နိုင်ငံရေး

စစ်ကောင်စီ အကျပ်ဆိုက်နေစဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ RCSS ကမ်းလှမ်း

မဲခေါင် 10 Oct - 2022
နိုင်ငံတဝန်း ဝိုင်းဝန်း တိုက်ခိုက်မှုများကြောင့် စစိကောင်စီ အကျပ်ဆိုက်နေစဉ် ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ထုတ်ပြန်ပါတယ်။ လက်ရှိ စစ်ရေး ပဋိပက္ခများကြောင်း ပြည်တွင်း ပြည်ပ စစ်ဘေးရှောင် အများအပြားရှိနေပြီး တိုင်းပြည် စီးပွားရေး ကျဆင်းကာ ပြည်သူလူထု မြေစာပင် ဖြစ်နေရတဲ့ အတွက် တွေ့ဆုံ ဆွေးနွေးပြီး နည်းလမ်းရှာဖို့ လိုအပ်တယ်လို့ RCSS

နိုင်ငံတဝန်း ဝိုင်းဝန်း တိုက်ခိုက်မှုများကြောင့် စစိကောင်စီ အကျပ်ဆိုက်နေစဉ် ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ထုတ်ပြန်ပါတယ်။

လက်ရှိ စစ်ရေး ပဋိပက္ခများကြောင်း ပြည်တွင်း ပြည်ပ စစ်ဘေးရှောင် အများအပြားရှိနေပြီး တိုင်းပြည် စီးပွားရေး ကျဆင်းကာ ပြည်သူလူထု မြေစာပင် ဖြစ်နေရတဲ့ အတွက် တွေ့ဆုံ ဆွေးနွေးပြီး နည်းလမ်းရှာဖို့ လိုအပ်တယ်လို့ RCSS က ဆိုပါတယ်။

RCSS အနေနဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ပေါ်လစီ ချမှတ်ထားပြီး တွေ့ဆုံ ဆွေးနွေးခြင်း အားဖြင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံ‌နိုင်ရေး၊ အထင်မှားမှုများ လျှော့ချနိုင်ရေး၊ နားလည်မှု ရှိရေး၊ ယုံကြည်မှု တည်ဆောက်ရေးနဲ့ လူထု၊ တိုင်းပြည်အကျိုး အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းအားလုံးနဲ့ မဟာမိတ် ဖြစ်လာနိုင်ဖို့၊ စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့ပေမယ့် ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ပြန်လည် တင်ပြဖို့ ရှိ မရှိနဲ့ RCSS ရဲ့ မျှော်လင့်ချက်တွေကို အသေးစိတ် မေးမြန်းနိုင်ဖို့ အတွက် ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပတ်တွေကို မဲခေါင်သတင်း အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုလို RCSS ရဲ့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ SSPP အပါအဝင် တခြား လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ တစ်စုံတရာ တုန့်ပြန်တာမျိုး မရှိသေးသေးပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဖော်ရွေတဲ့ ဆက်ဆံရေးရှိတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ RCSS ဟာ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ရေး၊ နိုင်ငံရေး တရုတ်ဖိအားရှိတယ်လို့ NUG ဝန်ခံ

မဲခေါင်၊ နိုဝင်ဘာ ၂၆ လက်ရှိ တော်လှန်ရေး အခင်းအကျင်းအရ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ
နိုင်ငံရေး မြန်မာ့နွေဦး

အင်းလေးမှာ ထရန်စဖော်မာကြေး ၃ သိန်းကျပ် ထည့်ဝင်မှ လျှပ်စီးမီး ပြင်ပေးမယ်လို့ဆို

မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကြေးစားကုန်းတောင်ရွာမှာ EPC က ထရန်စဖော်မာကြေး ၇ သောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

တောင်ကြီးတန်ဆောင်တိုင်အတွက် စစ်ကောင်စီ စစ်ဆေးရေးတင်းကျပ်

မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲတော်အတွက် ပြင်ဆင်နေပြီး အစစ်အဆေး တင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လင်းတကုန်းပေါ်မှာ စစ်ကောင်စီတပ်သား ၅ ဦးခန့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

နေမကောင်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြားဆေးကုသခွင့် စစ်ကောင်စီပိတ်ပင်

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးရောဂါကြောင့် ဘာမှ မစားမသောက်နိုင်သလို နေထိုင်မကောင်းဖြစ်နေပေမယ့် ပြင်ပသီးခြားကုသခွင့်တောင်းဆိုမှုကို စစ်ခေါင်းဆောင်တွေက လက်မခံခဲ့ကြောင်း ဗြိတိန် Independent သတင်းဌာနကြီးက ဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ ဦးဟင်နရီဗန်ထီးယူ ကို ပါတီဝင်အဖြစ်က NLD ထုတ်ပယ်

မဲခေါင်၊ သြဂုတ် ၉ ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ဦးဟင်နရီဗန်ထီးယူ ကို အမျိုးသားဒီမိုကရေစီ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး

အင်းစိန်ထောင်မှ အကျဉ်းသား တစ်ထောင်ကျော်လွှတ်မယ်၊ နာမည်ကြီးနဲ့ အဂတိအမှုတွေ မပါ

မဲခေါင်၊ သြဂုတ် ၁ စစ်ခေါင်းဆောင်တည်တဲ့ ဘုရား အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ငြိမ်းပေးမှာဖြစ်ပြီး အင်းစိန်ထောင်မှ အကျဉ်းသား တစ်ထောင်ကျော်ပါဝင်ပေမယ့် နာမည်ကြီးနဲ့ အဂတိအမှုတွေ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေး ထွက်ပေါက်ရဖို့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချနေ

မဲခေါင်၊ ဇူလိုင် ၂၈ စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေးအရ နိုင်ငံတကာမှာ ထွက်ပေါက်ရဖို့ အကျဥ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချ နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံရေး မြန်မာ့နွေဦး

ဝါဆိုလပြည့်နေ့မှာ အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ သတင်းထွက်ပေါ်

မဲခေါင်၊ ဇူလိုင် ၂၈ လာမယ့် ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်နေ့မှာ အကျဉ်းသား ၆,၀၀၀ ဝန်းကျင် လွှတ်ပေးမယ်လို့ သတင်း ထွက်နေပေမယ့် လူစာရင်း အတိအကျ မထွက်သေးဘူးလို့ အကျဥ်းဦးစီးဌာန အရာရှိကြီး တစ်ဦးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now