မဲခေါင်၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည် ဟိုပုံးဈေးထဲတွင် ၂ ကြိမ် ဖုန်းလုယက်ပြီး ဒုတိယအကြိမ်တွင် ဈေး သည်များက ဝိုင်းဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။
“ပထမတစ်ခေါက်က ကလေးငယ် လက်ထဲလုပြေးတာ ဒုတိယတစ်ခေါက်ကျ ဈေးလာသူရဲ့ ဖုန်းကို လုပြေးတော့ လုခံရသူလည်း အော်ပြီး ဈေးသည်တွေ ဝိုင်းဖမ်းတာ။ ဖုန်းလုတဲ့သူက အမျိုးသမီးနော်၊ အသက် ၅ နှစ် ဝန်း ကျင် ကလေးတစ်ယောက်လည်း ပါသေးတယ်။ အရမ်းရဲတင်းတာ ဟိုပုံးဘက်က လူလည်း မဟုတ် ဘူး”ဟု မျက်မြင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းအမျိုးသမီးကို ဟိုပုံးစည်ပင်က လာရောက်ခေါ် ဆောင်သွားပြီး အရေးမယူဘဲ ပြန်လွှတ်ပေးခြင်းကြောင့် မြို့ ခံများက ဝေဖန်နေကြသည်။
ဟိုပုံးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ခိုးဆိုး လုယက်မှုများ မကြာခဏ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ဟိုပုံး
#ဖုန်းလု
#အမျိုးသမီး
#စည်ပင်
#ပြန်လွှတ်








