မဲခေါင်၊ ဩဂုတ် ၃၀
ဩဂုတ် ၂၆ ရက်က ထိုင်းနိုင်ငံ မယ်ဟောင်ဆွန်ခရိုင် ဟိုတယ်တစ်ခုအပြင်တွင် ဆိုင်ကယ်နှစ်စီး လမ်းပေါ် ငြိသလိုအနေအထား၌ အသက် ၄၀ အရွယ် ထိုင်းနိုင်ငံသား ဆေးခြောက်အရောင်းဆိုင်ဖွင့် ထားသူ အမျိုးသားက ဒန်းဒီးမြို့နေ ဗြိတိန်သား ပြည်ပခရီးသွားကို သေနတ်ဖြင့် ထုတ်ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ကာတီနန်ပန်တာရက်ခ်ဆိုသော ထိုင်းအမျိုးသားက ဗြိတိန်သားဆေးခြောက်လာဝယ်ရာမှ ရက်ပိုင်းက သိရှိခဲ့ပြီး မိမိထံမှ ပေါင် ၄၀ ဖိုး အကြွေးယူထားကြောင်း၊ သို့သော် အခင်းဖြစ်ပွားမှုမှာ ဆိုင်ကယ်ချင်း ငြိခြင်းကြောင့်မဟုတ်ဘဲ မိမိအား ဦးစွာ လက်သီးဖြင့် ထိုးသောကြောင့် သေနတ်ထုတ်ကာ လက်မောင်း ကို ပစ်မိခြင်းဖြစ်ကြောင်း၊ ပြီးမှ စိုးရိမ်မှုကြောင့် အဆိုပါ ဗြိတိန်သားအား ဖိုင် ဆေးရုံသို့ ကိုယ်တိုင် ပို့ဆောင်ပေးခဲ့ကာ ရဲများမလာမီ ထွက်ပြေးခဲ့ပြီး နေအိမ်တွင် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ယင်းဗြိတိန်သား၏ ဒဏ်ရာသည် မစိုးရိမ်ရဘဲ ဆေးရုံအတွင်း ဒရစ်ချိတ်ရင်းမှ သွားလာလှုပ်ရှားနေ ကာ ဆေးလိပ်ပင် ထွက်သောက်နိုင်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသူသည် ဗီဇာ သက်တမ်းမှာ ဩဂုတ် ၂၂ ရက်တွင် ကုန်ဆုံးနေသော်လည်း အခင်းဖြစ်ပွားချိန်သည် ဩဂုတ် ၂၆ ရက် ရှိနေပြီဖြစ်သဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရဦးမည်ဟု ဆိုသည်။ ဆေးခြောက်ရောင်းသူ ပန်တာရက်ခ်ကိုမူ လူသတ်ရန်ကြံစည်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဗြိတိန်နိုင်ငံသား
#ဆေးခြောက်
#ထိုင်းနိုင်ငံသား
#သေနတ်








