နိုင်ငံရေး

လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး အာဏာသိမ်းစစ်တပ် လက်မခံ

မဲခေါင် 2 Oct - 2022
နေပြည်တော်ဆွေးနွေးပွဲမှာ SSPP ဘက်ကဆွေးနွေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးဆွေးနွေးချက်တွေကို အာဏာသိမ်းစစ်တပ်ဘက်က လက်မခံဘူးလို့ စုံစမ်းသိရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါင်းစဉ်တပ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆွေးနွေးပွဲမှာ SSPP ဘက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးရာမှာ ဒီကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

သူတို့က အရပ်သားအစိုးရအောက်မှာ မနေနိုင်ဘူးပေါ့။ ဗမာပြည်နယ်ဖွဲ့စည်းရေးကိုလည်း လက်မခံဘူး 

လို့ SSPP နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဗမာပြည်နယ်ဖွဲ့စည်းဖို့ အပါအဝင် အချက် ၄ ချက်ကို ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

SSPP နဲ့ စစ်ကောင်စီ လေးရက်တာ ဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဖို့၊ ၁၉၆၁ ခုနှစ်က ပြည်နယ်ပေါင်းစုံညီလာခံမှာ ချမှတ်ခဲ့တဲ့ သဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့၊ အမျိုသားတန်းတူရေးကို ဖော်ဆောင်နိုင်ဖို့အတွက် ဗမာပြည်နယ်ကိုဖွဲ့စည်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတဲ့ အချက် ၄ ချက် ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်ကလည်း အာဏာသိမ်းစစ်တပ်ကဖွဲ့စည်းတဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး SSPP က ၂၀၀၈ ခြေဥမှာ ပြင်ဆင်ရမယ့်အချက်တွေကို ဆွေးနွေးရာမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အားလုံးကို အရပ်သားအစိုးရလက်အောက် ထားရှိဖို့နဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ လက်အောက်မှာ ပြည်နယ်လုံခြုံရေးအဖွဲ့ထားရှိဖို့ SSPP က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆွေးနွေးရာမှာ ပြည်ထောင်စု ဥပဒေပြုရေးမှာ အာဏာတူတဲ့ ဖက်ဒရယ်အထက်လွှတ်တော်နဲ့ ဖက်ဒရယ်အောက်လွှတ်တော်ဆိုပြီး ထားရှိဖို့၊ ပြည်ထောင်စုအုပ်ချုပ်ရေးမှာ ဝန်ကြီးချုပ်ရော၊ သမ္မတပါထားရှိပြီး သမ္မတကို ဖယ်ဒရယ်အထက်လွှတ်တော်က ရွေးချယ်ဖို့နဲ့ ဝန်ကြီးချုပ်ကို ဖက်ဒရယ် အောက်လွှတ်တော်က ရွေးချယ်ဖို့၊ သမ္မတဟာ နိုင်ငံရဲ့အကြီးအကဲဖြစ်သလို စစ်သေနာပတိချုပ်လည်း ဖြစ်ရမှာ ဖြစ်ပြီး ဝန်ကြီးချုပ်က အစိုးရအကြီးအကဲဖြစ်ရမယ်လို့ SSPP က ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

အလားတူ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်အရ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့တွေဟာ စက်တင်ဘာ ၂၆ ရက်က နေပြည်တော်ကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိခဲ့တဲ့ စစ်တပ်တွေဖြစ်ပြီး အခုလက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ နေပြည်တော်ကို သွားရောက်ခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာ အရေးနိမ့်ပြီး အကျပ်အတည်းတွေ့နေလို့သာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးကမ်းလှမ်းတာဖြစ်တယ်လို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ရေး၊ နိုင်ငံရေး တရုတ်ဖိအားရှိတယ်လို့ NUG ဝန်ခံ

မဲခေါင်၊ နိုဝင်ဘာ ၂၆ လက်ရှိ တော်လှန်ရေး အခင်းအကျင်းအရ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ
နိုင်ငံရေး မြန်မာ့နွေဦး

အင်းလေးမှာ ထရန်စဖော်မာကြေး ၃ သိန်းကျပ် ထည့်ဝင်မှ လျှပ်စီးမီး ပြင်ပေးမယ်လို့ဆို

မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကြေးစားကုန်းတောင်ရွာမှာ EPC က ထရန်စဖော်မာကြေး ၇ သောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

တောင်ကြီးတန်ဆောင်တိုင်အတွက် စစ်ကောင်စီ စစ်ဆေးရေးတင်းကျပ်

မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲတော်အတွက် ပြင်ဆင်နေပြီး အစစ်အဆေး တင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လင်းတကုန်းပေါ်မှာ စစ်ကောင်စီတပ်သား ၅ ဦးခန့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

နေမကောင်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြားဆေးကုသခွင့် စစ်ကောင်စီပိတ်ပင်

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးရောဂါကြောင့် ဘာမှ မစားမသောက်နိုင်သလို နေထိုင်မကောင်းဖြစ်နေပေမယ့် ပြင်ပသီးခြားကုသခွင့်တောင်းဆိုမှုကို စစ်ခေါင်းဆောင်တွေက လက်မခံခဲ့ကြောင်း ဗြိတိန် Independent သတင်းဌာနကြီးက ဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ ဦးဟင်နရီဗန်ထီးယူ ကို ပါတီဝင်အဖြစ်က NLD ထုတ်ပယ်

မဲခေါင်၊ သြဂုတ် ၉ ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ဦးဟင်နရီဗန်ထီးယူ ကို အမျိုးသားဒီမိုကရေစီ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး

အင်းစိန်ထောင်မှ အကျဉ်းသား တစ်ထောင်ကျော်လွှတ်မယ်၊ နာမည်ကြီးနဲ့ အဂတိအမှုတွေ မပါ

မဲခေါင်၊ သြဂုတ် ၁ စစ်ခေါင်းဆောင်တည်တဲ့ ဘုရား အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ငြိမ်းပေးမှာဖြစ်ပြီး အင်းစိန်ထောင်မှ အကျဉ်းသား တစ်ထောင်ကျော်ပါဝင်ပေမယ့် နာမည်ကြီးနဲ့ အဂတိအမှုတွေ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေး ထွက်ပေါက်ရဖို့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချနေ

မဲခေါင်၊ ဇူလိုင် ၂၈ စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေးအရ နိုင်ငံတကာမှာ ထွက်ပေါက်ရဖို့ အကျဥ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချ နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

ဝါဆိုလပြည့်နေ့မှာ အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ သတင်းထွက်ပေါ်

မဲခေါင်၊ ဇူလိုင် ၂၈ လာမယ့် ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်နေ့မှာ အကျဉ်းသား ၆,၀၀၀ ဝန်းကျင် လွှတ်ပေးမယ်လို့ သတင်း ထွက်နေပေမယ့် လူစာရင်း အတိအကျ မထွက်သေးဘူးလို့ အကျဥ်းဦးစီးဌာန အရာရှိကြီး တစ်ဦးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now