နေ့စဥ်သတင်း

အခွန်ဆောင်ခွင့် မပေး၍ ငွေလမ်းခင်းပြီး သယ်ယူရသည့် ဟင်းခတ်အမွှေးကြိုင်နှင့် အချို့မှုန့်များကို အခွန်မဆောင် ဟုဆိုကာ အကောက်အခွန်က ပွဲရုံထဲထိ လိုက်ဖမ်းပြန်

မဲခေါင် 5 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၅ အခွန်ဆောင်ခွင့်မပေးသဖြင့် ဌာနဆိုင်ရာများ တောင်းသမျှ ငွေလမ်းခင်းပြီး တင်သွင်းလာသည့် ဟင်းခတ် အမွှေးကြိုင်နှင့် အချို့မှုန့် ကုန်စည်များကို အခွန်မဆောင် ဟုဆိုကာ စစ်ကောင်စီ၏ အကောက်ခွန်ဌာနက အောင်ပန်းမြို့ ပွဲရုံအချို့ကို ဝင်ရောက် ဖမ်းဆီးသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်အရှေ့ပိုင်း မှတစ်ဆင့် တင်သွင်းလာသည့် တရုတ်နှင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ရောင်းချနေသည့် ပွဲရုံများကို စစ်ကောင်စီ၏ အကောက်ခွန်နှင့် ဌာနဆိုင်ရာများက ဝင်ရောက် စစ်ဆေးကာ ကုန်ပစ္စည်းများကို သိမ်းဆည်းသွားခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ပွဲရုံတွေကို လိုက်စစ်ပြီး သိမ်းသွားတာ ဟင်းခတ်အမွှေးကြိုင်တွေ အချိုမှုန့်တွေကို သိမ်းသွားတာဗျ။ အသိမ်းခံရတဲ့ ပွဲရုံပိုင်ရှင်တွေကတော့ အဖမ်းခံမလားခံ

မဲခေါင်၊ ဇန်နဝါရီ ၅

အခွန်ဆောင်ခွင့်မပေးသဖြင့် ဌာနဆိုင်ရာများ တောင်းသမျှ ငွေလမ်းခင်းပြီး တင်သွင်းလာသည့် ဟင်းခတ် အမွှေးကြိုင်နှင့် အချို့မှုန့် ကုန်စည်များကို အခွန်မဆောင် ဟုဆိုကာ စစ်ကောင်စီ၏ အကောက်ခွန်ဌာနက အောင်ပန်းမြို့ ပွဲရုံအချို့ကို ဝင်ရောက် ဖမ်းဆီးသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်အရှေ့ပိုင်း မှတစ်ဆင့် တင်သွင်းလာသည့် တရုတ်နှင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ရောင်းချနေသည့် ပွဲရုံများကို စစ်ကောင်စီ၏ အကောက်ခွန်နှင့် ဌာနဆိုင်ရာများက ဝင်ရောက် စစ်ဆေးကာ ကုန်ပစ္စည်းများကို သိမ်းဆည်းသွားခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပွဲရုံတွေကို လိုက်စစ်ပြီး သိမ်းသွားတာ ဟင်းခတ်အမွှေးကြိုင်တွေ အချိုမှုန့်တွေကို သိမ်းသွားတာဗျ။ အသိမ်းခံရတဲ့ ပွဲရုံပိုင်ရှင်တွေကတော့ အဖမ်းခံမလားခံ ဝန်ထိုးမလားမေးပြီး ခံဝန်လက်မှတ် ထိုးရတယ်လို့ သိရတယ်ဗျ။ တိုင်တဲ့ လူရှိလို့ ဝင်ဖမ်းတာလား လိုင်းကြေးလိုချင်လို့ ဖမ်းတာလား တစ်ခုခုဖြစ်မယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြော သည်။

ဌာနဆိုင်ရာ အသီးသီးက တောင်းသည့် ငွေပေးကာ သယ်ဆောင် လာသည့် ယင်းကုန်ပစ္စည်းများကို ဇန်နဝါရီ ၁ ရက် မှ ၄ ရက်အထိ လိုက်လံ သိမ်းဆည်းနေခြင်း ဖြစ်သည်ဟု အောင်ပန်းမြို့သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဖမ်းတာကတော့ အခွန်မဆောင်လို့ ဖမ်းတယ်ပြောတာပေါ့။ ဒါပေမယ့် အခွန်ဆောင်ပြီး ဒီပစ္စည်းတွေကို တင်သွင်းမယ် ဆိုပြန်ကျတော့လည်း သူတို့က အခွန်ဆောင်ခွင့် မပေးဘူးလေ။ ဒီဟင်းခတ် အမွှေးကြိုင်တို့ အချိုမှု့န်တို့ ဆိုတာက အောင်ပန်း – မန္တလေးကို နေ့တိုင်း ကားကြီးတွေနဲ့ ဝင်နေတာပဲ။ အခုဟာက အောင်ပန်းပွဲရုံပေါ် ရောက်မှ ဖမ်းတယ်ဆိုတော့ သိပ်မရိုးသားဘူး ထင်တာပဲ”ဟု ၎င်းက ပြောသည်။

ယင်းကုန်များကို တင်သွင်းခွင့် မပြုပါကလည်း နယ်စပ်ဂိတ်များတွင် မဝင်နိုင်အောင် တားဆီးရမည်ဖြစ်ပြီး ယခုကဲ့သို့ အောင်ပန်းမြို့အထိ ရောက်လာပြီးမှ တဖန် ပြန်ဖမ်းဆီးခြင်းသည် ငွေလည်းယူ ပစ္စည်းလည်းယူဆိုသည့် လုပ်ကွက်များဖြစ်သဖြင့် ဌာနဆိုင်ရာများအပေါ် ဝေဖန်မှုများနေသည်။

ယင်းကဲ့သို့ ဖမ်းဆီးခြင်းကြောင့် အောင်ပန်းမြို့ရှိ ပွဲရုံအချို့တွင် တရုတ်နှင့် ထိုင်းနိုင်ငံထုတ် ဟင်းခတ် အမွှေးကြိုင်များ အချို့မှုန့်များကို တင်ပို့ ရောင်းချခြင်း မပြုတော့ကြောင်း ကြေညာထားသည်ကိုလည်း တွေ့ရသည်။

#MeKongNews
#အခွန်ဆောင်ခွင့်
#ငွေလမ်းခင်း
#ဟင်းခတ်အမွှေးကြိုင်
#အချို့မှုန့်
#အကောက်အခွန်
#လိုက်ဖမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now