ ခုရက်ပိုင်းကပဲ ဖြုတ်လိုက်တယ်။ အရင်းက သိန်း ၃၀ကျော်ဆိုတော့ ငွေစျေးအရမဟုတ်ဘဲ ပေါက်စျေးအရ မြတ်တယ်ပြောရမှာပေါ့။ သူ့ရာသီက နိုဝင်ဘာအထိဆိုတော့ ၃လကြာ မှာထပ်ပေါ်မှာဆိုတော့ မမီတော့လို့ ထပ်မစိုက်ဘူး။ စိုက်ရက်တစ်လခွဲသာရှိတဲ့ မုန်ညင်းပဲစိုက်တယ်” ဟု ၎င်းကဆိုသည်။

ပန်းဂေါ်ဖီ စိုက်ပျိုးရာတွင် အရင်းအနေဖြင့် စိုက်ပျိုးရေးမြေဆီစသည့် သွင်းအားစုများ အရ ကုန်​ကျငွေတစ်ပွင့်ကျပ် ၃၀၀ ကျော် ကျသင့်ကြောင်း၊ အခင်းပြတ်ရောင်းစျေး ကျပ် ၆၀၀ ကျော် ရောင်းရသော်လည်း စျေးကွက်တွင် အနိမ့်ဆုံး တစ်ပွင့် ကျပ် ၁၅၀၀ခန့် ဈေးရှိကြောင်း၊ ဝယ်လက်အနေဖြင့် အခင်းပြတ်ဝယ်ယူရာတွင် ၃ပုံ ၁ပုံခန့် အပယ်အဖြစ် ပစ်ရခြင်းကြောင်း ယင်းသို့ ဈေးကွာရခြင်းကြောင်း ပန်းဂေါ်ဖီစိုက်သူများထံမှ သိရသည်။

အခြား တွက်ချေကိုက်နေသည့် သီးနှံများအနက် ရွှေပဲမှာ တစ်ပိဿာလျင် ယခင် ကျပ်၈၀၀၀မှ ယခု ၁၈၀၀၀ ကျပ်အထိ တက်လာပြီး အာလူးမှာလည်း တရုတ်ဘက်အဝင်မရှိသဖြင့် ပြည်တွင်းစိုက် မျက်နီ၊ ဘေဘီလုံ၊ မာကစ်သည့်မျိုးရင်းများ တစ်ပိဿာလျှင် ယခင် ၅၀၀၀ ကျပ်မှ ယခု ကျပ် ၆၅၀၀ အထိ စျေးရနေကြောင်း၊ သို့သော် အအေးခန်းထားနိုင်သည့် တောင်သူများသာ တွက်ချေကိုက်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

တစ်ဖက်တွင်လည်း အထားမခံသည့် ကုန်စိမ်းအများစုမှာမူ အကျဘက်သို့ ဦးတည်နေကြောင်း အောင်ပန်းဈေးကွက်မှ ကုန်သည်တစ်ဦးကပြောသည်။

“ပွဲရုံတွေမှာ ပုံအောနေတာပဲ၊ ရောင်းမထွက်တဲ့ ကုန်စည်တွေ အဖြစ်နဲ့။ အဲ့ဒါတွေ ပျက်စီးသွားရင် တစ်ပြားမှ တောင်သူရော၊ ပွဲစားရော မရတော့ပါ” ဟု ၎င်းကဆိုသည်။

ပွဲရုံတွင် ရှိနေသည့် ကုန်စိမ်းများမှာ ပဲလိပ်ပြာ၊ ဘိုစား၊ မုံညှင်း၊ ငရုပ်စိမ်း၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်ပွ၊ ဂေါ်ရခါးသီး၊ ဖရုံသီး၊ ကျောက်ဖရုံတို့ဖြစ်ကြပြီး တခြားမြို့နယ်များသို့တင်ပို့နိုင်ပါက ဈေးတက်ဈေးရနိုင်ရန် မျှော်လင့်ထားကြသည်။​

မဟာ
#MeKongNews
#ရှမ်းတောင်
#ကုန်စိမ်း
#ပန်းဂေါ်ဖီ
#အောင်ပန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now