နိုင်ငံရေး

မဲမသမာမှုကြောင့် အာဏာသိမ်းဟု အကြမ်းဖက်စစ်တပ် အကြောင်းပြခဲ့ပေမယ့် မဲရှုံးခဲ့ကြောင်း ကြံ့ခိုင်ရေး ဥက္ကဋ္ဌဝန်ခံ

မဲခေါင် 4 Oct - 2022
ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့်လည်း NLD ပါတီရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကမူ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း ယနေ့ ပြုလုပ်တဲ့ ပါတီညီလာခံ ပထမနေ့မှာ အတိအလင်း ဝန်ခံလိုက်ပါတယ်။

ပြိုကွဲကျဆုံးသွားအောင် ဘက်ပေါင်းစုံက နည်းမျိုးစုံထိုးနှက် တိုက်ခိုက်နေတဲ့ အခုလိုအချိန်မျိုးမှာ ကြီးလေးတဲ့ ပါတီ တာဝန်များ ထမ်းဆောင်ဖို့ ဆန္ဒမပြုခြင်း အတွက် လုံလောက်တဲ့ အကြောင်းအရင်းတွေ ကျွန်တော့်မှာ ရှိပါတယ်၊ နံပါတ်တစ်က ကျွန်တော်ဟာ တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်တဲ့ တပ်မှူးဖြစ်ပါတယ်၊၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းပါတယ်ခင်ဗျာ၊ နောက်တပ်မှူးများကို အလှည့်ပေးရပါမယ်

လို့ ဦးသန်းဌေးက ဆိုပါတယ်။

နေပြည်တော် ကြံ့ခိုင်ရေးပါတီ ဌာနချုပ်မှာ ယနေ့ပြုလုပ်နေတဲ့ ပါတီ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက NLD ကို ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့တာပါ။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ သတင်းပေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို အကာအကွယ် မပေးနိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အသတ်ခံရသူတွေ အတွက် ကျောက်တိုင် စိုက်ပေးခဲ့ကြောင်း အလေးအနက် ပြောဆိုပါတယ်။

နံပါတ်နှစ်ကတော့ အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် သေဆုံးသွားကြရတဲ့ ကျွန်တော်တို့ပါတီဝင်တွေ ပစ္စည်းဥစ္စာ ဆုံးရှုံးနစ်နာသူတွေကို ပါတီခေါင်းဆောင်အနေနဲ့ လုံလောက် ထိရောက်တဲ့ အကာအကွယ်ကို ကျွန်တော်မပေးနိုင်ခဲ့ပါဘူး၊ ဖြစ်စဉ်များ ဖြစ်ပွားပြီးမှာသာ လုံခြုံတဲ့ နေရာမှာ ခေါ်ဆောင်ထားခြင်း၊ တတ်နိုင်သမျှ ထောက်ပံ့စောင့်ရှောက်ခြင်းများကိုသာ လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ငွေကြေးတန်ဖိုးအားဖြင့် သိန်းကိုးထောင်နီးပါး သုံးစွဲခဲ့ရပြီးဖြစ်ပါတယ်။
အကြမ်းဖက် လုပ်ကြံခြင်း ခံရတဲ့ပါတီဝင်များအတွက် အမှတ်တရ အထိမ်းအမှတ်ကျောက်တိုင်နဲ့ တစ်ဦးချင်း အချက်အလက်များကို ကျောက်ထက်အက္ခရာတင်နိုင်ခဲ့ပါတယ်

၎င်းကဆိုပါတယ်။

ဒီကနေ့ ညီလာခံ ပထမနေ့မှာ ပြည်နယ်နဲ့ တိုင်း အသီးသီးက ဆောင်ရွက်ခဲ့မှုတွေကို အစီရင်ခံကြတာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အပါအဝင် ပါတီ ခေါင်းဆောင်ပိုင်းကို ရွေးချယ်တာ မရှိသေးပဲ မနက်ဖြန်မှ ရွေးချယ်မှာလို့ မဲခေါင်သတင်းရဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။

ဒီနေ့ ဗဟိုအလုပ်အမှုဆောင်တွေရော အကုန်ပေါ့ ရာထူးက တရားဝင် နားတယ်။ မနက်ဖြန် ပြန်ရွေးမယ်။ အရွေးခံရတဲ့သူတွေ သဖက်ခါ ညီလာခံ နောက်ဆုံးနေ့မှာ အတည်ပြုမယ်။ ဥက္ကဋ္ဌလည်း မနက်ဖြန်မှ ရွေးမှာပါ

လို့ ၎င်းက ဆိုပါတယ်။

လတ်တလော သတင်းတွေမှာတော့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ် ဦးခင်ရီနဲ့ အခြား အဓိက ရာထူးတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပည့်တပန်း စစ်ဗိုလ်တွေ ရာထူး ရယူထားတယ်လို့ ဖော်ပြနေပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ကြံ့ခိုင်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိကကျတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ၄၃ နေရာသာ အနိုင်ရခဲ့ပြီး NLD ပါတီကို ခွက်ခွက်လန် ရှုံးခဲ့တာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ရေး၊ နိုင်ငံရေး တရုတ်ဖိအားရှိတယ်လို့ NUG ဝန်ခံ

မဲခေါင်၊ နိုဝင်ဘာ ၂၆ လက်ရှိ တော်လှန်ရေး အခင်းအကျင်းအရ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ
နိုင်ငံရေး မြန်မာ့နွေဦး

အင်းလေးမှာ ထရန်စဖော်မာကြေး ၃ သိန်းကျပ် ထည့်ဝင်မှ လျှပ်စီးမီး ပြင်ပေးမယ်လို့ဆို

မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကြေးစားကုန်းတောင်ရွာမှာ EPC က ထရန်စဖော်မာကြေး ၇ သောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

တောင်ကြီးတန်ဆောင်တိုင်အတွက် စစ်ကောင်စီ စစ်ဆေးရေးတင်းကျပ်

မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲတော်အတွက် ပြင်ဆင်နေပြီး အစစ်အဆေး တင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လင်းတကုန်းပေါ်မှာ စစ်ကောင်စီတပ်သား ၅ ဦးခန့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

နေမကောင်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြားဆေးကုသခွင့် စစ်ကောင်စီပိတ်ပင်

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးရောဂါကြောင့် ဘာမှ မစားမသောက်နိုင်သလို နေထိုင်မကောင်းဖြစ်နေပေမယ့် ပြင်ပသီးခြားကုသခွင့်တောင်းဆိုမှုကို စစ်ခေါင်းဆောင်တွေက လက်မခံခဲ့ကြောင်း ဗြိတိန် Independent သတင်းဌာနကြီးက ဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ ဦးဟင်နရီဗန်ထီးယူ ကို ပါတီဝင်အဖြစ်က NLD ထုတ်ပယ်

မဲခေါင်၊ သြဂုတ် ၉ ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ဦးဟင်နရီဗန်ထီးယူ ကို အမျိုးသားဒီမိုကရေစီ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး

အင်းစိန်ထောင်မှ အကျဉ်းသား တစ်ထောင်ကျော်လွှတ်မယ်၊ နာမည်ကြီးနဲ့ အဂတိအမှုတွေ မပါ

မဲခေါင်၊ သြဂုတ် ၁ စစ်ခေါင်းဆောင်တည်တဲ့ ဘုရား အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ငြိမ်းပေးမှာဖြစ်ပြီး အင်းစိန်ထောင်မှ အကျဉ်းသား တစ်ထောင်ကျော်ပါဝင်ပေမယ့် နာမည်ကြီးနဲ့ အဂတိအမှုတွေ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေး ထွက်ပေါက်ရဖို့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချနေ

မဲခေါင်၊ ဇူလိုင် ၂၈ စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေးအရ နိုင်ငံတကာမှာ ထွက်ပေါက်ရဖို့ အကျဥ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချ နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

ဝါဆိုလပြည့်နေ့မှာ အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ သတင်းထွက်ပေါ်

မဲခေါင်၊ ဇူလိုင် ၂၈ လာမယ့် ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်နေ့မှာ အကျဉ်းသား ၆,၀၀၀ ဝန်းကျင် လွှတ်ပေးမယ်လို့ သတင်း ထွက်နေပေမယ့် လူစာရင်း အတိအကျ မထွက်သေးဘူးလို့ အကျဥ်းဦးစီးဌာန အရာရှိကြီး တစ်ဦးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now