ဆောင်းပါး

အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ အရွေ့ သို့မဟုတ် Sino-SAC အရွေ့

မဲခေါင် 11 Aug - 2023
လင်းမောင် ၂၀၂၁ ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာသမျှကွင်းဆက်ဖြစ်ရပ်တွေကို သေချာလိုက်လေ့လာရင် မြန်မာစစ်တပ်က ကြိုတင်ကြံစည်ပြီး အာဏာသိမ်းတာသေချာသိရမှာဖြစ်သလို ဒီအာဏာသိမ်းမှုကို တရုတ် တစ်နိုင်ငံတည်းက ထောက်ခံ၊ ထောက်ပံ့၊ ပံ့ပိုးခြင်းကနေ သိမ်းခဲ့တာဖြစ်ကြောင်းမြင်သာနေခဲ့ပါပြီ။

လင်းမောင်

၂၀၂၁ ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာသမျှကွင်းဆက်ဖြစ်ရပ်တွေကို သေချာလိုက်လေ့လာရင် မြန်မာစစ်တပ်က ကြိုတင်ကြံစည်ပြီး အာဏာသိမ်းတာသေချာသိရမှာဖြစ်သလို ဒီအာဏာသိမ်းမှုကို တရုတ် တစ်နိုင်ငံတည်းက ထောက်ခံ၊ ထောက်ပံ့၊ ပံ့ပိုးခြင်းကနေ သိမ်းခဲ့တာဖြစ်ကြောင်းမြင်သာနေခဲ့ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာအဖြစ်အပျက်တွေမှာ တာဝန်အရှိဆုံးက တရုတ်ပါပဲ။ မြန်မာစစ်အာဏာရှင်တွေဟာလည်း မြန်မာပြည်မြောက်ပိုင်းဒေသတစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAOs တွေအပေါ် တရုတ်က ဩဇာပိုမိုလွှမ်းမိုးလာတဲ့ လုပ်ဆောင်ချက်တွေကို ပါးစပ်ပိတ်အသံတိတ် နေပေးခဲ့ကြတယ်။ တရုတ်ဘက်က သူတို့ရဲ့ မြောက်မြန်မာဒေသ နိုင်ငံရေးရည်မှန်းချက် လိုဘပြည့်စေဖို့ စစ်အစိုးရ အပေါ် ဖိအားပိုပိုပေးလာပေမယ့် ဘာမှမတတ်နိုင်ဘဲ နုတ်ဆိတ်ပေးနေရတဲ့အဖြစ်မျိုးပါပဲ။

၂၀၂၃ မေလထဲမှာ မကြာသေးခင်က ပြုတ်သွားတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်း မြန်မာနိုင်ငံကိုလာပြီး မင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံခဲ့တယ်။ သူတို့ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလုံး မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအမြစ်တွေဟာ ကြီးစွာသော စိုးရိမ်ပူပန်စရာအခြေအနေဖြစ်လာတယ်။ ခါးပတ်လမ်းမကြီး (BRI) နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC ) စီမံကိန်းတွေဟာ အာဏာသိမ်းပြီးနောက် ပြည်သူတွေနဲ့ EAOs တွေ နိုင်ငံတစ် ဝန်းလက်နက်ဆွဲကိုင်တော်လှန်ကြလို့ လဲပြိုလုဖြစ်ကုန်တယ်။ အထူးသဖြင့် တော်လှန်ရေးဘက်တော်သားတွေ အားကောင်းတဲ့နေရာတွေမှာ ပိုပြီး စိုးရိမ်စရာဖြစ်လာခဲ့တယ်။ စစ်ကောင်စီတပ်သားတွေ အသေအပျောက် ပိုများ သထက်များလာတာ၊ ဘက်ကူးပြောင်းမှုများသထက်များလာတာတွေကိုလည်း ကောင်းကောင်း သိရှိနားလည် ထားတယ်။


ဒီတော့ တရုတ်အစိုးရဟာ အရင်ကတည်းက နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (AA ၊ TLNA နဲ့ MNDAA) တပ်စွဲနေရာတွေကို ကချင်တောင်ပိုင်းနဲ့ စစ်ကိုင်း၊ မကွေးဒေသတွေနဲ့နီးတဲ့နေရာတွေမှာ တပ်စွဲထားဖို့ စေလွှတ်တယ်။ ဒီဒေသတွေဟာ အိန္ဒိယအတွက်လည်း လုံခြုံရေးဆိုင်ရာ ဂယက်တွေကို ထနေစေတဲ့ ဒေသတွေ ဖြစ်တာကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ခွဲထွက်ရေးအဖွဲ့တွေနဲ့ ပါ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံအတွင်း အရှေ့မြောက်ပိုင်းဒေသကိုပါ ချဲ့တွင်စိုးမိုးဖို့ ကြံစည်လာတယ်။ ကောလာဟလ သတင်းတွေအဖြစ် တရုတ်ဟာ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ရွှေလီမှာ ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ ဆက်ဆံရေးရုံးတွေကို ထူထောင်ထားရှိပေးထားတယ်လို့ သိရတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက် နယ်ခြားစည်းဖြစ်တဲ့ အိန္ဒိယနယ်စပ်ကိုပါ ထိန်းချုပ်ဖို့ စီစဉ်လာတယ်။ သူတို့ရဲ့ မဟာစီမံကိန်းကြီး ဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းပြီးစီးလည်ပတ်ဖို့ ဒီလို နယ်မြေတိုးချဲ့စိုးမိုးဖို့ ကြိုးစားလာနေတာလည်းဖြစ် တယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကြီးပြီးရင် ရွှေလီကနေ မန္တလေး အဲဒီကမှ ကျောက်ဖြူအထိသွားမယ့် မီးရထားလမ်းစီမံကိန်းကြီးကို ဆက်အကောင်အထည်ဖော်ဖို့က ဒီလိုနယ်မြေတွေစိုးမိုးနိုင်မှ ဖြစ်တော့မယ်ဆိုတာ တရုတ်အစိုးရက ယုံကြည်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနောက်တံခါးပေါက်အထိပါ ပေါက်ရောက်ဖို့ အိန္ဒိယ ခွဲထွက်ရေးသမား လက်နက်ကိုင်တွေနဲ့ပါ ပူးပေါင်းမှုတွေ လုပ်လာခဲ့တာဖြစ်တယ်။

ဒီအရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တောင် တရုတ်အထူးသံတမန် ဒန်ရှီဂန်းတို့ တွေ့ဆုံဆွေးနွေးလိမ့်မယ် ဆိုတဲ့အကြောင်း ကောလာဟလသတင်းတွေ ထက်ပေါ်လာတယ်။ ဒါဟာ စစ်အစိုးရက တရုတ်ကို ပြည်တွင်းရေး ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်ပြုလိုက်တာကို ရှင်းလင်းပြတ်သားစွာ သက်သေပြတဲ့ ပြယုဂ်မျိုးပဲ။ စစ်အစိုးရရဲ့ လိုအပ်ချက်အတွက်သော်လည်းကောင်း၊ မြန်မာပြည်တွင်းမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစု တွေ ပိုအားကောင်းသထက်ကောင်းလာတဲ့အတွက်သော်လည်းကောင်း တရုတ်သံတမန်ကို ကြားခံပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ ဆွေးနွေးလို့ ထွက်ပေါက်ရှာတာမျိုး ဖြစ်နိုင်ပါတယ်။ တရုတ်အတွက်ရော စစ်ကောင်စီအတွက်ပါ လုံခြုံရေးပူပန်သောကရှိနေတဲ့အနေအထားပါ။ ဒါပေမဲ့ သူတို့ရဲ့ အလိုအပ်ဆုံး ရည်မှန်းချက်က တခြားအကြောင်း တွေပေါ်မှာ စံထားတယ်။ ဒန်ရှီးဂျန်ဟာ လက်ရှိ ပေါက်ရောက်တဲ့ တရုတ်သံတမန်အဖြစ် တာဝန်ထမ်းနေဆဲ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ရော အာဆီယံအရေးမှာပါ သူ့စွမ်းဆောင်မှုတွေက အကျိုးရှိခဲ့တဲ့ သမိုင်းရှိတယ်။ မင်းအောင်လှိုင်နဲ့လည်း တိုက်ရိုက်ဆက်သွယ်လို့ရတဲ့အထိ ပူးပေါင်းထားတယ်။ တစ်ဖက်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို ပိုပြီး သီးခြားဆန်အောင် ပိတ်ဆို့မှုတွေနဲ့ အထီးကျန်သထက်ကျန်အောင် လုပ်နေချိန် စစ်ကောင်စီအတွက်ကတော့ တရုတ်အရိပ်ကို တိုးပြီး ခိုနားရလေဖြစ်လာတယ်။ နိုင်ငံတကာ ဖိအားနဲ့ ဝင်ရောက်စွက်ဖက်မှုကို တန်ပြန်နိုင်ဖို့က သူတို့အတွက် ဒီတစ်လမ်းတည်းရှိတော့တာကိုး။ တရုတ်က သူ့အကျိုး စီးပွားအတွက် နိုင်ငံတကာ မျက်နှာစာမှာ မြန်မာကို အကာအကွယ်ပေးရင်း အကျိုးအမြတ်တွေ ထုတ်ယူမယ်။ အရင်ကတည်းက တရုတ်ကိုမလွန်ဆန်နိုင်၊ အားကိုးရတဲ့ စစ်ကောင်စီဟာ ပိုပြီး မငြင်းသာတဲ့ မှီခိုမှုတွေကို ထပ် လုပ်လာနေရခြင်းဟာ အထက်ဖော်ပြပါ အကြောင်းတရားတွေ ကြောင့်ပါပဲ။

တရုတ်သံတမန်တွေဘက်က မြန်မာ နိုင်ငံရဲ့ နေရာတိုင်းမှာ တံခါးမရှိ ဓားမရှိဝင်ထွက်ခွင့်ရရေးကို သိပ်သဘောကျကြတယ်။ ဒီလိုမှ တခြားနိုင်ငံခြား သံတမန်တွေ လွတ်လပ်စွာမြန်မာနိုင်ငံအတွင်း သွားလာခွင့်ကို တရုတ်ဘက်က ကန့်သတ်နိုင်မယ်။ ဒါကြောင့် တရုတ်နဲ့ မြန်မာစစ်ကောင်စီရဲ့ သူတို့သီးသန့် အကျိုးစီးပွားရှာရေး လုပ်ငန်းစဉ်တွေဟာ ဘယ်သူ့မှ ဂရုမစိုက်ဘဲ လုပ်ခွင့်ရနိုင်မယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ပြီးရင်း တိုးမြှင့်လုပ်ဆောင်လာတယ်။ အထူးသဖြင့် သတ္တုတွင်းနဲ့ စွမ်းအင်ကဏ္ဍမှာ တိုးမြှင့်ရင်းနှီးတယ်။ အရပ်ဘက်ရော ပုဂ္ဂလိကပိုင်းကဏ္ဍတွေမှာပါ တိုးမြှင့်ရင်းနှီးလာတာ။ ကုန်သွယ်မှုသဘောကတော့ သွင်းကုန်၊ ပို့ကုန် အခွန်ငွေတွေ မြန်မာဘက်က ရရှိမှု နည်းသထက်နည်းလာမယ်။ စကစ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုမူဝါဒကြီးအရ မြန်မာဟာ အခွန်အခ ရရှိမှုနည်းသထက်နည်းပြီး တရုတ်ရဲ့ စေစားရာဘ၀ကို ရောက်သွားစေတာမျိုးပါပဲ။ ခေါင်းစဉ်ဖော်ပြပါ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ(Sino Myanmar) အရွေ့ဆိုတဲ့အဓိပ္ပါယ်က တရုတ်- စကစ (Sino – SAC) အရွေ့လို့ သုံးလိုက်တာမျိုးပဲ ပိုထိရောက်သင့်တော်ပါတော့တယ်။

#MeKongNews

#တရုတ်

#Sino-SAC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

မယ်ဆိုင်မြစ် အဆိပ်သင့်ညစ်ညမ်းမှု ပိုဆိုးလာသည့်နောက်ကွယ်မှ “၀” နှင့် မြန်မာစစ်တပ်တို့၏ တက်သုတ်ရိုက် မိုင်းလုပ်ကွက်များ

~ ထက်ခိုင် ~ မြန်မာနိုင်ငံရှိ မယ်ဆိုင်မြစ်ဖျားပိုင်းအနီးတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ အလျင်အမြန် တိုးချဲ့လာနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များနှင့် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်လေ့လာခဲ့သည့်
ဆောင်းပါး

ပြည်ပထွက်ခွာခွင့် တင်းကြပ်မှုအောက်က စိုးရိမ်မှုမြင့်တက်လာရသည့် တရုတ် နည်းပညာလုပ်ငန်းကဏ္ဍ

~ လင်းမောင် ~ နည်းပညာလွှဲပြောင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအတွင်း စည်းမျဉ်းသစ်သည် တရုတ်အင်ဂျင်နီယာများ၊ သုတေသီများနှင့် အမှုဆောင်များ၏ ပြည်ပခရီးသွားလာမှုကို ကန့်သတ်နိုင်ပြီး နိုင်ငံစုံကုမ္ပဏီများအတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China Links Export Control Violations to Exit Bans, Raising Concerns for Tech Industry

~ Linn Maung ~ New regulation could restrict the overseas travel of Chinese engineers, researchers and executives amid technology transfer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဟူသီတွေ ဘာလိုချင်နေသလဲ

~ ဒင်းဒင်း ~ အီရန် ထောက်ခံမှုရထားပြီး ယီမင်နိုင်ငံမှာ လူဦးရေထူထပ်တဲ့ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့က လျင်မြန်တဲ့ ထိုးစစ်တစ်ရပ်နဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ ပင်လယ်နီ ကမ်းရိုးတန်းကို ထိန်းချုပ်လိုက်တာကြောင့် မကြာသေးခင် သီတင်းပတ်တွေမှာ ယီမင်မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မတည့် အတူနေ ကမ္ဘာကြီး

~ CWM ~ စက်တင်ဘာ ဒုတိယပတ်က နယူးဒေလီ BRICS အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့တော့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ မဟုတ်ဘဲ “လက်တွဲဖော်” တွေ ဖြစ်တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Shadow Arsenal: Myanmar as a Testing Ground for Influence and Ammunition

~ Linn Maung ~ The global arms trade has always been a lucrative enterprise, but in recent years it has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ပေကျင်း၏ AI လောင်းကြေး

~ လင်းမောင် ~ ဉာဏ်ရည်တု (AI) ကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပြင်းထန်သော တွန်းအားပေးမှုသည် နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုတစ်ခုသက်သက် မဟုတ်တော့ဘဲ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဉာဏပစ္စည်းခိုးယူမှုမှသည် ချစ်ပ်ပြားမှောင်ခိုကူးမှုများအထိ CCP ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Beijing’s AI Gamble: Power at Any Price

~ Linn Maung ~ China’s aggressive push in artificial intelligence is no longer just a technological rivalry, it is a

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now