မဲခေါင်၊ အောက်တိုဘာ ၁၄
ရွှေတြိဂံနယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်အတွင်း၌ အောက်တိုဘာလ ၁၄ရက်က စိတ်ကြွဆေးပြား ၂၅၃ သိန်းနီးပါး (၂၉၂သိန်း ၉သောင်း) အပါအဝင် ကတ်တမင်း ၁၈၄၂ ကီလိုဂရမ်၊ အိုက်စ် ၃၀၀ ကီလိုဂရမ် သယ်ဆောင်လာသည့် ခြောက်ဘီးယာဉ်ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဘော်ကီယိုခရိုင်အတွင်းရှိ နမ့်သွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ဖမ်းမိခဲ့ကြောင်း၊ ၎င်းကို ဘော်ကီယိုခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းရှိ ချင်းခေါင်အရပ်၊ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံကျေးရွာတို့နှင့် နယ်နမိတ်ချင်းထိစပ်နေပြီး ရွှေတြိဂံဒေသအတွင်းပါဝင်သည့် နေရာဖြစ်သည်။
Source – Maesaipress
#MeKongNews
#လာအိုနိုင်ငံ
#ရွှေတြိဂံဒေသ
#စိတ်ကြွဆေးပြား
#မူးယစ်ဆေးဝါး
#ဘော်ကီယိုခရိုင်








