နေ့စဥ်သတင်း

အိုးထိမ်းတွင်းရွာ စာသင်ကျောင်းဗုံးကြဲမှုတွင် ပါဝင်သူအားလုံးကို ထိုက်တန်သည့် အပြစ်ပေးရန် စုံစမ်းမည်ဟု NUG ပညာရေးဝန်ကြီးဌာနဆို

မဲခေါင် 13 May - 2025
မဲခေါင်၊ မေ ၁၃ စာသင်ကြားနေသည့် ကလေးငယ် ၂၀ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၆၀ ခန့် ဒဏ်ရာရခဲ့သည့် ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကြောင်း လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် အမိန့်ပေးခဲ့သူများ၊ ကာကယံမြောက်ပါဝင်ခဲ့သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်မောင်းများနှင့် လေကြောင်းတိုက်ခိုက်ရန် စေခိုင်းသူများအား ထိုက်တန်စွာ အပြစ်ပေးနိုင်ရေး စုံစမ်းရှာဖွေသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပညာရေးဝန်ကြီးဌာနက မေလ ၁၂ ရက်နေ့ ညပိုင်းတွင်သတင်းထုတ်ပြန်သည်။ အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ပြီး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်

မဲခေါင်၊ မေ ၁၃

စာသင်ကြားနေသည့် ကလေးငယ် ၂၀ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၆၀ ခန့် ဒဏ်ရာရခဲ့သည့် ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကြောင်း လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် အမိန့်ပေးခဲ့သူများ၊ ကာကယံမြောက်ပါဝင်ခဲ့သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်မောင်းများနှင့် လေကြောင်းတိုက်ခိုက်ရန် စေခိုင်းသူများအား ထိုက်တန်စွာ အပြစ်ပေးနိုင်ရေး စုံစမ်းရှာဖွေသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပညာရေးဝန်ကြီးဌာနက မေလ ၁၂ ရက်နေ့ ညပိုင်းတွင်သတင်းထုတ်ပြန်သည်။

အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ပြီး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်တွင် ကလေးသူငယ်အမြောက်အများစာသင်ကြားနေရာ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင်း အနည်းဆုံး ကလေးငယ် ၂၀ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးကာ အနည်းဆုံး ပြည်သူ ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန်တာဝန်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

အခင်းဖြစ်ပွားရာ နေရာတွင်ရှိနေသည့် CDM ကထိကဆရာမကြီး ဒေါ်ရတီအုန်းက “လက်ရှိကတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသမှုပေးနေတယ်။ ကွယ်လွန်သွားသူတွေရဲ့ စျာပနစီစဥ်နေတယ်။ အမေတွေကတော့ ငိုကြပေါ့။ ကွယ်လွန်သွားတဲ့ ကလေးတွေကရော သူတို့ကွယ်လွန်သွားတာ သိပါ့မလား။ စာတွေပဲဆက်သင်နေကြမလား။ အဲဒါတော့ ကျမလည်း တိတိကျကျ မပြောနိုင်ဘူး” ဟု လက်ရှိအခြေအနေအား မဲခေါင်ကိုပြောသည်။

စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီ၏ ဝါဒဖြန့် မြန်မာ့အသံ အပါအဝင် စစ်တပ်လော်ဘီချန်နယ်များနှင့် စစ်တပ်သြဇာခံ သတင်းသမားများမှ လေကြောင်းတိုက်ခိုက်မှုအား ဖုံးကွယ်ရန် PDF များမှ ဗုံးခွဲခြင်းဖြစ်ကြောင်း သတင်းတုများ ဖြန့်ဝေနေခြင်းအပေါ် စစ်ကောင်စီသည် အစဥ်အမြဲ လိမ်ညာနေကြောင်းနှင့် စစ်ကောင်စီမှ ကျူးလွန်ထားသော သက်သေများရှိကြောင်း မြေပြင်တွင်ရှိနေပြီး ဖြစ်စဉ်အသေးစိတ်သိရှိသူ CDM ကထိက ဆရာမကြီး ဒေါ်ရတီအုန်းက မဲခေါင်ကိုပြောသည်။

“စကစတွေက ဘယ်တုန်းကများ အမှန်တရားကိုပြောဖူးလို့လဲ။ ဒီကိစ္စက လူသက်သေ၊ ပစ္စည်းသက်သေ၊ မျက်မြင်သက်သေ အားလုံး အခိုင်အလုံနဲ့ ရှိနေကြတယ်။ ဘယ်သူကမှတော့ ကိုယ့်သားသမီးကို အရှင်လတ်လတ်သတ်ပြီးတော့မှ လိမ်ညာပြီးပြောနေမှာမဟုတ်ဘူး။ PDF တွေ ဗုံးခွဲတယ်ဆိုတာကို ယုံနေသူတွေကိုလည်း ပြောလိုက်ချင်တယ်။ ကျမတို့တတွေက လူတွေပါလို့ ဘယ်ဘက်ကပဲ ဖြစ်နေပါစေ ကလေးသူငယ်တွေကို ဒီလောက်အောက်တန်းကျကျ လုပ်လောက်တဲ့အထိ ကျမတို့မှာ သတ္တိမရှိပါဘူး” ဟု ၎င်းကဆိုသည်။

ယခုတကြိမ်တိုက်ခိုက်မှုသည် ၂၀၂၃ ခုနှစ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အပြီးတွင် ကလေးသူငယ် သေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်မှု တခုဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြင့်ကြောင်း ကြေညာထားသော်လည်း မေလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုအနည်းဆုံး ၁၀ ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဓာတ်ပုံ – တောကျီးကျန်း
ဂနိုက်
#MeKongNews
#အိုးထိမ်းတွင်း
#ဒီပဲယင်း
#လေကြောင်းတိုက်ခိုက်
#ကလေးသူငယ်
#ဗုံးကြဲ
#စာသင်ကျောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now